ထိုသူက``နောင်တွင်သင်၏နာမည်ကို`ယာကုပ်' ဟူ ၍မခေါ်စေရ။ သင်သည်ဘုရားနှင့်သော်လည်း ကောင်း၊ လူနှင့်သော်လည်းကောင်းဆိုင်ပြိုင်၍အနိုင် ရခဲ့သောကြောင့်သင်၏နာမည်မှာ`ဣသရေလ' ဟူ၍ဖြစ်ရမည်'' ဟုဆိုလေ၏။
ဆာလံ 9:19 - Common Language Bible အို ထာဝရဘုရား၊ ကြွလာတော်မူပါ။ ကိုယ်တော်ရှင်အားလူတို့အာခံရန် ခွင့်ပြုတော်မမူပါနှင့်။ ဘုရားမဲ့သူတို့အားရှေ့တော်သို့ခေါ်ဆောင်၍ တရားစီရင်တော်မူပါ။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ နိုး ထ ၍ လူ ကို အ နိုင် ပေး တော် မ မူ ပါ နှင့်။ လူ မျိုး ခြား တို့ ကို၊ ရှေ့ တော် ၌ တ ရား ဆုံး ဖြတ် တော် မူ ပါ။ Judson Bible အိုထာဝရဘုရား၊ ထတော်မူပါ။ လူမနိုင်ပါစေနှင့်။ တစ်ပါးအမျိုးသားတို့သည် ရှေ့တော်၌ စစ်ကြောစီရင်ခြင်းကို ခံရကြပါစေသော။ မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ထတော်မူပါ။ လူသည် အနိုင်မရပါစေနှင့်။ လူမျိုးတကာတို့သည် ရှေ့တော်၌တရားစီရင်ခြင်းခံကြရပါစေသော။ |
ထိုသူက``နောင်တွင်သင်၏နာမည်ကို`ယာကုပ်' ဟူ ၍မခေါ်စေရ။ သင်သည်ဘုရားနှင့်သော်လည်း ကောင်း၊ လူနှင့်သော်လည်းကောင်းဆိုင်ပြိုင်၍အနိုင် ရခဲ့သောကြောင့်သင်၏နာမည်မှာ`ဣသရေလ' ဟူ၍ဖြစ်ရမည်'' ဟုဆိုလေ၏။
မိမိ၏ဘုရားသခင်ထာဝရဘုရားအား``အို ထာဝရဘုရား၊ ကိုယ်တော်သည်အင်အားကြီး မားသောတပ်ကိုကူမတော်မူနိုင်သည့်နည်း တူ အင်အားနည်းသောတပ်ကိုလည်းကူမတော် မူနိုင်ပါ၏။ အို အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို အားကိုးလျက်နာမတော်ကိုအမှီပြု၍ ဤ ကြီးမားလှသောတပ်မတော်ကိုတိုက်ခိုက် ရန်ထွက်ခဲ့ကြပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ကိုယ်တော်အားအဘယ် သူမျှမနှိမ်နင်းနိုင်ပါ'' ဟုပတ္ထနာပြုတော် မူ၏။
အို ထာဝရဘုရား၊ ထတော်မူပါ။ အို ဘုရားသခင်၊ ထိုယုတ်မာသူတို့ကိုဒဏ်ခတ်တော်မူပါ။ ဆင်းရဲဒုက္ခခံရသူတို့ကိုမေ့လျော့တော်မမူပါနှင့်။
အို ထာဝရဘုရား၊ ကြွလာတော်မူပါ။ ကျွန်တော်မျိုး၏ဘုရားသခင်၊ကျွန်တော်မျိုးအား ကယ်တော်မူပါ။ ကိုယ်တော်သည်ကျွန်တော်မျိုး၏ရန်သူအပေါင်းတို့၏ ပါးရိုးကိုရိုက်၍သူတို့၏သွားကိုချိုးတော်မူ၏။
အို ထာဝရဘုရား၊ နိုးထတော်မူပါ။ ကိုယ်တော်ရှင်သည်အဘယ်ကြောင့်ကျိန်းစက်၍ နေတော်မူပါသနည်း။ ထတော်မူပါ။ ကျွန်တော်မျိုးတို့အားထာဝစဉ်ပစ်ပယ်တော်မမူပါနှင့်။
ထတော်မူ၍ကျွန်တော်မျိုးတို့အားကူမ တော်မူပါ။ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကို ထောက်၍ ကယ်တော်မူပါ။
အို ထာဝရဘုရား၊ အမျက်တော်ထွက်၍ထတော်မူပါ။ ကျွန်တော်မျိုးအားရန်ဘက်ပြုသူတို့၏ဒေါသကိုဆီးတားတော်မူပါ။ နိုးထတော်မူလျက်ကျွန်တော်မျိုးအားကူမတော်မူပါ။ တရားမျှတမှုကိုကိုယ်တော်အလိုရှိတော်မူသည်ဖြစ်၍
