ငါသည်ထာဝရဘုရား၏ပညတ်တော်တို့ကို စောင့်ရှောက်ခဲ့ပါ၏။ ငါ၏ဘုရားသခင်ကိုကျောမခိုင်းခဲ့ပါ။
ဆာလံ 36:3 - Common Language Bible သူပြောဆိုသောစကားသည်ညစ်ညမ်း၍ မုသားအတိဖြစ်၏။ သူသည်အကျင့်ကောင်းကိုမပြုတော့ပြီ၊ ပညာသတိလည်းမရှိတော့ပြီ။ Garrad Bible သူ သည် ဒု စ ရိုက် ပြု ခြင်း နှင့် လှည့် စား ခြင်း အ ကြောင်း နှုတ် မြွက် လျက်၊ လိ မ္မာ စွာ သု စ ရိုက် ပြု ခြင်း ကို လှပ် ထား လျက်၊ Judson Bible သူပြောသောစကားသည် အဓမ္မစကား၊ လှည့်စားသောစကားဖြစ်၏။ ကောင်းသောအကျင့်ကို ကျင့်စေတတ်သောပညာကို စွန့်လေပြီ။ မြန်မာ့စံမီသမ္မာကျမ်း သူ၏နှုတ်ထွက်စကားတို့သည် ယုတ်ညံ့၍လိမ်လည်လှည့်ဖြားတတ်၏။ သူသည် ပညာသတိရှိခြင်းနှင့် ကောင်းသောအမှုပြုခြင်းကို စွန့်လေပြီ။ |
ငါသည်ထာဝရဘုရား၏ပညတ်တော်တို့ကို စောင့်ရှောက်ခဲ့ပါ၏။ ငါ၏ဘုရားသခင်ကိုကျောမခိုင်းခဲ့ပါ။
သူသည်မိမိခမည်းတော်အာသကဲ့သို့ပင် ထာဝရဘုရား၏ရှေ့တော်မှောက်တွင်ဖြောင့် မှန်သည့်အမှုကိုသာပြုကျင့်၏။-
သူ၏နှုတ်သည်ကျိန်ဆဲခြင်း၊လိမ်လည်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့ဖြင့်ပြည့်ဝ၏။ မုန်းတီးသောစကား၊ယုတ်မာသောစကားကို အလျင်အမြန်ပြောဆိုတတ်၏။
သို့ရာတွင်မကောင်းမှုပြုသူတို့အားအပြစ်ဒဏ် စီရင်တော်မူသောအခါ နည်းလမ်းတော်ကိုစွန့်သူတို့ကိုလည်း အပြစ်ဒဏ်စီရင်တော်မူပါ။ ဣသရေလအမျိုးသားတို့သည်ငြိမ်းချမ်း သာယာမှုကိုခံစားရကြပါစေသော။
သူတို့၏လျှာသည်အဆိပ်ပြင်းသောမြွေနှင့်တူ၍ သူတို့၏စကားသည်မြွေဟောက်၏ အဆိပ်နှင့်တူပါ၏။
ကျွန်တော်မျိုး၏ရန်သူများစကားကို အဘယ်အခါ၌ယုံကြည်၍မရပါ။ သူတို့တွင်ဖျက်ဆီးလိုစိတ်သာလျှင်ရှိပါ၏။ သူတို့၏ခံတွင်းသည်ပွင့်လျက်နေသော သင်္ချိုင်းတွင်းနှင့်တူပါ၏။ သူတို့၏လျှာသည်လည်းမြှောက်ပင့်လိမ်လည် လှည့်စားတတ်ပါ၏။
သူ၏စကားတို့သည်ထောပတ်ထက်ပင် ချောမွတ်သော်လည်း သူ၏စိတ်နှလုံးထဲ၌မူကား မုန်းတီးတတ်သောသဘောရှိ၏။ သူ၏စကားတို့သည်ဆီကဲ့သို့ပျော့ပျောင်း သော်လည်း ထက်သောဋ္ဌားကဲ့သို့ထိခိုက်နာကြင်စေတတ်၏။
ဒုစရိုက်သမားတို့သည်တစ်သက်လုံးအမှားကို သာလျှင်ပြုတတ်ကြ၏။ သူတို့သည်မိမိတို့မွေးကတည်းက မုသားစကားကိုပြောဆိုတတ်ကြ၏။
ငါ၏လူစုတော်တို့၊သင်တို့သည်အဘယ် သို့လျှင် ဤမျှအသိဉာဏ်တုံးလျက်မိုက်မဲ၍ နေနိုင်ကြပါသနည်း။ အဘယ်အခါကျမှတတ်သိလိမ္မာ၍ လာကြပါမည်နည်း။
