ကိုယ်တော်သည်ငါ့ကိုဘေးမှလွတ်မြောက်ရန် ကူမတော်မူ၏။ ငါ့ကိုနှစ်သက်တော်မူသဖြင့်ကယ်တော်မူ၏။
ဆာလံ 31:9 - Common Language Bible ကျွန်တော်မျိုးသည်ဒုက္ခရောက်လျက်ရှိသဖြင့် အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားသနားတော်မူပါ။ များစွာငိုကြွေးရသဖြင့်ကျွန်တော်မျိုး၏ မျက်စိများသည်ကျိန်းစပ်လျက်နေပါ၏။ ကျွန်တော်မျိုး၏အားအင်သည်လည်း လုံးဝကုန်ခန်းလျက်နေပါပြီ။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ အ ကျဉ်း အ ကျပ် ရောက် သော အ ကျွန်ုပ် ကို၊ က ရု ဏာ သက် တော် မူ ပါ။ မျက် စိ သည်၊ ကိုယ် စိတ် များ ပါ၊ ပူ ဆွေး ခြင်း ကြောင့်၊ အား ဆုတ် လျက် ရှိ ပါ ၏။ Judson Bible အိုထာဝရဘုရား၊ အကျွန်ုပ်၌အမှုရောက်ပါပြီ။ ထိုကြောင့် အကျွန်ုပ်ကိုသနားတော်မူပါ။ ပူပန်ခြင်းအားဖြင့် အကျွန်ုပ်မျက်စိ၊ စိတ်နှလုံး၊ ဝမ်းတို့သည်ပျက်ကြပါပြီ။ မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ အကျွန်ုပ်သည် ဘေးဥပဒ်နှင့်ကြုံတွေ့နေရသည်ဖြစ်၍ အကျွန်ုပ်ကို သနားတော်မူပါ။ ပူဆွေးခြင်းကြောင့် အကျွန်ုပ်၏မျက်စိ၊ အကျွန်ုပ်၏ဝိညာဉ်နှင့်အကျွန်ုပ်၏ကိုယ်ခန္ဓာသည် အားလျော့ကြပါပြီ။ |
ကိုယ်တော်သည်ငါ့ကိုဘေးမှလွတ်မြောက်ရန် ကူမတော်မူ၏။ ငါ့ကိုနှစ်သက်တော်မူသဖြင့်ကယ်တော်မူ၏။
ဝမ်းနည်းခြင်းအားကြီးသောကြောင့် ငါ့မျက်စိ မှုန်၏။ ကိုယ်အင်္ဂါများတို့သည် အရိပ်ကဲ့သို့ ဖြစ်ကြ၏။
အချို့သောသူတို့သည်မှောင်မိုက်အတိဖုံးလွှမ်းရာ အရပ်၌နေထိုင်ရလျက်သံကြိုးဖြင့် ချည်နှောင်ခြင်းခံရလျက်ဒုက္ခခံရကြ၏။
ငါသည်မှန်ရာကိုပြုသဖြင့်ကိုယ်တော်သည် ငါ့အားကောင်းကျိုးကိုချပေးတော်မူ၏။ ငါသည်အပြစ်ကင်းသူဖြစ်၍ကောင်းချီး ပေးတော်မူ၏။
ကျွန်တော်မျိုးသည်ရန်သူများကိုလိုက်လံ ဖမ်းဆီးပါ၏။ သူတို့အားနှိမ်နင်းနိုင်သည့်အထိမရပ် မနားပါ။
ကျွန်တော်မျိုးတို့သည်မြေသို့တိုင်အောင် ချေမှုန်းခြင်းကိုခံကြရပါ၏။ အရေးရှုံးနိမ့်ကာမြေမှုန့်တွင်လဲလျက် နေကြရပါ၏။
ရန်သူများကြောင့်ငိုယိုရသဖြင့်ကျွန်တော် မျိုး၏ မျက်စိများသည်ရောင်လျက်ရှိပါ၏။ ကြည့်၍ပင်မမြင်နိုင်ပါ။
ကျွန်တော်မျိုးဒုက္ခရောက်စဉ်အခါက၊ ကတိသစ္စာထားခဲ့သည့်အတိုင်းကိုယ်တော် ရှင်အား ဆက်သပါမည်။
အို ဘုရားသခင်၊ ကိုယ်တော်သည်ကျွန်တော်မျိုးအားတစ်နေ့လုံး ဒုက္ခရောက်စေတော်မူပါပြီ။ ကိုယ်တော်သည်ကျွန်တော်မျိုးအားနံနက်တိုင်း ဒဏ်ခတ်တော်မူပါပြီ။
ကျွန်တော်မျိုး၏ကိုယ်စိတ်သည်အင်အား ချိနဲ့လာပါလိမ့်မည်။ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ စွမ်းအားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်မှတစ်ပါး မည်သူ့ကိုမျှမလိုပါ။
ကျွန်တော်မျိုးခံရသောဒုက္ခကြောင့်မျက်စိများသည် ပြာဝေလျက်ရှိပါ၏။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်နေ့စဉ်နေ့တိုင်းကိုယ်တော်ရှင် အားခေါ်ပါ၏။ လက်အုပ်ချီ၍ကိုယ်တော်ထံဆုတောင်းပတ္ထနာပြုပါ၏။
ငါတို့သည်အဘယ်အခါ၌မျှမပေါ်လာသည့် အကူအညီကိုစောင့်မျှော်နေခဲ့ကြ၏။ ငါတို့သည်အဘယ်သို့မျှအကူအညီမပေး နိုင်သည့် နိုင်ငံမှအကူအညီကို ဆက်လက်စောင့်မျှော်ခဲ့ကြ၏။
ကျွန်တော်မျိုးတို့သည်စိတ်ပျက်၍ မျက်ရည်များဝိုင်းလျက်နေသဖြင့် ကျွန်တော်မျိုးတို့၏မျက်စိများသည် ကြည့်၍မမြင်နိုင်တော့ပါ။