ကိုယ်တော်ရှင်အားရှိမခိုး၊ဝတ်မပြုသည့် လူမျိုးတို့အားလည်းကောင်း၊ကိုယ်တော်ရှင်ထံ ဆုတောင်းပတ္ထနာမတောင်းမလျှောက် သူတို့အားလည်းကောင်းအမျက်ထွက်တော်မူပါ။
ဧဖရိမ်၊ဗင်္ယာမိန်နှင့်မနာရှေအမျိုးအနွယ် တို့အား ပေါ်လွင်ထင်ရှား၍ တန်ခိုးတော်ကိုပြတော်မူပြီးလျှင်ကြွလာ တော်မူ၍ ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။
အို ထာဝရဘုရား၊နိုးထတော်မူ၍ ကျွန်တော်မျိုးတို့အားကူမတော်မူပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ နိုးထတော်မူ၍ရှေးပဝေသဏီကာလ၌ ကဲ့သို့ပင် တန်ခိုးတော်ကိုအသုံးပြုတော်မူပါ။ ပင်လယ်နဂါးကြီးရာခပ်အား အပိုင်းပိုင်းဖြတ်တော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။
ကိုယ်တော်ရှင်၏နာမတော်ကိုအသိအမှတ် မပြုသူ၊ ကိုယ်တော်ရှင်အားပစ်ပယ်သူတို့အပေါ် အမျက်တော်ကိုသွန်းလောင်းတော်မူပါ။ သူတို့သည်ယာကုပ်အမျိုးအားသတ်ဖြတ်ကြ ပါပြီ။ ကျွန်တော်မျိုးတို့အားအကုန်အစင်သုတ်သင် ပယ်ရှင်း၍ ကျွန်တော်မျိုးတို့ပြည်ကိုလည်းယိုယွင်းပျက်စီး စေကြပါပြီ။
ထာဝရဘုရားက``လူမျိုးတကာတို့သည် အသင့်ပြင်ဆင်လျက်၊ တရားစီရင်တော် မူရာ ချိုင့်ဝှမ်းသို့လာရောက်ရကြမည်။ အနီးအနားဝန်းကျင်မှလူမျိုးတကာ တို့အား တရားစီရင်ရန်ထိုအရပ်တွင်ငါထာဝရ ဘုရား ထိုင်တော်မူမည်။
ငါ၏အမိန့်ကိုမနာခံသောအခြားနိုင်ငံ များကို ပြင်းစွာအမျက်ထွက်၍ငါဒဏ် စီရင်မည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားက``စောင့်မျှော်၍နေလော့။ လူ မျိုးတကာတို့အားငါထ၍ပြစ်တင်စွပ်စွဲ မည့်နေ့ရက်ကာလကိုစောင့်မျှော်၍နေလော့။ ငါ၏အမျက်တော်အရှိန်ကိုခံစားစိမ့် သောငှာ၊ လူမျိုးတကာနှင့်နိုင်ငံတကာ ကိုစုသိမ်းရန်ငါသန္နိဋ္ဌာန်ချမှတ်ထားလေ ပြီ။ ကမ္ဘာမြေကြီးတစ်ခုလုံးသည်ငါ၏ အမျက်တော်မီးဖြင့်ကျွမ်းလောင်ပျက်စီး ၍သွားလိမ့်မည်။
အကယ်၍အီဂျစ်အမျိုးသားတို့သည်သစ် ခက်တဲနေပွဲတော်ကိုကျင်းပရန်ငြင်းဆန် ကြပါမူ သူတို့သည်ယင်းသို့ငြင်းဆန်သူ များအတွက်ထာဝရဘုရားစေလွှတ်တော် မူသောအနာရောဂါဘေးနှင့်ကြုံတွေ့ရ လိမ့်မည်။-
လူမျိုးတကာတို့ကိုနှိမ်နင်းရန်အတွက်ကိုယ် တော်၏ခံတွင်းမှထက်သောသန်လျက်ထွက်၏။ ကိုယ်တော်သည်ထိုသူတို့ကိုသံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ အနန္တတန်ခိုးရှင်ဘုရား သခင်၏အမျက်တော်တည်းဟူသောစပျစ် သီးနယ်ရာကျင်းတွင်စပျစ်ရည်များကို နင်းတော်မူလိမ့်မည်။-
``ကိုယ်တော်သည်မိမိအားသစ္စာရှိသူတို့ ၏အသက် စည်းစိမ်ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။ သို့ရာတွင်သူယုတ်မာတို့မူကားမှောင်မိုက်တွင် ကွယ်ပျောက်ရကြလိမ့်မည်။ လူသည်မိမိကိုယ်ပိုင်စွမ်းရည်အားဖြင့်အောင်မြင် မှုကို မရနိုင်ရာ။