သူ့အားကောင်းကင်တမန်တို့ထက်သာ နိမ့်ကျစေတော်မူလျက် သူ့အားဘုန်းအသရေကိုလည်းကောင်း၊ ဂုဏ်အသရေကိုလည်းကောင်းချီးမြှင့်တော် မူ၏။
ဇာခရိ 12:8 - Common Language Bible ထိုကာလ၌ယေရုရှလင်မြို့တွင်နေထိုင် သူလူတို့အား ထာဝရဘုရားသည်ကွယ် ကာစောင့်ထိန်းတော်မူလိမ့်မည်။ သို့ဖြစ်၍ သူတို့အနက်အင်အားအချိနဲ့ဆုံးသော သူများပင်လျှင် ဒါဝိဒ်ကဲ့သို့ကြံ့ခိုင်၍ လာလိမ့်မည်။ ဒါဝိဒ်၏သားမြေးများသည် ထာဝရဘုရား၏ကောင်းကင်တမန်ကဲ့ သို့လည်းကောင်း၊ ဘုရားသခင်ကိုယ်တော် တိုင်ကဲ့သို့လည်းကောင်းသူတို့အားဦး စီးခေါင်းဆောင်ပြုလိမ့်မည်။- Garrad Bible ယေ ရု ရှ လင် မြို့ သား တို့ ကို ကွယ် ကာ မည် ဖြစ်၍၊ နုန့် နဲ့ သူ တို့ သည် ဒါ ဝိဒ် မင်း ကဲ့ သို့ လည်း ကောင်း၊ ဒါ ဝိဒ် မင်း မျိုး သည် ဘု ရား သ ခင် ကဲ့ သို့၊ ဦး တည် သော ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် ကဲ့ သို့လည်း ကောင်း၊ ဖြစ် ကြ လ တ္တံ့။ Judson Bible ထိုကာလ၌ ထာဝရဘုရားသည် ယေရုရှလင်မြို့သားတို့ကို ကွယ်ကာ စောင့်မတော်မူသဖြင့်၊ အားနည်းသောသူသည် ထိုကာလ၌ ဒါဝိဒ်မင်းကဲ့သို့လည်းကောင်း၊ ဒါဝိဒ်မင်းမျိုးသည် ဘုရားသခင် ကဲ့သို့လည်းကောင်း သူတို့ရှေ့မှာ ထာဝရဘုရား၏ ကောင်းကင်တမန် ကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်တွင် ထာဝရဘုရားသည် ဂျေရုဆလင်မြို့သားတို့ကို ကာကွယ်မည်။ ထိုနေ့ရက်၌ သူတို့တွင် အားနည်းသောသူသည် ဒါဝိဒ်မင်းကြီးကဲ့သို့ဖြစ်မည်။ ဒါဝိဒ်အမျိုးအနွယ်သည် သူတို့အဖို့ ဘုရားသခင်ကဲ့သို့လည်းကောင်း၊ ထာဝရဘုရား၏ကောင်းကင်တမန်ကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ |
သူ့အားကောင်းကင်တမန်တို့ထက်သာ နိမ့်ကျစေတော်မူလျက် သူ့အားဘုန်းအသရေကိုလည်းကောင်း၊ ဂုဏ်အသရေကိုလည်းကောင်းချီးမြှင့်တော် မူ၏။
သင်တို့သည်ဘုရားများဖြစ်ကြောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရား၏ သားများ ဖြစ်ကြောင်းကိုငါဖော်ပြခဲ့၏။
ဣသရေလအမျိုးသားတို့၏ရှေ့ကကြွ သွားသော ဘုရားသခင်၏ကောင်းကင်တမန် သည်အနောက်ဘက်သို့နေရာပြောင်း၍လိုက် ပါလာ၏။ သူတို့၏အရှေ့၌ရှိသောမိုးတိမ် တိုင်သည်လည်း အနောက်ဘက်သို့နေရာ ပြောင်းသဖြင့်၊-
သင်တို့အားလမ်းပြရန်ကောင်းကင်တမန် ကိုငါစေလွှတ်မည်။ ခါနာန်အမျိုးသား၊ အာ မောရိအမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဖေရဇိ အမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိ အမျိုးသားတို့ကိုငါနှင်ထုတ်မည်။-
