ယုဒနှင့်ဣသရေလပြည်သူပြည်သားတို့သည် သမုဒ္ဒရာကမ်းခြေသဲလုံးနှင့်အမျှများပြား ကြ၏။ သူတို့သည်ရွှင်လန်းစွာစားသောက် နေထိုင်ကြ၏။-
ဆာလံ 72:16 - Common Language Bible တိုင်းပြည်အတွင်း၌စားနပ်ရိက္ခာပေါများပါ စေသော။ လေဗနုန်တောင်တွင်သစ်တောများဖြင့် ဖုံးအုပ်လျက်ရှိသကဲ့သို့ တောင်ကုန်းများသည်ကောက်ပဲသီးနှံများ ဖြင့် ဖုံးအုပ်လျက်ရှိပါစေသော။ မြို့ကြီးများရှိလူဦးရေသည်ကွင်းပြင်ရှိ မြက်ကဲ့သို့ထူထပ်ပေါများပါစေသော။ Garrad Bible နေ ပြည်၌၊ တောင် ထိပ် အ ထိ စ ပါး ပေါ များ ၍၊ လေ ဗ နုန် တော ကဲ့ သို့ အ သီး အ နှံ လှုပ် ရှား လျက်၊ ကောက် ပဲ နှင့် အ မျှ မြို့ သူ မြို့ သား တို့ ပွင့် လန်း ကြ ပါ စေ သော။ Judson Bible ပြည်တော်၌ များစွာသော စပါးရှိ၍၊ အသီးအနှံသည် လေဗနုန်တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်။ မြို့သူမြို့သားတို့သည်လည်း၊ မြေ၏မြက်ပင်ကဲ့သို့ စည်ပင်ကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ပြည်တော်၌ များစွာသောဂျုံစပါးရှိ၍ တောင်များပေါ်၌ယိမ်းနွဲ့လျက်ရှိကြပါစေသော။ ၎င်း၏အသီးအနှံတို့သည် လက်ဘနွန်ကဲ့သို့ ဖြစ်ကြပါစေသော။ လူတို့သည် တော၌ရှိသောမြက်ပင်များကဲ့သို့ မြို့ရွာတွင် ရှင်သန်ကြပါစေသော။ |
ယုဒနှင့်ဣသရေလပြည်သူပြည်သားတို့သည် သမုဒ္ဒရာကမ်းခြေသဲလုံးနှင့်အမျှများပြား ကြ၏။ သူတို့သည်ရွှင်လန်းစွာစားသောက် နေထိုင်ကြ၏။-
သင်၌သားသမီးများပြား၍၊ သင့်အမျိုးအနွယ်သည် မြေပေါ်မှာ မြက်ပင်နှင့်အမျှ ဖြစ်ကြောင်းကို တွေ့မြင်ရလိမ့်မည်။
ထာဝရဘုရားစိုက်တော်မူသောကိုယ်တော်၏ သစ်ပင်များဖြစ်သည့်လေဗနုန်တောမှ အာရဇ်ပင်တို့သည်မိုးရေများစွာရရှိကြပါသည်။
မင်းကြီးသည်လယ်ယာများအပေါ်သို့ ရွာချသည့် မိုးကဲ့သို့လည်းကောင်း၊ မြေပြင်ပေါ်သို့ကျရောက်လာသည့်မိုးပေါက် များ ကဲ့သို့လည်းကောင်းဖြစ်ပါစေသော။
စကားပုံရှိသကဲ့သို့ မကြာမီပင်တော နက်သည်လယ်ပြင်ဖြစ်၍လာလိမ့်မည်။ လယ် ပြင်သည်လည်းသစ်တောပြန်၍ဖြစ်လာ လိမ့်မည်။
