ထိုအပြင်မင်းကြီးနှင့်မှူးမတ်တို့ထုတ်ပြန် ကြေညာသည့်အမိန့်များကိုလိုက်နာသော အားဖြင့် လူတို့သည်တညီတညွတ်တည်း အလိုတော်ကိုလိုက်လျှောက်စေရန် ဘုရားသခင်သည်ယုဒပြည်သူတို့၏စိတ်ကိုပြု ပြင်ပေးတော်မူ၏။
တမန်တော်ဝတ္ထု 10:33 - Common Language Bible ထိုကြောင့်အကျွန်ုပ်သည်ချက်ချင်းပင်အရှင် ၏ထံသို့လူလွှတ်ခဲ့ပါသည်။ အရှင်ကြွလာ သည့်အတွက်ကျေးဇူးကြီးလှပါ၏။ ကိုယ်တော် အားဖြင့်ထာဝရဘုရားမိန့်တော်မူသမျှ သောစကားတော်တို့ကိုကြားနာရန် အကျွန်ုပ် တို့သည်ဘုရားသခင်၏ရှေ့တော်မှောက်သို့ ရောက်ရှိနေကြပါပြီ'' ဟုပြောဆို၏။ Garrad Bible ကိုယ် တော့် ထံ ချက် ချင်း လူ လွှတ် လိုက် ရာ ရောက် လာ တော် မူ သည် မှာ ကျေး ဇူး ကြီး လှ ပါ သည်။ ကိုယ် တော့် အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သ မျှ ကို ကြား နာ ရန် ကျွန် တော် အ ပေါင်း တို့ သည် ဘု ရား သ ခင့် မျက် မှောက် တော် တွင် ယ ခု ရှိ နေ ကြ ပါ သည် ဟု ပြန် လျှောက်၏။ Judson Bible ထိုကြောင့် အကျွန်ုပ်သည် ကိုယ်တော်ထံသို့ အလျင်အမြန်စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောအားဖြင့် ကောင်းမွန်စွာပြုပါပြီ။ သို့ဖြစ်၍ ဘုရားသခင်သည် ကိုယ်တော်၌မှာထားတော်မူသမျှကို နားထောင်ခြင်းငှာ၊ ယခုအကျွန်ုပ်တို့ရှိသမျှသည် ဘုရားသခင်ရှေ့တော်၌ အသင့်နေကြပါသည်ဟု ကော်နေလိ ပြောဆို၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ အကျွန်ုပ်သည် သင့်ထံသို့ ချက်ချင်းလူလွှတ်ခဲ့ပါသည်။ သင်သည်လည်း ကြွရောက်လာသောကြောင့် ကျေးဇူးတင်ပါသည်။ ယခု အကျွန်ုပ်တို့အားလုံးသည် သင့်အား သခင်ဘုရားမိန့်မှာတော်မူသမျှတို့ကို ကြားနာရန် ဘုရားသခင်ရှေ့တော်၌ ရှိနေကြပါသည်”ဟု ဆိုလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ကျွန်ုပ်သည် သင့်ထံသို့ ချက်ချင်းပင် လူလွှတ်၍ခေါ်ရာ သင်ရောက်ရှိလာသည်မှာ ကောင်းမွန်လှ၏။ သို့ဖြစ်၍ သင့်အားဖြင့် သခင်ဘုရားမိန့်တော်မူသမျှကို နားထောင်ရန် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ရှေ့တော်မှောက်တွင် အသင့်ရှိနေကြပါသည်” ဟု ဆိုလေ၏။ |
ထိုအပြင်မင်းကြီးနှင့်မှူးမတ်တို့ထုတ်ပြန် ကြေညာသည့်အမိန့်များကိုလိုက်နာသော အားဖြင့် လူတို့သည်တညီတညွတ်တည်း အလိုတော်ကိုလိုက်လျှောက်စေရန် ဘုရားသခင်သည်ယုဒပြည်သူတို့၏စိတ်ကိုပြု ပြင်ပေးတော်မူ၏။
သမ္မာသတိရှိသောသူ၏ စိတ်နှလုံးသည် ပညာ အတတ်ကို သိုထားတက်၏။ ပညာရှိသော သူ၏နားသည် လည်း၊ ပညာစကားကို ရှာတတ်၏။
ဤကလေးသူငယ်ကဲ့သို့စိတ်နှိမ့်ချသူသည် ကောင်းကင်နိုင်ငံတော်တွင်အကြီးမြတ်ဆုံး ဖြစ်လိမ့်မည်။-
