သူသည်ငါ၏အတွက်ဗိမာန်တော်ကိုတည် ဆောက်ရမည်။ ငါသည်သူ၏ရာဇပလ္လင်ကို ထာဝစဉ်တည်မြဲစေမည်။-
ဆာလံ 28:5 - Common Language Bible သူတို့သည်ထာဝရဘုရားပြုတော်မူသော အမှုတော်တို့ကိုလည်းကောင်း၊ကိုယ်တော် ဖန်ဆင်းတော်မူသောအရာများကိုလည်းကောင်း ပမာဏမပြုကြပါ။ သို့ဖြစ်၍ကိုယ်တော်သည်သူတို့အား အပြစ်ဒဏ်ခတ်တော်မူ၍ထာဝစဉ်ဆုံးပါး ပျက်စီးစေတော်မူလိမ့်မည်။ Garrad Bible ထာ ဝ ရ ဘု ရား၏ အ မှု တော် များ ကိုလည်း ကောင်း၊ လက် တော် မှု ကိုလည်း ကောင်း၊ မ ထောက် မ ထား သော ထို သူ တို့ အား တည် ဆောက် တော် မ မူ ဘဲ၊ ဖြို လှဲ တော် မူ လိမ့် တ ကား။ Judson Bible သူတို့သည် ထာဝရဘုရား၏အမှုတော်ကိုလည်းကောင်း၊ လက်တော်နှင့် ပြုပြင်တော်မူရာကိုလည်းကောင်း မမှတ်ကြသောကြောင့်၊ တည်ဆောက်တော်မမူ၊ ဖြိုဖျက်တော်မူမည်။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ထာဝရဘုရား၏ လုပ်ဆောင်မှုတို့ကိုလည်းကောင်း၊ ကိုယ်တော်၏လက်တော်ဖြင့်ပြုသော အမှုကိုလည်းကောင်း အလေးအနက်ဆင်ခြင်ခြင်းမရှိကြသောကြောင့် ကိုယ်တော်သည် သူတို့ကိုဖြိုဖျက်၍ မည်သည့်အခါမျှ သူတို့ကို ပြန်လည်တည်ဆောက်တော်မူလိမ့်မည်မဟုတ်။ |
သူသည်ငါ၏အတွက်ဗိမာန်တော်ကိုတည် ဆောက်ရမည်။ ငါသည်သူ၏ရာဇပလ္လင်ကို ထာဝစဉ်တည်မြဲစေမည်။-
ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော့် ကျွန်အားဤအမှုအရာများကိုဖော်ပြ၍ ကိုယ်တော့်ကျွန်၏သားမြေးများကိုမင်း မြှောက်တော်မူမည်ဖြစ်ကြောင်းမိန့်တော်မူ သောကြောင့် ကိုယ်တော့်ကျွန်သည်ဤဆုတောင်း ပတ္ထနာကိုအထံတော်သို့တင်လျှောက်ဝံ့ ပါ၏။''
အကယ်၍သင်သည်ငါ၏စကားကိုအကြွင်းမဲ့ နားထောင်ကာငါ့ပညတ်တော်တို့ကိုကျင့်သုံး ပြီးလျှင် ငါ၏အစေခံဒါဝိဒ်နည်းတူငါ့အမိန့် တို့ကိုနာခံခြင်းအားဖြင့် ငါနှစ်သက်မြတ်နိုး အောင်ပြုလျှင်သင်နှင့်အတူအစဉ်အမြဲငါ ရှိမည်။ သင့်အားဣသရေလဘုရင်အဖြစ်ခန့် ထားပြီးလျှင် ဒါဝိဒ်၏သားမြေးများအတွက် ငါပြုသကဲ့သို့သင်၏သားမြေးတို့ကိုလည်း သင့်နောက်၌ဧကန်အမှန်ဆက်လက်နန်းစံ စေမည်။-