သင်တို့သီးနှံများကိုစိုက်ပျိုးကြသည့် အခါတိုင်းအပင်ပေါက်စေရန်ထာဝရ ဘုရားသည်မိုးကိုရွာသွန်းစေတော်မူ လိမ့်မည်။ သင်တို့ရိတ်သိမ်းရန်အသီးအနှံ များကိုလှိုင်လှိုင်ထွက်စေ၍ ကျွဲနွားများ သည်လည်းစားကျက်အလုံအလောက်ရရှိ ကြလိမ့်မည်။-
သို့ရာတွင်ဘုရားသခင်သည်မိမိ၏ဝိညာဉ် တော်ကို ငါတို့ထံသို့တစ်ဖန်ပြန်၍စေလွှတ် တော်မူလိမ့်မည်။ ထိုအခါမြေလွတ်မြေရိုင်း များသည်မြေကောင်းမြေသန့်များဖြစ်လာ ကြလျက် လယ်ယာများကောက်ပဲသီးနှံ အမြောက်အမြားထွက်လိမ့်မည်။-
ကောက်ပဲသီးနှံများအတွက်မြည်းနှင့်ကျွဲ နွားစားကျက်များအတွက် ရေအလုံအလောက် ရရှိသဖြင့်လူအပေါင်းတို့သည်ရွှင်လန်း ဝမ်းမြောက်ကြလိမ့်မည်။
ငါသည်မိုးကောင်းကင်ကြယ်တာရာများနှင့် ပင်လယ်ကမ်းခြေသဲလုံးများကဲ့သို့ရေတွက် ၍မရနိုင်အောင် ငါ၏အစေခံဒါဝိဒ်၏သား မြေးများနှင့်ငါ၏အမှုတော်ဆောင်လေဝိ အနွယ်ဝင်ယဇ်ပုရောဟိတ်တို့၏အရေ အတွက်ကိုတိုးပွားများပြားစေမည်'' ဟုမိန့်တော်မူ၏။
ရက်အနည်းငယ်ကြာသောအခါတစ်ရာ့နှစ်ဆယ် ခန့်သောတပည့်တော်ညီအစ်ကိုတို့သည်စုဝေး လျက်ရှိကြ၏။ ထိုအချိန်၌ပေတရုသည်ထ၍၊-
လူအမြောက်အမြားပင်သူ၏တရားစကား ကိုလက်ခံယုံကြည်ကာ ဗတ္တိဇံမင်္ဂလာခံယူ ကြသဖြင့် ထိုနေ့၌တပည့်တော်အရေအတွက် သုံးထောင်မျှတိုးလာ၏။-
သို့ရာတွင်တရားနာသောသူအမြောက် အမြားပင် ကိုယ်တော်ကိုသက်ဝင်ယုံကြည် လာကြ၏။ ယုံကြည်သူအရေအတွက် ငါးထောင်ခန့်တိုးပွားလာသတည်း။
ငါက``အရှင်၊ အရှင်သိပါ၏'' ဟုပြန်၍ဖြေ၏။ ထိုသူက``သူတို့သည်ဆင်းရဲဒုက္ခကြီးထဲမှ လွတ်မြောက်လာသူများဖြစ်၏။ သူတို့သည် မိမိတို့ဝတ်လုံများကိုသိုးသူငယ်တော် ၏သွေးဖြင့်ဖြူစင်အောင်ဖွပ်လျှော်ခဲ့ကြ လေပြီ။-
ထိုနောက်ငါကြည့်လိုက်သောအခါ အဘယ် သူမျှမရေမတွက်နိုင်သောလူအုပ်ကြီး ကိုတွေ့ရ၏။ သူတို့သည်ဘာသာစကား အမျိုးမျိုးကိုပြောဆိုသော လူမျိုးအနွယ် ခပ်သိမ်းတို့မှလာရောက်ကြသူများဖြစ် ကြ၏။ သူတို့သည်ဝတ်လုံဖြူများကိုဝတ် လျက်စွန်ပလွန်ခက်များကိုကိုင်ကာ ပလ္လင် တော်နှင့်သိုးသူငယ်တော်၏ရှေ့တွင်ရပ် လျက်နေကြ၏။-