လူကိုစောင့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ် ရှိသည်မှန်ပါစေတော့။ ကိုယ်တော်ရှေ့မှာ အဘယ်သို့ ပြုရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်ကိုကိုယ်ရွံ့ရှာရ သည်တိုင်အောင် အကျွန်ုပ်ကို အဘယ်ကြောင့် ပစ်စရာ စက်သွင်းတော်မူသနည်း။
ဆာလံ 21:12 - Common Language Bible မင်းကြီးသည်လေးနှင့်ခွင်းတော်မူလျက် သူတို့အား တပ်ခေါက်၍ထွက်ပြေးစေတော်မူလိမ့်မည်။ Garrad Bible ကိုယ် တော် သည် မျက် နှာ ရင် ဆိုင် လေး ညှို့ တင် လျက် ကျော ခိုင်း စေ တော် မူ မည်။ Judson Bible ထိုကြောင့် သူတို့မျက်နှာတစ်ဖက်၌ လေးမြားတို့ကိုရွယ်၍၊ သူတို့ကျောကို လှည့်စေတော်မူမည်။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကိုယ်တော်သည် ကိုယ်တော်၏လေးကြိုးကိုတင်လျက် သူတို့၏မျက်နှာကိုချိန်ထား၍ သူတို့ကိုနောက်လှည့်ပြေးစေတော်မူလိမ့်မည်။ |
လူကိုစောင့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ် ရှိသည်မှန်ပါစေတော့။ ကိုယ်တော်ရှေ့မှာ အဘယ်သို့ ပြုရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်ကိုကိုယ်ရွံ့ရှာရ သည်တိုင်အောင် အကျွန်ုပ်ကို အဘယ်ကြောင့် ပစ်စရာ စက်သွင်းတော်မူသနည်း။
ကိုယ်တော်သည်မြားတော်တို့ကိုပစ်လွှတ်တော် မူလျက် ရန်သူများကိုကွဲလွင့်စေတော်မူ၏။ လျှပ်စစ်ပြက်စေတော်မူလျက်သူတို့အား ထွက်ပြေးစေတော်မူ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ထံမှရန်သူ များကို ထွက်ပြေးစေတော်မူပါ၏။ ကျွန်တော်မျိုးသည်လည်းမိမိကိုမုန်းသူတို့အား ချေမှုန်းသုတ်သင်ပစ်ပါ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ရန်သူများထံမှထွက်ပြေးစေတော်မူပါ၏။ သူတို့သည်လည်းကျွန်တော်မျိုးတို့၏ ပစ္စည်းဥစ္စာများကိုအပိုင်သိမ်းယူကြပါ၏။
ကိုယ်တော်ရှင်အားကျွန်တော်မျိုး တောင်းလျှောက်သောနေ့၌ရန်သူတို့သည် တပ်လန်ကြပါလိမ့်မည်။ ဘုရားသခင်သည်ငါ၏ဘက်တွင်ရှိတော်မူ ကြောင်းကို ငါသိ၏။
သို့ရာတွင်ဘုရားသခင်သည်ထိုသူတို့အား မြားတော်ဖြင့်ပစ်တော်မူ၍ချက်ချင်းပင် ဒဏ်ရာရစေတော်မူ၏။
ကိုယ်တော်ရှင်ကြွလာတော်မူသောအခါ၊ ကျွန်တော်မျိုး၏ရန်သူများသည်ဆုတ်ခွာ ထွက်ပြေးကြပါ၏။ သူတို့သည်လဲကျသေဆုံးကြပါ၏။
သင်တို့၏စီမံကိန်းများကိုရေးဆွဲကြလော့။ သို့ရာတွင်ထိုစီမံကိန်းတို့သည်အဘယ်အခါ ၌မျှအောင်မြင်လိမ့်မည်မဟုတ်။ သင်တို့ပြော လိုသမျှသောစကားများကိုပြောဆိုကြလော့။ သို့ရာတွင်ယင်းတို့သည်အချည်းနှီးသာလျှင် ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည်ငါတို့နှင့်အတူရှိတော်မူသော ကြောင့်ဖြစ်၏။