ကိုယ်တော်သည်ငါ့အားရန်သူများကိုအောင် မြင်ခွင့် ပေးတော်မူ၏။ လူမျိုးတကာတို့ကိုငါ၏လက်အောက်သို့ ရောက်စေတော်မူလျက်၊
ဆာလံ 18:47 - Common Language Bible ကိုယ်တော်သည်ငါ့အားရန်သူများကို အောင်မြင်ခွင့်ပေးတော်မူ၏။ လူမျိုးတကာတို့ကိုငါ၏လက်အောက်သို့ ရောက်စေတော်မူလျက်၊ Garrad Bible ထို ဘု ရား သ ခင် ပင်၊ ငါ့ အ တွက် လက် စား ချေ ၍၊ လူ မျိုး တို့ ကို ငါ့ အောက် သို့ နှိမ့် နင်း သည့် ပြင်၊ ရန် သူ တို့ လက် မှ ငါ့ ကို ကယ် နုတ် တော် မူ ၏။ Judson Bible ငါ့ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့အောက်မှာ နှိမ့်ချသောသူကား ဘုရားသခင်ပေတည်း။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် ငါ့အတွက်လက်တုံ့ပြန်ပေး၍ လူမျိုးတို့ကို ငါ့လက်အောက်သို့ ရောက်စေတော်မူ၏။ |
ကိုယ်တော်သည်ငါ့အားရန်သူများကိုအောင် မြင်ခွင့် ပေးတော်မူ၏။ လူမျိုးတကာတို့ကိုငါ၏လက်အောက်သို့ ရောက်စေတော်မူလျက်၊
ကိုယ်တော်သည်ငါ့ကိုကွယ်ကာရာငါ့ခံတပ်၊ ငါ့ရဲတိုက်၊ငါ၏ကယ်တင်ရှင်၊ငါကိုးစားရာ ဒိုင်းလွှားဖြစ်တော်မူ၏။ ကိုယ်တော်သည်လူမျိုးတကာတို့ကိုငါ၏ လက်အောက်သို့ရောက်စေတော်မူ၏။
ကိုယ်တော်သည်ငါတို့အားလူမျိုးတကာတို့ကို အနိုင်ရစေ၍ တိုင်းနိုင်ငံတို့ကိုအုပ်စိုးစေတော်မူ၏။
လာကြ၊ထာဝရဘုရားအားထောမနာပြု ကြကုန်အံ့။ ငါတို့ခိုလှုံရာဘုရားသခင်၏ဂုဏ်တော်ကို ဝမ်းမြောက်စွာသီချင်းဆိုကြကုန်အံ့။
ထာဝရအရှင်ဘုရားသခင်သည်မိမိအား အံတုဖက်ပြိုင်သူတို့ကိုသည်းခံတော်မမူ။ ကိုယ်တော်သည်အတိုက်အခံပြုသူများကို အပြစ်ဒဏ်ခတ်တော်မူ၏။ အမျက်တော်ထွက်၍သူတို့အား လက်စားချေတော်မူ၏။
မိတ်ဆွေတို့ဘယ်သောအခါမျှလက်စား မချေကြနှင့်။ ဘုရားသခင်ကသာအပြစ် ဒဏ်စီရင်တော်မူပါစေ။ ကျမ်းစာတော်တွင် ``ထာဝရဘုရားက `ငါသည်လက်စားချေ မည်။ အပြစ်နှင့်အလျောက်ငါဆပ်ပေးမည်' ဟုမိန့်တော်မူ၏'' ဟုဖော်ပြသည်။-
ထာဝရဘုရားသည်ရန်သူတို့အားဒဏ်ခတ်၍ လက်စားချေတော်မူမည်။ သူတို့ရှုံးနိမ့်ရသောအချိန်ရောက်လိမ့်မည်။ သူတို့ပျက်စီးရသောအချိန်နီးပြီ။