ဆာလံ 40:1 - Common Language Bible ငါသည်ဘုရားသခင်ကူမတော်မူမည်ကို သည်းခံစောင့်မျှော်လျက်နေသောအခါ ကိုယ်တော်သည်နားစွင့်တော်မူ၍ငါ၏ ဟစ်အော်သံကိုကြားတော်မူ၏။ Garrad Bible ထာ ဝ ရ ဘု ရား ကို ငါ စောင့် နေ မျှော် လင့် ရာ ကိုယ် တော် သည် ငါ့ ဘက် သို့ ငဲ့၍၊ အော် ဟစ် သံ ကို ကြား လျက်၊ Judson Bible ငါသည် ထာဝရဘုရားကို စေ့စေ့မျှော်လင့်သည်ကာလ၊ ငါ့ကို မျက်နှာပြု၍ ငါအော်ဟစ်သောအသံကို ကြားတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် ထာဝရဘုရားကို စေ့စေ့စောင့်မျှော်လျက်နေ၏။ ကိုယ်တော်သည် ငါ့ဘက်သို့လှည့်၍ ငါ၏အော်ဟစ်သံကို ကြားတော်မူ၏။ |
အို ထာဝရဘုရား၊ ကျွန်တော်မျိုးအော်ဟစ်သံကိုကြားတော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးတောင်းလျှောက် သံကို နားထောင်တော်မူပါ။
ဘုရားသခင်သည်သူတော်ကောင်းတို့အား ကြည့်ရှုစောင့်ရှောက်တော်မူ၍ သူတို့၏အော်ဟစ်သံများကိုနားညောင်းတော် မူ၏။
ကိုယ်တော်၏စီရင်တော်မူချက်ကိုသည်းခံ၍ စောင့်မျှော်လော့။ ကောင်းစားသူတို့ကြောင့်လည်းကောင်း၊ အကြံအစည်အောင်မြင်သော ဆိုးညစ်သူတို့ကြောင့်လည်းကောင်းပူပင်သောက မဖြစ်နှင့်။
အို ဘုရားသခင်၊ အကျွန်ုပ်တို့၏လျှောက် ထားချက်ကိုနားထောင်တော်မူပါ။ အကျွန်ုပ် တို့အားကြည့်တော်မူ၍ကိုယ်တော်ရှင့်နာမ တော်ကိုခံယူထားသည့်မြို့၏ဝေဒနာကို ရှုမှတ်တော်မူပါ။ အကျွန်ုပ်တို့သည်မိမိတို့ ကောင်းမွန်၊ မှန်ကန်မှုကိုအမှီမပြု၊ ကိုယ် တော်၏ကြီးမြတ်သောကရုဏာကို အမှီပြု၍ဆုတောင်းပါ၏။-