ထိုနောက်ထာဝရအရှင်ဘုရားသခင်သည် မြေဖြင့်လူကိုဖန်ဆင်းပြီးလျှင် လူ၏နှာခေါင်း ထဲသို့ဇီဝအသက်ကိုမှုတ်သွင်းတော်မူရာ လူသည် အသက်ရှင်သောသတ္တဝါဖြစ်လာ ၏။
ဆာလံ 8:5 - Common Language Bible သူ့အားကောင်းကင်တမန်တို့ထက်သာ နိမ့်ကျစေတော်မူလျက် သူ့အားဘုန်းအသရေကိုလည်းကောင်း၊ ဂုဏ်အသရေကိုလည်းကောင်းချီးမြှင့်တော် မူ၏။ Garrad Bible လူ ကိုဘု ရား သ ခင် အောက် အ နည်း ငယ် သာ နိမ့် စေ ပြီး လျှင်၊ ဘုန်း အ သ ရေ မ ကိုဋ် နှင့် ဆင် ယင် တော် မူ ပါ ပြီ။ Judson Bible သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပြီ။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် သူ့ကိုဘုရားသခင်ထက် ခေတ္တခဏနိမ့်ကျစေပြီးလျှင် ဘုန်းတော်နှင့်ဂုဏ်တော်တို့ဖြင့် သူ့ကိုသရဖူဆောင်းစေတော်မူ၏။ |
ထိုနောက်ထာဝရအရှင်ဘုရားသခင်သည် မြေဖြင့်လူကိုဖန်ဆင်းပြီးလျှင် လူ၏နှာခေါင်း ထဲသို့ဇီဝအသက်ကိုမှုတ်သွင်းတော်မူရာ လူသည် အသက်ရှင်သောသတ္တဝါဖြစ်လာ ၏။
သူသည်ယွာဘအားမိမိ၏အတွက်မင်းကြီး ထံစေလွှတ်လိုသဖြင့်ခေါ်စေရာ ယွာဘသည် မလာဘဲနေ၏။ နောက်တစ်ကြိမ်ခေါ်စေသော် လည်းယွာဘမလာဘဲနေပြန်၏။-
တန်ခိုးစွမ်းရည်ကြီးမား၍ကိုယ်တော်၏ အမိန့်တော်များကိုလိုက်နာလျက် ကိုယ်တော်၏စကားကိုနားထောင်သော ကောင်းကင်တမန်တို့၊ ထာဝရဘုရားအားထောမနာပြုကြလော့။
ကိုယ်တော်သည်ငါ့အားသေဘေးမှကယ်တော်မူ၍ မေတ္တာတော်နှင့်ကရုဏာတော်တို့ဖြင့် ရစ်ပတ်တော်မူ၏။
အို ထာဝရဘုရား၊ လူသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်ရှင်သည်သူ့ကိုပမာဏ ပြုတော်မူရပါသနည်း။ သာမန်လူသားသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်ရှင်သည်သူ့ကိုဂရုပြုတော်မူ ရပါသနည်း။
အရှင်မင်းကြီးအားဘုရားသခင် ပေးအပ်တော်မူသောရာဇပလ္လင်သည် ကာလအစဉ်အဆက်တည်လိမ့်မည်။ အရှင်မင်းကြီးသည်မိမိ၏တိုင်းနိုင်ငံကို တရားမျှတစွာအုပ်စိုးတော်မူပါ၏။
ထိုကောင်းကင်လောကတွင်ခရစ်တော်သည် ကောင်းကင်လောကကိုအစိုးရသူများ၊ အာ ဏာပိုင်များ၊ တန်ခိုးရှင်များနှင့်အရှင်သခင် အပေါင်းတို့၏အထွတ်အထိပ်အဖြစ်ဖြင့် အုပ်စိုးတော်မူ၏။ ကိုယ်တော်၏နာမတော် သည်မျက်မှောက်လောကနှင့်အနာဂတ် လောက၌ ခေါ်ဝေါ်သမုတ်နိုင်သောအထွတ် အထိပ်ဘွဲ့နာမအပေါင်းတို့ထက်ကြီး မြတ်တော်မူပေသည်။-
ကိုယ်တော်သည်ကောင်းကင်တမန်များအား ကူညီမစတော်မူသည်မဟုတ်။ ကျမ်းစာ တော်တွင်ဖော်ပြထားသည်အတိုင်း အာဗြဟံ ၏သားမြေးတို့အားကူညီမစတော်မူ ကြောင်းကိုသိသာထင်ရှားပေသည်။-
ကိုယ်တော်သည်သူ့အားကာလအနည်းငယ်မျှ ကောင်းကင်တမန်တို့ထက်နိမ့်ကျစေတော်မူ၍ ဘုန်းအသရေ၊ဂုဏ်ကျက်သရေနှင့် ပြည့်ဝစေတော်မူပါ၏။
သို့သော်ငါတို့တွေ့မြင်ကြရသူကား ဘုရား သခင်၏ကျေးဇူးတော်အားဖြင့်လူအပေါင်း တို့အတွက် အသက်တော်ကိုစွန့်တော်မူနိုင်ရန် ကာလအနည်းငယ်မျှ ကောင်းကင်တမန်များ ထက်နှိမ့်ချမှုကိုခံရသည့်သခင်ယေရှုပင် ဖြစ်တော်မူ၏။ ထိုအရှင်သည် မိမိအသေခံ တော်မူခဲ့သည့်အတွက်ဘုန်းအသရေ၊ ဂုဏ် အသရေနှင့်ပြည့်ဝလျက်ရှိတော်မူသည် ကို ယခုအခါငါတို့တွေ့မြင်ကြရ၏။-