လသည်နေတမျှထွန်းလင်းတောက်ပလျက် နေသည်လည်း ခုနစ်စင်းပြိုင်တူထွက်သကဲ့ သို့ ခါတိုင်းထက်ခုနစ်ဆထွန်းလင်းတောက်ပ လိမ့်မည်။ ကိုယ်တော်သည်မိမိ၏လူမျိုးတော် ရရှိခဲ့သည်ဒဏ်ရာဒဏ်ချက်များကိုအဝတ် နှင့်ပတ်စည်း၍ အနာများကိုကုသပျောက် ကင်းစေတော်မူသောအခါ၊ ဤအမှုအရာ အပေါင်းသည်ဖြစ်ပျက်၍လာလိမ့်မည်။
ထာဝရဘုရားက``သိုးထိန်းတို့သည်အဘယ် မျှပင်ငေါက်ငန်းအော်ဟစ်ကြသော်လည်း သား ကောင်ကိုကိုက်သတ်ထားသည့်ခြင်္သေ့ကိုချောက် လှန့်၍မရနိုင်သကဲ့သို့၊ ဇိအုန်တောင်ကိုကာ ကွယ်စောင့်ရှောက်နေသည့် အနန္တတန်ခိုးရှင်ငါ ထာဝရဘုရားအားလည်းအဘယ်အရာ ကမျှဟန့်တားပိတ်ပင်နိုင်လိမ့်မည်မဟုတ်။-
ငါတို့ပြည်တွင်နေထိုင်ကြသူအပေါင်းတို့ သည်ဖျားနာပါသည်ဟူ၍ အဘယ်အခါ၌ မျှညည်းညူရကြလိမ့်မည်မဟုတ်။ အပြစ် ရှိသမျှမှလည်းဖြေလွှတ်ကြလိမ့်မည်။
လူမျိုးတကာတို့၏ရွံရှာမုန်းတီးခြင်းကို များစွာခံရ၍၊ မင်းဆိုးမင်းညစ်တို့၏အစေခံဖြစ်သူအား၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် သည့် ဘုရားသခင်၊ကယ်တင်ရှင်က၊ ``ပြည်ရှင်မင်းတို့သည်သင့်အားလွတ်မြောက် စေပြီးလျှင် ထ၍အရိုအသေပေးကြလိမ့်မည်။ မင်းညီမင်းသားများသည်လည်းသင့်ကိုမြင်၍၊ ဦးညွှတ်ပျပ်ဝပ်ကာအလေးပြုကြလိမ့်မည်။'' အဘယ်ကြောင့်ဆိုသော်၊ကတိတည်တော်မူသော ထာဝရဘုရားတည်းဟူသော၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် တော်မူသောဘုရားသခင်သည်၊ သင့်ကိုရွေးချယ်ခန့်ထားတော်မူပြီ ဖြစ်သောကြောင့်တည်းဟုမိန့်တော်မူပါ၏။
ငါတို့သည်သူ့အားစက်ဆုတ်ရွံရှာ၍ပစ်ပယ် ထားကြ၏။ သူသည်ဆင်းရဲဒုက္ခနှင့်ဝေဒနာကိုခံရ၏။ သူ့ကိုလှည့်၍ပင်ကြည့်မည့်သူတစ်ဦး တစ်ယောက်မျှမရှိ။ ငါတို့သည်သူ့အားတန်ဖိုးမဲ့သူအလား လျစ်လူရှု၍ထားကြ၏။
သူတို့ကိုကယ်တင်သူမှာကောင်းကင်တမန် မဟုတ်။ ထာဝရဘုရားကိုယ်တိုင်ဖြစ်တော် မူ၏။ ကိုယ်တော်သည်မေတ္တာကရုဏာတော် ရှိသည့်အတိုင်းသူတို့အားကယ်တင်တော် မူ၏။ အတိတ်ကာလ၌ကိုယ်တော်သည်သူ တို့အားအစဉ်အမြဲကြည့်ရှုစောင့်ရှောက် တော်မူခဲ့သော်လည်း၊-
သူတို့သည်သင်တို့အားလိမ်လည်ဟောပြော လျက်နေကြ၏။ ထို့ကြောင့်သင်တို့သည်မိမိ တို့ပြည်မှရပ်ဝေးသို့ခေါ်ဆောင်ခြင်းကိုခံရ လိမ့်မည်။ ငါသည်လည်းသင်တို့ကိုနှင်ထုတ် မည်။ သင်တို့သည်သေကြေပျက်စီးကြလိမ့် မည်။-
ငါသည်ယုဒပြည်သားတို့ကိုမူကား သနားကြင်နာဦးမည်။ သူတို့၏ဘုရားသခင်ငါထာဝရဘုရားသည်သူတို့ အားကယ်တင်မည်။ သို့ရာတွင်စစ်တိုက် ခြင်းအားဖြင့်လည်းကောင်း၊ လေး၊ မြား၊ ဋ္ဌား၊ မြင်း၊ မြင်းတပ်အားဖြင့်လည်းကောင်းသူ တို့အားကယ်တင်မည်မဟုတ်။