သူယုတ်မာသည်ပြုလေသမျှသောအမှုတို့တွင် အောင်မြင်တတ်သဖြင့် ဘုရားသခင်စီရင်ဆုံးဖြတ်တော်မူသောအမှု တို့ကို သိမြင်နားလည်နိုင်စွမ်းမရှိ။ ရန်သူများကိုလည်းပြက်ရယ်ပြုတတ်၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသောအရာတို့သည် များလှပါ၏။ ဉာဏ်ပညာတော်ဖြင့်ထိုအရာအပေါင်းတို့ကို ဖန်ဆင်းတော်မူပါ၏။ ကမ္ဘာမြေကြီးသည်ကိုယ်တော်ရှင် ဖန်ဆင်းတော်မူသောသတ္တဝါများနှင့် ပြည့်လျက်ရှိပါ၏။
ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသော မိုးကောင်းကင်ကိုလည်းကောင်း၊ စီမံထားရှိတော်မူသော လနှင့်ကြယ်တာရာများကိုလည်းကောင်း ကျွန်တော်မျိုးတွေ့မြင်ရပါ၏။
ရေကန်ဟောင်းမှစီးဆင်းလာသည့်ရေတို့ကို မြို့တွင်း၌သိုလှောင်ထားနိုင်ရန် ရေလှောင်ကန် တစ်ခုကိုလည်းတူးကြ၏။ သို့ရာတွင်သူ တို့သည်ဤအမှုကိုရှေးမဆွကပင် စီမံ ထားတော်မူသောအရှင်၊ ဖြစ်ပျက်စေတော် မူသောအရှင်ဘုရားသခင်ကိုမူအလေး ဂရုမပြုကြ။
မိုးကောင်းကင်သို့မျှော်ကြည့်ကြလော့။ သင်တို့မြင်ရသည့်ကြယ်များကိုအဘယ်သူ ဖန်ဆင်းတော်မူပါသနည်း။ ယင်းတို့အားစစ်သည်ဗိုလ်ခြေသဖွယ် ထုတ်ဆောင်လာတော်မူသောအရှင်ပင် ဖြစ်ပေသည်။ ကိုယ်တော်သည်ကြယ်များကိုရေတွက် ထားတော်မူပြီးလျှင်နာမည်တပ်၍ ခေါ်တော်မူပါသည်တကား။ ကိုယ်တော်သည်လွန်စွာတန်ခိုးကြီးတော်မူသဖြင့် ထိုကြယ်တို့သည်တစ်လုံးတစ်လေမျှ ပျောက်ပျက်သည့်အခါဟူ၍မရှိ။
ငါသည်ကမ္ဘာမြေကြီးကိုဖြစ်ပေါ်စေ၍လူ တို့ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်၏။ မိမိတန်ခိုးတော်အားဖြင့် မိုးကောင်းကင်ကိုဖြန့်ကြက်၍နေ၊လ၊ ကြယ်တာရာများကိုထိန်းချုပ်၍ထား၏။
ထာဝရဘုရားသည်မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏။ ကိုယ်တော်သည်ဘုရားသခင်ဖြစ်တော်မူ ပါသည်တကား။ ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုပြုပြင် ဖန်ဆင်းတော်မူ၍၊ခိုင်ခန့်တည်မြဲစေတော်မူ၏။ ယင်းကိုကိုယ်တော်သည်လူသူကင်းမဲ့ရာနေရာ အဖြစ်ဖြင့်ဖန်ဆင်းတော်မူသည်မဟုတ်။ လူတို့နေထိုင်ရာအရပ်အဖြစ်ဖြင့်ဖန်ဆင်း တော်မူပေသည်။ ကိုယ်တော်ကား``ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါးအခြားအဘယ်ဘုရားမျှမရှိ။
