ကိုယ်တော်ရှင်သည်ယဇ်ပူဇော်ခြင်းကို အလိုရှိတော်မမူပါ။ သို့မဟုတ်လျှင်ကျွန်တော်မျိုးသည် ယဇ်ပူဇော်ပါမည်။ ကိုယ်တော်ရှင်သည်မီးရှို့ရာပူဇော်သကာ များကို နှစ်သက်တော်မမူပါ။
ဆာလံ 50:8 - Common Language Bible သင်တို့သည်ငါ့အားယဇ်နှင့်မီးရှို့ရာ ပူဇော်သကာများကိုအစဉ်ဆက်သည့်အတွက် ငါသည်သင်တို့အားဝေဖန်ပြစ်တင်မှုမပြုလို။ Garrad Bible သင် တို့ ၏ မိတ် သ ဟာ ယ သ က္ကာ၊ ငါ ရှေ့၌ အ စဉ် ရှိ သော မီး ရှို့ ရာ သ က္ကာ များ အ တွက်၊ သင့် ကို အ ပြစ် တင် မည် မ ဟုတ်။ Judson Bible မီးရှို့သောယဇ်မှစ၍ ယဇ်ပူဇော်ခြင်းအမျိုးမျိုးအတွက် ငါသည် သင်၌အပြစ်မတင်။ ထိုယဇ်တို့သည် ငါ့ရှေ့မှာ အစဉ်ရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်၏ပူဇော်သက္ကာများအတွက် သင့်ကိုဆုံးမသည်မဟုတ်။ သင်၏မီးရှို့ရာယဇ်တို့သည်လည်း ငါ့ရှေ့၌အစဉ်မပြတ်ရှိကြ၏။ |
ကိုယ်တော်ရှင်သည်ယဇ်ပူဇော်ခြင်းကို အလိုရှိတော်မမူပါ။ သို့မဟုတ်လျှင်ကျွန်တော်မျိုးသည် ယဇ်ပူဇော်ပါမည်။ ကိုယ်တော်ရှင်သည်မီးရှို့ရာပူဇော်သကာ များကို နှစ်သက်တော်မမူပါ။
ငါသည်သင်တို့၏ယဇ်ကောင်ပူဇော်ခြင်းကို အလိုမရှိ၊ သင်တို့၏မေတ္တာကိုသာအလိုရှိ ၏။ ငါ၏လူမျိုးတော်သည်ငါ့အားမီးရှို့ရာ ယဇ်ပူဇော်ခြင်းထက်ငါ့အားသိကျွမ်းခြင်း ကိုသာအလိုရှိ၏။''