အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ်၍မကုန်နိုင်ကြ။ အစွမ်းသတ္တိအားဖြင့်၎င်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်၎င်း ထူးဆန်းတော်မူ၏။ အဘယ် သူကိုမျှ ညှဉ်းဆဲတော်မမူ။
ဆာလံ 99:4 - Common Language Bible တန်ခိုးကြီးတော်မူသောဘုရင်မင်းမြတ်၊ ကိုယ်တော်သည်အမှန်တရားကို မြတ်နိုးနှစ်သက်တော်မူပါ၏။ ကိုယ်တော်သည်ဣသရေလနိုင်ငံတွင် တရားမျှတမှုစိုးမိုးစေတော်မူပါပြီ။ အမှန်တရားနှင့်တရားမျှတမှုကို တည်မြဲစေတော်မူပါပြီ။ Garrad Bible ကိုယ် တော် သည် တ ရား သ ဖြင့် စီ ရင် ခြင်း ကို နှစ် သက် သော ဘု ရင် မင်း၏ တန် ခိုး ကို၊ မျှ တ ခြင်း နှင့် တည် မြဲ စေ လျက်၊ ယာ ကုပ် အ မျိုး ၌ တ ရား သ ဖြင့် စီ ရင် ခြင်း နှင့် ဖြောင့် မတ် ခြင်း ကို စီ မံ တော် မူ၏။ Judson Bible တရားကိုနှစ်သက်သော ရှင်ဘုရင်၏တန်ခိုးတော်ကို ချီးမွမ်းကြစေ။ ကိုယ်တော်သည် မှန်သောစီရင်ခြင်းကို တည်စေတော်မူ၏။ ယာကုပ်အမျိုး၌ တရားသဖြင့်ပြု၍၊ ဖြောင့်မတ်စွာဆုံးဖြတ်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း တန်ခိုးကြီးသောရှင်ဘုရင်သည် တရားမျှတခြင်းကို နှစ်သက်တော်မူ၏။ ကိုယ်တော်သည် သမာသမတ်ရှိခြင်းကို တည်မြဲစေတော်မူ၏။ ယာကုပ်အမျိုးထဲတွင် တရားမျှတခြင်းနှင့်ဖြောင့်မတ်ခြင်းကို စီရင်တော်မူ၏။ |
အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ်၍မကုန်နိုင်ကြ။ အစွမ်းသတ္တိအားဖြင့်၎င်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်၎င်း ထူးဆန်းတော်မူ၏။ အဘယ် သူကိုမျှ ညှဉ်းဆဲတော်မမူ။
ထာဝရဘုရားသည်ဖြောင့်မှန်တော်မူ၍ အကျင့်ကောင်းကိုနှစ်သက်တော်မူ၏။ အကျင့်ကောင်းကိုပြုသူတို့သည်ကိုယ်တော်၏ မျက်နှာတော်ကိုဖူးမြင်ရကြလိမ့်မည်။
သူသည်စိတ်ပျက်အားလျော့လိမ့်မည်မဟုတ်။ ကမ္ဘာမြေကြီးပေါ်တွင်တရားမျှတစွာစီရင် အုပ်ချုပ်မှုကိုတည်တံ့ခိုင်မြဲစေလိမ့်မည်။ ရပ်ဝေးနိုင်ငံများသည်လည်းသူ၏သြဝါဒ ကို စိတ်ဝင်စားစွာစောင့်မျှော်ကြလိမ့်မည်။''
မျိုးစေ့များသည်အညှောက်ထိုး၍အပင် ပေါက်သကဲ့သို့၊ ထာဝရအရှင်ဘုရားသခင်သည် မိမိ၏လူမျိုးတော်အားအမှန်ပင် ကယ်တင်တော်မူလိမ့်မည်။ လူမျိုးတကာတို့သည်လည်းကိုယ်တော်ကို ထောမနာပြုကြလိမ့်မည်။
သူ၏ရာဇအာဏာသည်ဆက်လက်တိုး တက်လျက် သူ၏နိုင်ငံတော်သည်လည်း၊အစဉ်အမြဲ ငြိမ်းချမ်းသာယာလိမ့်မည်။ သူသည်ဒါဝိဒ်မင်း၏အရိုက်အရာကို ဆက်ခံကာ ယခုမှစ၍ကပ်ကာလကုန်ဆုံးချိန်တိုင်အောင် တရားတော်နှင့်အညီမျှတစွာအုပ်စိုးလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ အမှုအရာအလုံးစုံတို့အားဖြစ်ပျက်စေ ရန်သန္နိဋ္ဌာန်ချမှတ်တော်မူပြီးဖြစ်သတည်း။
ထာဝရဘုရားက``ဒါဝိဒ်၏ဖြောင့်မတ်သော သားမြေးတစ်ဦးကို မင်းအဖြစ်ငါရွေးချယ် ခန့်ထားမည့်အချိန်ဧကန်အမှန်ကျရောက် လာလိမ့်မည်။ ထိုမင်းသည်ပညာဉာဏ်နှင့်အုပ် စိုး၍တိုင်းပြည်တစ်လျှောက်လုံးတွင် အမှန် တရားအတိုင်းတရားမျှတစွာစီရင်လိမ့် မည်။-
မိဘမဲ့ကလေးများနှင့်မုဆိုးမများသည် တရားမျှတမှုရရှိစေရန်စီရင်တော်မူ၏။ သင်တို့နှင့်အတူတကွနေထိုင်သောလူမျိုး ခြားများကိုချစ်တော်မူသဖြင့် သူတို့၏ စားရေးဝတ်ရေးကိုကြည့်ရှုတော်မူ၏။-
တစ်ကမ္ဘာလုံးကိုတရားစီရင်တော်မူလိမ့် မည်။ လူအပေါင်းတို့အား မိမိတို့၏ဆိုးသွမ်း ယုတ်မာမှုများအတွက်လည်းကောင်း၊ ဘုရား မဲ့အပြစ်သားတို့ဘုရားသခင်အား ရိုင်းပြ စွာပြစ်မှားပြောဆိုကြသည့်စကားများ အတွက်လည်းကောင်း အပြစ်ဒဏ်စီရင်တော် မူလိမ့်မည်'' ဟုရှေးမဆွကပင်လျှင်ကြို တင်ဟောပြောခဲ့လေသည်။-
ထိုနောက်ကောင်းကင်ဘုံပွင့်လျက်နေသည်ကိုငါ မြင်ရ၏။ ထိုအရပ်တွင်မြင်းဖြူတစ်စီးရှိ၏။ ထို မြင်းကိုစီးသူသည်သစ္စာသမ္မာဟူ၍နာမည်တွင်၏။ ထိုအရှင်သည်ဖြောင့်မှန်စွာတရားစီရင်တတ်၏။ တရားသဖြင့်စစ်တိုက်တတ်၏။-
ကိုယ်တော်၏ဝတ်လုံတော်နှင့်ပေါင်တော်တွင်``ဘုရင် တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်'' ဟူသောအမည်နာမတော်ကိုရေးထားလျက် ရှိ၏။