သူသည်စိုးရိမ်ပူပန်မှုနှင့်သော်လည်းကောင်း၊ ကြောက်လန့်မှုနှင့်သော်လည်းကောင်းကင်း၏။ မိမိ၏ရန်သူများအရေးရှုံးနိမ့်သည်ကိုမုချ တွေ့မြင်ရလိမ့်မည်။
ဆာလံ 92:11 - Common Language Bible ရန်သူတို့အရေးရှုံးနိမ့်ကြသည်ကိုကျွန်တော်မျိုး မြင်ရပါပြီ။ သူယုတ်မာတို့ငိုကြွေးသံကိုကြားရပါပြီ။ Garrad Bible ရန် သူ တို့ ကို စ က္ခု ဖြင့် စီး ကြည့်၍၊ တစ် ဘက် ၌ ထ ကြွ သော လူ ဆိုး တို့ အ ကြောင်း၊ သော တ ဖြင့် ကြား ရ ပါ ပြီ။ Judson Bible အကျွန်ုပ်၏ရန်သူတို့ကို အကျွန်ုပ်မျက်စိမြင်လျက်၊ ရန်ဘက်ပြုသော လူဆိုးတို့အကြောင်းကို နားကြားလျက်၊ အကျွန်ုပ်သည် အားရပါလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏မျက်စိသည် အကျွန်ုပ်ရန်သူတို့၏အဖြစ်ကိုမြင်ရပါ၏။ အကျွန်ုပ်၏နားသည်လည်း အကျွန်ုပ်ကိုဆန့်ကျင်လျက်ထကြွသည့် ဆိုးညစ်သောအမှုကိုပြုသောသူတို့၏အဖြစ်ကို ကြားရပါ၏။ |
သူသည်စိုးရိမ်ပူပန်မှုနှင့်သော်လည်းကောင်း၊ ကြောက်လန့်မှုနှင့်သော်လည်းကောင်းကင်း၏။ မိမိ၏ရန်သူများအရေးရှုံးနိမ့်သည်ကိုမုချ တွေ့မြင်ရလိမ့်မည်။
သူသည်ချို့တဲ့နွမ်းပါးသူတို့ကိုရက်ရောစွာ ပေးကမ်းတတ်၏။ သူသည်အစဉ်သနားကြင်နာတတ်၏။ သူသည်တန်ခိုးကြီး၍ရိုသေလေးစားမှုကို ခံရလိမ့်မည်။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအတွက် ရန်သူအပေါင်းတို့၏ရှေ့မှောက်တွင်စားပွဲကို တည်ခင်းတော်မူပါ၏။ ဧည့်သည်တော်အဖြစ်ကျွန်တော်မျိုး၏ဦးခေါင်းကို ဆီလောင်း၍ကြိုဆိုတော်မူ၏။ ကျွန်တော်မျိုး၏ခွက်ဖလားကိုလည်း ပြည့်လျှံအောင်ဖြည့်တော်မူပါ၏။
ထာဝရဘုရားကိုမျှော်ကိုးလျက်ပညတ်တော် တို့ကို စောင့်ထိန်းလော့။ ကိုယ်တော်သည်သင့်အားပြည်တော်ကို ပိုင်ဆိုင်ရသောအခွင့်နှင့်ချီးမြှင့်တော်မူ လိမ့်မည်။ သင်သည်သူယုတ်မာတို့ပြည်နှင်ဒဏ် သင့်ကြသည်ကိုမြင်ရလိမ့်မည်။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားဆင်းရဲ ဒုက္ခအပေါင်းမှကယ်ဆယ်တော်မူပါပြီ။ ကျွန်တော်မျိုးသည်ရန်သူတို့အရေးရှုံးနိမ့် ကြသည်ကို တွေ့မြင်ရပါပြီ။
ငါ၏ဘုရားသည်ငါ့ကိုချစ်၍ငါ့ထံသို့ ကြွလာတော်မူလိမ့်မည်။ ငါ၏ရန်သူများအရေးရှုံးနိမ့်ကြသည်ကို ငါ့အား တွေ့မြင်ခွင့်ကိုပေးတော်မူလိမ့်မည်။
သူယုတ်မာတို့အဘယ်သို့အပြစ်ဒဏ်သင့်ကြ သည်ကို သင်သည်ဒိဌမြင်ရလိမ့်မည်။