သို့ရာတွင်အမြင့်ဆုံးသို့ရောက်နေသူအများ သည်အနိမ့်ဆုံးသို့ရောက်ကြလိမ့်မည်။ အနိမ့် ဆုံးသို့ရောက်နေသူအများသည်အမြင့်ဆုံး သို့ရောက်ကြလိမ့်မည်။
အမှန်အကန်ငါဆိုသည်ကားကလေးသူငယ် နည်းတူ ဘုရားသခင်၏အုပ်စိုးတော်မူခြင်းကို လက်မခံသောသူသည် နိုင်ငံတော်သို့ဝင်ရလိမ့် မည်မဟုတ်'' ဟုမိန့်တော်မူ၏။-
သို့ဖြစ်၍ယုပ္ပေမြို့သို့လူလွှတ်၍ရှိမုန်ပေတရု ဟုခေါ်သောသူကိုပင့်လော့။ သူသည်ပင်လယ်ကမ်း အနီးရှိသားရေနယ်သမားရှိမုန်၏အိမ်တွင် တည်းခိုလျက်နေ၏' ဟုမြွက်ဆိုပါ၏။-
ထိုအခါပေတရုက ``အကယ်စင်စစ်ဘုရား သခင်သည်မျက်နှာကြီးငယ်ထောက်တော် မမူကြောင်းကို ယခုငါသိရှိနားလည်လာ ၏။-
နိဂုံးချုပ်အနေဖြင့်ပေါလုက ``သို့ဖြစ်၍ ကယ်တင်တော်မူခြင်းဆိုင်ရာဘုရားသခင်၏ ကယ်တင်ခြင်းတရားကို လူမျိုးခြားတို့ကြား နာရန်ဟောပြောမည့်သူတို့ကိုစေလွှတ်ပြီဖြစ် ၍ သူတို့သည်ကြားနာကြလိမ့်မည်ဖြစ်ကြောင်း သင်တို့သိမှတ်ကြလော့'' ဟုဆို၏။
အဘယ်သူမျှမိမိကိုယ်ကိုမလှည့်စားစေနှင့်။ လောကီစံနှုန်းအရမိမိကိုယ်ကိုပညာရှိ သည်ဟုထင်မှတ်သောသူသည် အမှန်ပင်ပညာ ရှိဖြစ်လာစေရန်လူမိုက်ဖြစ်ပါစေ။-
ငါ၏ကျန်းမာရေးအခြေအနေကြောင့်သင်တို့ အတွက်အနှောင့်အယှက်ဖြစ်သော်လည်း သင်တို့ သည်ငါ့ကိုအထင်အမြင်မသေးကြ။ မပစ် ပယ်ကြ။ ငါသည်ဘုရားသခင်၏ကောင်းကင် တမန်တစ်ပါးဖြစ်သကဲ့သို့လည်းကောင်း၊ ခရစ် တော်ယေရှုအားကြိုဆိုသကဲ့သို့လည်းကောင်း သင်တို့ကငါ့အားကြိုဆိုလက်ခံကြ၏။-
သင်တို့က`အကျွန်ုပ်တို့သည်ပညတ်တရား တော်ကိုကြားနာစောင့်ထိန်းနိုင်ရန် အဘယ် သူသည်သမုဒ္ဒရာကိုဖြတ်ကူး၍အကျွန်ုပ် တို့ထံသို့ယူဆောင်ခဲ့ပါမည်နည်း' ဟူ၍ မေးမြန်းရလောက်အောင်သမုဒ္ဒရာတစ် ဖက်စွန်း၌ရှိသည်မဟုတ်။-
ဘုရားသခင်၏ကျေးဇူးတော်ကို အခါမလပ် ငါတို့ချီးမွမ်းကြသည့်အခြားအကြောင်း တစ်ရပ်မှာ ငါတို့သည်သင်တို့အားဟောပြော သောဘုရားသခင်၏တရားတော်ကိုလူ့ တရားမဟုတ်ဘဲ ဘုရားသခင်၏တရား တော်အမှန်ဖြစ်သည်နှင့်အညီသင်တို့ ကြားနာခံယူကြ၏။ အဘယ်ကြောင့်ဆို သော်ဘုရားသခင်သည် ယုံကြည်သူသင် တို့၏စိတ်နှလုံးကိုပြုပြင်လျက်ရှိတော် မူသောကြောင့်တည်း။-
ချစ်သောညီအစ်ကိုတို့၊ ဤအချက်ကိုမှတ် သားထားကြလော့။ သင်တို့အားလုံးသည် ကြားနာမှုတွင်လျင်မြန်ကြစေ။ ပြောဆို မှုနှင့်အမျက်ထွက်မှုတွင်မူနှေးကြစေ။-
သို့ဖြစ်၍သင်တို့သည်ညစ်ညမ်းသည့်အလေ့ အထနှင့်ဆိုးယုတ်သည့်အကျင့်မှန်သမျှတို့ ကိုပယ်ရှားကြလော့။ သင်တို့၏စိတ်အတွင်း ၌ဘုရားသခင်သွင်းပေးတော်မူသောတရား တော်သည် သင်တို့ကိုကယ်တင်နိုင်၏။ တရား တော်ကိုသိမ်မွေ့စွာခံယူကြလော့။