သူတို့သည်သူတပါး၌ အပြစ်မပြုရလျှင် မအိပ် တတ်။ တစုံတယောက်သော သူကိုမလဲစေလျှင် အိပ်၍ မပျော်တတ်။
ထာဝရဘုရားက``ငါ၏လူမျိုးတော်သည် မိုက်မဲထုံထိုင်းကြ၏။ သူတို့သည်ငါ့ကိုမသိ ကြ။ သူတို့သည်ကလေးမိုက်များနှင့်တူ၏။ သူတို့တွင်အသိပညာမရှိ။ သူတို့သည်ဒုစရိုက်ပြုရာတွင် ကျွမ်းကျင်ကြသော်လည်းသုစရိုက်ကိုမူ မပြုတတ်ကြ'' ဟုမိန့်တော်မူ၏။
သူတို့သည်မွန်မြတ်သောအရာကိုစွန့်ပစ် ကြပြီဖြစ်၍ ရန်သူများသည်သူတို့ကို လိုက်လံတိုက်ခိုက်ကြလိမ့်မည်။
ငါ့နောက်သို့မလိုက်တော့ဘဲ လှည့်၍ထွက် ခွာသွားသူများအားလည်းကောင်း၊ ငါ့ထံ မချဉ်းကပ် ငါ၏ပို့ဆောင်လမ်းပြမှုကို လည်းမတောင်းခံသူများအားလည်းကောင်း ငါသုတ်သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။
သူတို့အထဲမှကျမ်းတတ်ဆရာတစ်ယောက် က ``ဆရာတော်၊ ပညတ်ကျမ်းမှာအဘယ်ပညတ် သည်အကြီးမြတ်ဆုံးဖြစ်ပါသနည်း'' ဟုပရိ ယာယ်ဆင်၍မေးလျှောက်လေ၏။-
သို့ဖြစ်၍သူသည်ထိုနေရာသို့ပြန်သွား သောအခါ သပ်ရပ်စွာလှဲကျင်းထားသည် ကိုတွေ့သော်၊-
ငါတို့သည်တွန့်ဆုတ်သဖြင့်ဆုံးပါးပျက် စီးရသူများမဟုတ်ဘဲ ယုံကြည်သဖြင့် ကယ်တင်ခြင်းကိုခံရသူများဖြစ်ကြ၏။
ထိုသူတို့သည်အမှန်စင်စစ်အဘယ်အခါကမျှ ငါတို့မိတ်သဟာယတွင်မပါဝင်ခဲ့ကြသဖြင့် ငါတို့ထံမှထွက်ခွာသွားကြ၏။ အကယ်၍သူ တို့သည်ငါတို့မိတ်သဟာယတွင်ပါဝင်ခဲ့ပါမူ ငါတို့နှင့်အတူရှိနေကြမည်ဖြစ်၏။ သူတို့ သည်အမှန်ပင်ငါတို့မိတ်သဟာယတွင်မပါ ဝင်ကြောင်းသိသာထင်ရှားစေရန် သူတို့သည် ငါတို့ထံမှထွက်ခွာသွားကြ၏။
ရှမွေလကလည်း``သင်နှင့်ငါမပြန်။ သင်သည် ထာဝရဘုရား၏အမိန့်တော်ကိုပယ်သော ကြောင့် ကိုယ်တော်သည်သင့်ကိုဣသရေလ ဘုရင်အဖြစ်မှပယ်တော်မူပြီ'' ဟုဆို၏။
ထာဝရဘုရား၏ဝိညာဉ်တော်သည်ရှောလုထံ မှထွက်ခွာသွားတော်မူ၏။ ထိုအခါသူသည် ကိုယ်တော်စေလွှတ်လိုက်သည့် နတ်မိစ္ဆာ၏နှောင့် ယှက်ညှင်းဆဲခြင်းကိုခံရလေတော့သည်။-
``ငါသည်မိခါလကိုဒါဝိဒ်နှင့်စုံဖက်စေမည်။ သူ့အားကျော့ကွင်းသဖွယ်ပြု၍ဒါဝိဒ်ကို ဖိလိတ္တိအမျိုးသားတို့၏လက်ဖြင့်အသတ် ခံရစေမည်'' ဟုဆို၏။-
ရှောလုကလည်း``ငါမှားလေပြီ။ ငါ့သားဒါဝိဒ်၊ ငါ့ထံသို့ပြန်ခဲ့လော့။ သင်သည်ယနေ့ညငါ၏ အသက်ကိုချမ်းသာပေးခဲ့သဖြင့် ငါသည်သင့် အားနောင်အဘယ်အခါ၌မျှဘေးအန္တရာယ် ပြုတော့မည်မဟုတ်။ ငါသည်မိုက်မဲသူဖြစ် ချေပြီ။ အလွန်ဆိုးရွားသည့်အမှုကိုပြုမိ လေပြီတကား'' ဟုမိန့်တော်မူ၏။