ကိုယ်တော်သည်ကျောက်ဆောင်ကိုခွဲတော်မူသောအခါ ရေသည်ပန်း၍ထွက်လာကာသဲကန္တာရတွင် မြစ်သဖွယ်စီး၍သွား၏။
ဆာလံ 78:16 - Common Language Bible ကိုယ်တော်သည်ကျောက်ဆောင်မှ စမ်းရေထွက်စေလျက်မြစ်သဖွယ် စီးဆင်းစေတော်မူ၏။ Garrad Bible ကျောက် တောင် ထဲ က စမ်း ရေ ထွက် စေ၍၊ မြစ် ရေ ကဲ့ သို့ စီး စေ ခြင်း စီ ရင် တော် မူ ၏။ Judson Bible ကျောက်ထဲကစီးသော ရေကိုထွက်စေ၍၊ မြစ်ရေကဲ့သို့ ရေများကို စီးစေတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ကျောက်ထဲမှ ရေစီးထွက်စေ၍ မြစ်ရေများကဲ့သို့ စီးဆင်းစေတော်မူ၏။ |
ကိုယ်တော်သည်ကျောက်ဆောင်ကိုခွဲတော်မူသောအခါ ရေသည်ပန်း၍ထွက်လာကာသဲကန္တာရတွင် မြစ်သဖွယ်စီး၍သွား၏။
ကိုယ်တော်သည်သဲကန္တာရများကိုရေအိုင်များ အဖြစ်သို့လည်းကောင်း၊ ခြောက်သွေ့သည့်ဒေသများကိုစမ်းရေပေါက် အဖြစ်သို့လည်းကောင်းပြောင်းလဲစေတော်မူ၏။
အချင်းမြေကြီး၊ယာကုပ်၏ဘုရား၊ ထာဝရဘုရားကြွလာတော်မူချိန်၌ ရှေ့တော်တွင် တုန်လှုပ်လျက်နေလော့။
ကိုယ်တော်သည်ကျောက်တောင်ကိုရေအိုင်၊ ကျောက်ဆောင်ကိုစမ်းချောင်းဖြစ်စေတော် မူ၏။
``ပဋိညာဉ်သေတ္တာတော်ရှေ့တွင် ရှိသောတောင်ဝှေး ကိုယူလော့။ ထိုနောက်သင်နှင့်အာရုန်တို့သည် ဣသ ရေလအမျိုးသားအပေါင်းတို့အားစုဝေးစေရန် ဆင့်ဆိုလော့။ သူတို့ရှေ့တွင်ထိုအရပ်၌ရှိသော ကျောက်ဆောင်ကို ရေထွက်စေရန်အမိန့်ပေးလော့။ သူတို့နှင့်သူတို့၏တိရစ္ဆာန်များသောက်ရန် ကျောက်တုံးမှရေပန်းထွက်လိမ့်မည်'' ဟုမိန့် တော်မူ၏။-
ကိုယ်တော်သည်သင်တို့အားမြွေဆိုးနှင့်ကင်းမီး ကောက်ပေါ၍ ကျယ်ဝန်းကြောက်မက်ဖွယ်ကောင်း သောတောကန္တာရကိုဖြတ်သန်းပို့ဆောင်တော် မူခဲ့၏။ ခြောက်သွေ့၍ရေမရှိသောအရပ်တွင် ကိုယ်တော်သည်ကျောက်ဆောင်မှရေကိုထွက်စေ တော်မူ၏။-
ငါသည်သင်တို့အားအပြစ်ရောက်စေသည့် နွားရုပ်တုကို မီးထဲသို့ပစ်ချလိုက်၏။ ထို့ နောက်နွားရုပ်တုကိုအမှုန့်ဖြစ်အောင်ထု ထောင်း၍ အမှုန့်ကိုတောင်ကျချောင်းထဲသို့ သွန်းချခဲ့၏။''