သို့ရာတွင်ငါသည်မောဘပြည်ကိုငါ၏ ခြေဆေးခွက်အဖြစ်ဖြင့်လည်းကောင်း၊ ဧဒုံပြည်ကိုငါ၏ဖိနပ်ချွတ်အဖြစ်ဖြင့် လည်းကောင်း အသုံးပြုမည်။ ဖိလိတ္တိပြည်သည်ငါ့ကိုအနိုင်ရ၍အောင်သံ ဖြင့် ကြွေးကြော်နိုင်မည်ဟုထင်မှတ်သလော'' ဟု မိန့်တော်မူ၏။
မော ဘ ပြည် ကား၊ ငါ့ ဆေး လျှော် ရာ၊ ဧ ဒုံ ပြည် လည်း၊ ငါ့ ဖိ နပ် ထား ရာ ဖြစ် သည့် ပြင်၊ ငါ့ ကြောင့် ဖိ လိ တ္တိ ပြည် အော် ဟစ် ရ မည် ဟူ၍ တည်း။
မောဘပြည်ကား၊ ငါ့ရေချိုးအိုးဖြစ်ရ၏။ ဧဒုံပြည်ကား၊ ငါ့ခြေနင်းရာ ဖြစ်ရ၏။ ဖိလိတ္တိပြည်အပေါ်မှာ အောင်သံနှင့် ကြွေးကြော်မည်။
မောဘပြည်သည် ငါ၏ခြေဆေးအိုးဖြစ်၏။ ဧဒုံပြည်အပေါ် ငါ့ဖိနပ်ကိုငါပစ်ချမည်။ ဖိလိတ္တိပြည်ကို အောင်နိုင်သောကြောင့် ငါကြွေးကြော်မည်”ဟူ၍ဖြစ်၏။
ထာဝရဘုရားကရေဗက္ကအား ``သင်၏ဝမ်းထဲ၌လူနှစ်မျိုးရှိ၏။ သင်သည်အချင်းချင်းပြိုင်ဆိုင်မည့် လူမျိုးနှစ်မျိုးကိုဖွားမြင်မည်။ လူမျိုးတစ်မျိုးသည်အခြားတစ်မျိုးထက် ခွန်အားကြီးမည်။ အကြီးဖြစ်သူကအငယ်၏အစေကိုခံ ရမည်'' ဟုမိန့်တော်မူ၏။
သင်သည်ကိုယ့်ဋ္ဌားဖြင့်အသက်မွေးရမည်။ သင်၏ညီအစေကိုခံရမည်။ သို့ရာတွင်သင်သည်ကြိုးပမ်းအားထုတ်လျှင်၊ သူ၏အချုပ်အနှောင်မှလွတ်မြောက်လိမ့်မည်'' ဟုဆိုလေ၏။
သူသည်ဧဒုံပြည်တစ်လျှောက်လုံးတွင်စစ် စခန်းများတည်ဆောက်ထားသဖြင့် ထိုပြည် သားတို့သည်သူ၏လက်အောက်ခံဖြစ်လာ ကြ၏။ ထာဝရဘုရားသည်ဒါဝိဒ်အား စစ်ချီသွားလေရာ၌အောင်ပွဲကိုခံစေ တော်မူ၏။
သူသည်ဧဒုံပြည်တစ်လျှောက်လုံးတွင်တပ်စခန်း များချ၍ထားသဖြင့် ထိုအရပ်ရှိလူတို့သည် ဒါဝိဒ်၏လက်အောက်ခံများဖြစ်လာကြလေ၏။ ထာဝရဘုရားသည်ဒါဝိဒ်အားအရပ် တကာတွင်အောင်ပွဲကိုပေးတော်မူသတည်း။
သူသည်ဧဒုံပြည်ရှိရန်သူတို့ကို တိုက်ခိုက်အောင်မြင်၍ သူတို့၏ပြည်ကိုသိမ်းယူလိမ့်မည်။