ငါသည်အောင်ပွဲကိုမိုးရေသဖွယ် ကောင်းကင်မှချပေးမည်။ ယင်းကိုကမ္ဘာမြေကြီးသည်ဖွင့်ဟခံယူကာ လွတ်လပ်မှုနှင့်တရားမျှတမှုတည်းဟူ သော အသီးအပွင့်များကိုဆောင်လိမ့်မည်။ ငါထာဝရဘုရားသည်ဤအမှုအရာ များကို ဖြစ်ပျက်စေတော်မူပေအံ့။''
သင်တို့၏ပွဲလမ်းသဘင်များတွင်စောင်းများ၊ ပတ်သာများ၊ ပလွေများနှင့်စပျစ်ရည်ပါ တတ်၏။ သို့ရာတွင်ထာဝရဘုရားအဘယ် သို့ပြုတော်မူလျက်နေသည်ကို သင်တို့မသိ ကြ။-
သင်တို့အားတစ်ဖန်ငါပြန်လည်ထူထောင်ပေး မည်။ သင်တို့သည်ပတ်သာများကိုတစ်ဖန်တီး မှုတ်၍ ပျော်ရွှင်စွာကခုန်ရကြလိမ့်မည်။-
ပညာဉာဏ်ရှိသူ၊ ခွဲခြားဝေဖန်နိုင်သူတို့သည် ဤကျမ်းတွင်ရေးထားသမျှတို့ကိုသဘော ပေါက်နားလည်၍မှတ်သားနိုင်ကြစေ။ ထာဝရ ဘုရားချမှတ်သောနည်းလမ်းတို့သည်မှန်ကန် သဖြင့် ဖြောင့်မတ်သူတို့သည်ထိုနည်းလမ်းများ အတိုင်းလိုက်နာ၍ အသက်ရှင်နေထိုင်ကြ၏။ သို့သော်အပြစ်ကူးသူတို့မူကား ထိုနည်း လမ်းများကိုမလိုက်နာကြသဖြင့်ခြေ ချော်၍လဲကျကြသတည်း။ ပရောဖက်ဟောရှေစီရင်ရေးသားထား သောအနာဂတ္တိကျမ်းပြီး၏။
မှော်အတတ်၊စုန်းအတတ်တို့၏အကူအညီဖြင့် ဣသရေလအမျိုးသားတို့ကို၊ အဘယ်သူမျှမတိုက်ခိုက်နိုင်။ ဘုရားသခင်သည်ဣသရေလအမျိုးသား တို့အား ကျေးဇူးပြုတော်မူပုံမှာ အံ့သြဘွယ်ဟူ၍ဆိုစမှတ်ပြုကြလိမ့်မည်။
သူတို့၏မျက်မှောက်တွင်များစွာသောနိမိတ် လက္ခဏာတို့ကိုပြတော်မူခဲ့သော်လည်း သူတို့သည်ကိုယ်တော်ကိုမယုံကြည်ကြ။-
ကမ္ဘာလောကကိုဘုရားသခင်ဖန်ဆင်းတော်မူ ချိန်မှစ၍ လူတို့သည်ကိုယ်တော်၏ထာဝရ တန်ခိုးတော်နှင့် ဘုရားသခင်၏အဖြစ်တော် တည်းဟူသောမျက်မြင်မရသောဂုဏ်အင်္ဂါ များကိုကောင်းစွာသိနားလည်နိုင်လေသည်။ သူတို့သည်ဤသို့သောကိုယ်တော်၏ဂုဏ်အင်္ဂါ လက္ခဏာများကိုမမြင်နိုင်သော်လည်းသိ နိုင်ကြ၏။ ယင်းသို့သိနိုင်ခြင်းမှာသူတို့ သည်ဘုရားသခင်ဖန်ဆင်းတော်မူသောအရာ များကိုတွေ့မြင်နိုင်သောကြောင့်ဖြစ်၏။ ထို့ ကြောင့်ထိုသူတို့မှာမိမိတို့ကူးလွန်သည့် အပြစ်များအတွက်ဆင်ခြေပေးစရာ မရှိတော့ပေ။-
ထိုသူတို့သည်ဘုရားကိုဘုရားဟူ၍ မအောက်မေ့ကြသဖြင့် ဘုရားသခင်သည် သူတို့အားစွန့်ပစ်တော်မူသောကြောင့် သူတို့ သည်မှန်ကန်စွာစဉ်းစားဆင်ခြင်နိုင်စွမ်းမရှိ တော့ဘဲမပြုကျင့်သင့်သောအရာများကို ပြုကျင့်ကြကုန်၏။-