ခုနစ်ရက်ကာလကုန်ဆုံးချိန်နီးသောအခါ အာရှနယ်မှယုဒအမျိုးသားအချို့တို့သည် ပေါလုကိုဗိမာန်တော်တွင်တွေ့မြင်ကြ၏။ သူ တို့သည်လူပရိသတ်တို့အားဆွပေးပြီးလျှင် ပေါလုကိုဖမ်းဆီးကြ၏။-
တမန်တော်ဝတ္ထု 26:21 - Common Language Bible ထို့ကြောင့်ယုဒအမျိုးသားတို့သည် အကျွန်ုပ် ကိုဗိမာန်တော်ထဲတွင်ဖမ်းဆီး၍သတ်ရန် ကြိုးစားကြပါ၏။- Garrad Bible ထို အ ကြောင်း ကြောင့် ယု ဒ လူ မျိုး တို့ သည် ဗိ မာန် တော် အ တွင်း ကျွန် တော့် ကို ကိုင် ဖမ်း ၍ သတ် ရန် ကြိုး စား ကြ သော် လည်း၊ Judson Bible ထိုအကြောင်းများကြောင့်၊ ယုဒလူတို့သည် ဗိမာန်တော်၌ အကျွန်ုပ်ကိုဖမ်းဆီး၍ ကွပ်မျက်ခြင်းငှာ အားထုတ်ကြပါ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤအကြောင်းများကြောင့် ဂျူးလူမျိုးတို့သည် အကျွန်ုပ်ကို ဗိမာန်တော်၌ဖမ်းဆီး၍ သတ်ရန်ကြိုးစားခဲ့ကြသည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ဟောပြောသည့်အတွက် ဂျူးတို့သည် အကျွန်ုပ်ကို ဗိမာန်တော်ထဲ၌ ဖမ်းဆီး၍ သတ်ရန်ကြိုးစားကြ၏။ |
ခုနစ်ရက်ကာလကုန်ဆုံးချိန်နီးသောအခါ အာရှနယ်မှယုဒအမျိုးသားအချို့တို့သည် ပေါလုကိုဗိမာန်တော်တွင်တွေ့မြင်ကြ၏။ သူ တို့သည်လူပရိသတ်တို့အားဆွပေးပြီးလျှင် ပေါလုကိုဖမ်းဆီးကြ၏။-
လူတို့သည်ဤမျှကြာအောင်နားထောင်နေ ကြပြီးနောက် ဤသို့ပေါလုပြောဆိုသည်ကို ကြားသောအခါ ``ဤသူအားကမ္ဘာမြေကြီး ပေါ်မှသုတ်သင်ပယ်ရှင်းလော့။ သူ့အားသတ် လော့။ သူသည်အသက်ရှင်ရန်မသင့်'' ဟု အသံကုန်ဟစ်အော်ကြ၏။-
သူတို့သည်ပေါလုကိုလမ်းတွင်ချောင်းမြောင်း ၍သတ်ရန် လျှို့ဝှက်ကြံစည်ထားကြပြီးဖြစ် ပေသည်။ သို့ဖြစ်၍မိမိတို့အားကျေးဇူးပြု သည့်အနေဖြင့် ပေါလုကိုယေရုရှလင်မြို့ သို့ခေါ်ဆောင်ပေးရန်ဖေတ္တုအားမေတ္တာရပ်ခံ ကြ၏။-