ငါ၏ပရောဖက်များနှင့်အခြားအစေခံ များကိုသတ်သည့်အပြစ်အတွက် ယေဇဗေလ အားငါဒဏ်ခတ်နိုင်ရန်သင်သည် အာဟပ်၏ သား၊ သင့်အရှင်ဘုရင်မင်းအားလုပ်ကြံရမည်။-
ဆာလံ 94:1 - Common Language Bible အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အပြစ်ပေးပိုင်တော်မူသော ဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်၏အမျက်တော်ကိုပေါ်လွင်ထင်ရှား စေတော်မူပါ။ Garrad Bible လက် စား ချေ တော် မူ သော ဘု ရား၊ လက် စား ချေ တော် မူ သော ဘု ရား၊ အို ယေ ဟော ဝါ၊ ရောင် ခြည် တော် ကို လွှတ် တော် မူ ပါ။ Judson Bible အပြစ်ကို ပေးပိုင်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ အပြစ်ကို ပေးပိုင်တော်မူသော ဘုရားသခင်၊ ရောင်ခြည်တော်ကိုလွှတ်တော်မူပါ။ မြန်မာ့စံမီသမ္မာကျမ်း လက်တုံ့ပြန်တော်မူသောဘုရားသခင် အို ထာဝရဘုရား၊ လက်တုံ့ပြန်တော်မူသောဘုရားသခင်၊ ရောင်ခြည်တော်ကိုလွှတ်တော်မူပါ။ |
ငါ၏ပရောဖက်များနှင့်အခြားအစေခံ များကိုသတ်သည့်အပြစ်အတွက် ယေဇဗေလ အားငါဒဏ်ခတ်နိုင်ရန်သင်သည် အာဟပ်၏ သား၊ သင့်အရှင်ဘုရင်မင်းအားလုပ်ကြံရမည်။-
ထာဝရဘုရားသည်အလွန်တရာလှပ တင့်တယ်သည့် မြို့တော်တည်းဟူသော ဇိအုန်တောင်မှရောင်ခြည်တော်ကိုလွှတ်တော်မူ၏။
ဣသရေလအမျိုးသားတို့၏သိုးထိန်းတော် ကြီး၊ ကျွန်တော်မျိုးတို့၏ပန်ကြားချက်ကို နားထောင်တော်မူပါ။ သိုးစုတော်ကိုရှေ့ဆောင်လမ်းပြတော်မူသော အရှင်၊ ကျွန်တော်မျိုးတို့လျှောက်ထားချက်ကို နားညောင်းတော်မူပါ။ ခေရုဗိမ်ရုပ်အထက်စံတော်မူသောအရှင်၊
စိတ်ပျက်အားလျော့၍နေသူအပေါင်းတို့အား ``ကြံ့ခိုင်မှုရှိကြလော့။ မကြောက်ကြနှင့်ဘုရားသခင်သည် သင်တို့ကိုကယ်ဆယ်ရန် ကြွလာတော်မူလိမ့်မည်။ သင်တို့၏ရန်သူများအားလည်း လက်စားချေတော်မူလိမ့်မည်'' ဟု ပြောကြားကြလော့။
ကိုယ်တော်သည်တရားမျှတမှုတည်းဟူသော သံချပ်အင်္ကျီကိုဝတ်ဆင်လျက် ကယ်တင်တော်မူ ခြင်းတည်းဟူသောသံခမောက်လုံးကိုဆောင်း တော်မူလိမ့်မည်။ ပြင်းပြသောမေတ္တာတော်တည်း ဟူသောဝတ်လုံကိုလည်းကောင်း လူတို့ခံကြ သည့်မတရားမှုများအတွက်လက်စားချေ တော်မူခြင်းတည်းဟူသောအဝတ်ကိုလည်း ကောင်း ဝတ်ဆင်တော်မူလိမ့်မည်။-
(ဗာဗုလုန်ပြည်မှလွတ်မြောက်လာသောစစ် ပြေးဒုက္ခသည်များသည်ဇိအုန်မြို့သို့လာ ရောက်ပြီးလျှင် ကိုယ်တော်၏ဗိမာန်တော်ကို ဗာဗုလုန်ပြည်သားတို့ဖျက်ဆီးကြသည့် အတွက် ငါတို့ဘုရားသခင်ထာဝရ ဘုရားသည်သူတို့အားအဘယ်သို့လက် စားချေတော်မူကြောင်းကိုပြောပြကြ၏။)
သူတို့သည်ဗာဗုလုန်မြို့ကိုသုတ်သင်ဖျက်ဆီးရန် ရောက်ရှိလာကြလေပြီ။ ဗာဗုလုန်စစ်သည်တော်တို့သည် အဖမ်းခံရကြ၏။ သူတို့၏လေးများသည်လည်းကျိုး၍သွား ကြ၏။ ငါသည်ဒုစရိုက်ပြုသူတို့ဆုံးမတတ်သော ဘုရားဖြစ်၏။ ဗာဗုလုန်မြို့အားထိုက်လျောက်သည့်အတိုင်း အပြစ်ဒဏ်စီရင်မည်။
ဗာဗုလုန်မြို့မှထွက်ပြေးကြလော့။ သင်တို့ သည်အသက်ဘေးမှလွတ်မြောက်ရန်ထွက် ပြေးလော့။ ဗာဗုလုန်အပြစ်ကြောင့်အသေ မခံကြနှင့်။ ယခုငါသည်ဗာဗုလုန်မြို့ အာခံသည့်အပြစ်ဒဏ်အတွက်လက်စား ချေလျက်ရှိ၏။-
ထာဝရအရှင်ဘုရားသခင်သည်မိမိအား အံတုဖက်ပြိုင်သူတို့ကိုသည်းခံတော်မမူ။ ကိုယ်တော်သည်အတိုက်အခံပြုသူများကို အပြစ်ဒဏ်ခတ်တော်မူ၏။ အမျက်တော်ထွက်၍သူတို့အား လက်စားချေတော်မူ၏။
မိတ်ဆွေတို့ဘယ်သောအခါမျှလက်စား မချေကြနှင့်။ ဘုရားသခင်ကသာအပြစ် ဒဏ်စီရင်တော်မူပါစေ။ ကျမ်းစာတော်တွင် ``ထာဝရဘုရားက `ငါသည်လက်စားချေ မည်။ အပြစ်နှင့်အလျောက်ငါဆပ်ပေးမည်' ဟုမိန့်တော်မူ၏'' ဟုဖော်ပြသည်။-
ထာဝရဘုရားသည်ရန်သူတို့အားဒဏ်ခတ်၍ လက်စားချေတော်မူမည်။ သူတို့ရှုံးနိမ့်ရသောအချိန်ရောက်လိမ့်မည်။ သူတို့ပျက်စီးရသောအချိန်နီးပြီ။
``ငါသည်လက်စားချေမည်၊ ငါသည်ဆပ်ပေး မည်'' ဟူ၍လည်းကောင်း``ထာဝရဘုရားသည် မိမိ၏လူစုတော်အားတရားစီရင်တော်မူ မည်'' ဟူ၍လည်းကောင်း မိန့်တော်မူသောအရှင် သည်မည်သူဖြစ်သည်ကိုငါတို့သိကြ၏။-