သူတို့၏ဘိုးဘေးဖြစ်သောယာကုပ်သည် အမိဝမ်းတွင်း၌ရှိစဉ်ကပင် အမြွှာအစ်ကို ဧသောနှင့်ရန်ဘက်ပြုခဲ့၏။ ယာကုပ်သည် ကြီးပြင်းလာသောအခါ ဘုရားသခင်ကို ဆန့်ကျင်၍ရန်ဘက်ပြုခဲ့၏။-
သို့ရာတွင်ဣသရေလပြည်သားတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့လည်းကောင်း၊ သူတို့၏ဘုရင် ဒါဝိဒ်မင်း၏အဆက်အနွယ်ထံသို့လည်း ကောင်းပြန်လာမည့်အချိန်ကျရောက်လိမ့် မည်။ ထိုအခါသူတို့သည်ထာဝရဘုရား အားကြောက်ရွံ့ရိုသေကြလိမ့်မည်။ ကိုယ် တော်သည်လည်းသူတို့အားကောင်းချီး မင်္ဂလာကိုချပေးတော်မူလိမ့်မည်။
`သင်တို့သည်ထွန်သွားများကိုဋ္ဌား အဖြစ်သို့လည်းကောင်း၊ တံစဉ်များကိုလှံအဖြစ်သို့လည်းကောင်း ထုလုပ်ကြလော့။ အားအင်ချည့်နဲ့သောသူများပင်လျှင် စစ်ပွဲဝင်ကြရပေမည်။
သင်တို့ဘက်မှလူငါးယောက်သည်ရန်သူတစ်ရာ ကိုလည်းကောင်း၊ သင်တို့ဘက်မှလူတစ်ရာသည် ရန်သူတစ်ထောင်ကိုလည်းကောင်း နှိမ်နင်းအောင် မြင်လိမ့်မည်။-
တောသားရဲများထဲသို့ရောက်ရှိနေသော ခြင်္သေ့ကဲ့သို့လည်းကောင်း၊ သိုးအုပ်ထဲသို့ရောက် ရှိနေသောခြင်္သေ့ပျိုကဲ့သို့လည်းကောင်း အသက် မသေဘဲကျန်ရစ်ခဲ့သောဣသရေလအမျိုး သားတို့သည်အခြားလူမျိုးများထဲတွင် ရောက်ရှိနေလိမ့်မည်။ ခြင်္သေ့သည်သိုးအုပ်ထဲ သို့ဝင်၍ သိုးများကိုအုပ်ဖမ်းလျက်အပိုင်း ပိုင်းကိုက်ဖြတ်မည်ဖြစ်ရာ၊ မည်သူကမျှ ကယ်နိုင်မည်မဟုတ်။-
နိုင်ငံတကာတို့သည်အင်အားကြီးသော် လည်း ထိုအမှုအရာများကိုမြင်၍ကြောက် ရွံ့ထိတ်လန့်ကြသဖြင့် မိမိတို့၏ပါးစပ် နှင့်နားများကိုပိတ်ထားကြလိမ့်မည်။-
ငါတို့၏ရန်သူတို့၊ ငါတို့၏အပြစ်အခြေ အနေကြောင့် ဝမ်းမြောက်ဝမ်းသာမဖြစ်ကြ နှင့်။ ငါတို့လဲကျသော်လည်းနောက်တစ်ဖန် ထဦးမည်။ ယခုအခါငါတို့သည်အမှောင် ထဲ၌နေထိုင်ရသော်လည်း ထာဝရဘုရား သည်ငါတို့အပေါ်သို့အလင်းရောင်သက် ရောက်စေတော်မူလိမ့်မည်။-
ဣသရေလအမျိုးသားတို့သည်စစ်သည်သူရဲ များကဲ့သို့ ကြံ့ခိုင်လျက်စပျစ်ရည်သောက်သူများကဲ့သို့ ပျော်ရွှင်လျက်နေလိမ့်မည်။ သူတို့၏သားမြေးများသည်ဤအောင်ပွဲကို ပြန်လည်သတိရကာ ထာဝရဘုရားပြုတော်မူခဲ့သည့်အမှု တော်အတွက် ဝမ်းမြောက်ကြလိမ့်မည်။
ထာဝရဘုရားသည်မိမိကိုယ်တော်တိုင်မြို့ ပတ်လည်တွင် မီးတံတိုင်းအဖြစ်တည်ရှိလျက် ဘုန်းအသရေတော်အပေါင်းနှင့်တကွ ထိုမြို့ တွင်စံနေတော်မူမည်ဖြစ်ကြောင်းကတိထား တော်မူလေပြီ'' ဟုဆို၏။
ထာဝရဘုရားသည်မိမိလူမျိုးတော်ရှိရာ အရပ်သို့ ကြွလာတော်မူ၍မြားတော်တို့ကိုလျှပ်စစ်ပြက် သကဲ့သို့ပစ်လွှတ်တော်မူလိမ့်မည်။ ထာဝရဘုရားသည်တံပိုးခရာမှုတ်တော်မူ၍ တောင်အရပ်မှလာသည့်လေမုန်တိုင်းနှင့်အတူ ချီတက်တော်မူလိမ့်မည်။
ငါသည်မိမိ၏ပြည်တော်ကိုအဘယ်တပ် မျှဖြတ်သန်း၍ မသွားနိုင်စေရန်ကာကွယ် စောင့်ထိန်းမည်။ မင်းဆိုးမင်းညစ်တို့အားလည်း ငါ၏လူမျိုးတော်ကိုညှင်းပန်းနှိပ်စက်ခွင့် ပြုတော့မည်မဟုတ်။ ငါ၏လူတို့ဒုက္ခခံစား ခဲ့ရသည်ကိုငါမြင်တော်မူပြီ'' ဟုမိန့် တော်မူပါ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ သည်မိမိ၏တမန်တော်ကိုစေလွှတ်၍ ငါ့ အဖို့လမ်းခရီးကိုပြင်ဆင်စေမည်။ ထို နောက်သင်တို့စောင့်မျှော်နေသောထာဝရ ဘုရားသည် မိမိ၏ဗိမာန်တော်သို့ကြွလာ တော်မူလိမ့်မည်။ သင်တို့စောင့်မျှော်နေသော တမန်တော်သည်လာ၍ ငါ၏ပဋိညာဉ်တော် ကိုဖော်ပြကြေညာလိမ့်မည်'' ဟုမိန့်တော် မူ၏။
ဗျာဒိတ်တော်ကား ``အပျိုကညာသည်ကိုယ်ဝန် ဆောင်၍သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထို သားကိုဧမာနွေလ ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟူ၍ဖြစ်သတည်း။
သူတို့သည်ဟေဗြဲအမျိုးသားဘိုးဘေး များမှဆင်းသက်လာသူများတည်း။ ခရစ် တော်သည်လူ့ဇာတိအားဖြင့်ထိုသူတို့၏ အမျိုးအနွယ်ပင်ဖြစ်ပေသည်။ ခပ်သိမ်းသော အရာတို့ကိုအစိုးရတော်မူသောဘုရား သခင်သည်ထာဝစဉ်မင်္ဂလာရှိတော်မူပါ စေသတည်း။ အာမင်။
ငါတို့၏ဘာသာတရားတော်နက်နဲပုံကို အဘယ်သူမျှငြင်းဆို၍မရပေ။ ထိုနက်နဲ ပုံကားအောက်ပါအတိုင်းဖြစ်သည်။ ကိုယ်တော်သည်ကိုယ်ခန္ဓာ၌ပေါ်ထွန်းတော်မူ ပြီ။ ဟုတ်မှန်တော်မူကြောင်းကိုဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ။ ကောင်းကင်တမန်များသည်ကိုယ်တော်ကို ရှုမြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းတော်ကို လူမျိုးတကာတို့အားကြေညာပြီ။ ကမ္ဘာပေါ်ရှိလူတို့သည်ယုံကြည်ကြပြီ။ ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော် မူပြီ။
ပြင်းထန်စွာတောက်လောင်နေသောမီးကိုငြိမ်း သတ်ခဲ့ကြ၏။ ဋ္ဌားဘေးမှလွတ်မြောက်ခဲ့ကြ၏။ သူတို့သည်ခွန်အားနည်းသူများဖြစ်သော်လည်း ခွန်အားကြီးလာကြ၏။ စစ်ရေး၌စွမ်းရည်သတ္တိ ရှိလျက်တိုင်းတစ်ပါးမှတပ်များကိုဖြိုခွင်း ကြ၏။-
သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်ကတိတော်ရှိသည်အတိုင်း သင်တို့ အတွက်စစ်တိုက်တော်မူသဖြင့်သင်တို့ အထဲမှသူရဲတစ်ယောက်က ရန်သူတစ် ထောင်ကိုကစဥ့်ကလျားထွက်ပြေးစေ နိုင်၏။-
``ငါယေရှုသည်အသင်းတော်များရှိသင်တို့အား ဤအကြောင်းအရာများကိုကြေညာရန် ငါ၏ ကောင်းကင်တမန်ကိုစေလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အနွယ်ဝင်ဖြစ်၏။ ထွန်းလင်းတောက်ပ သောမိုးသောက်ကြယ်လည်းဖြစ်၏။