ဆာလံ 18:22 - Common Language Bible ငါသည်ကိုယ်တော်၏ပညတ်တော်ရှိသမျှကို စောင့်ထိန်းခဲ့၏။ ကိုယ်တော်၏အမိန့်တော်တို့ကိုမဖီဆန်ခဲ့ပါ။ Garrad Bible ငါ့ ရှေ့ ၌ ဆုံး ဖြတ် တော် မူ ချက် ရှိ သ မျှ တည် သည့် အ လျောက်၊ ထုံး ဖွဲ့ တော် မူ ချက် များ ကို မ စွန့် မ ပယ်။ Judson Bible စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက်ပြု၏။ အထုံးအဖွဲ့တော်တို့ကိုမပယ်၊ မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်ရှိသမျှတို့ကို ငါမျက်မှောက်ပြုပါ၏။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့မှ ငါလွှဲရှောင်မသွားပါ။ |
ကွန်တော်မျိုးသည်သေသည့်တိုင်အောင် ပညတ်တော်တို့ကိုစောင့်ထိန်းရန်သန္နိဋ္ဌာန် ပြုပါပြီ။
ဘေးမဲ့လုံခြုံမှုရရှိစေရန်ကွန်တော်မျိုးအား ထူပင့်တော်မူပါ။ ကွန်တော်မျိုးသည်အထုံးအဖွဲ့တော်တို့ကို အစဉ်အမြဲဂရုစိုက်ပါမည်။
သို့ဖြစ်၍ကွန်တော်မျိုးသည်ဥပဒေသတော် ရှိသမှတို့ကိုစောင့်ထိန်း၍ လမ်းမှားရှိသမှတို့ကိုမုန်းပါ၏။
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်ပေးအပ်တော် မူသော ပညတ်တော်အပေါင်းကိုအသံကယ်စွာ ရွတ်ဆိုပါမည်။
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏စကား တော်ကို နားထောင်ရန်ရွေးခယ်ပါပြီ။ ကိုယ်တော်ရှင်၏စီရင်ဆုံးဖြတ်ခက်တို့ကို အာရုံစိုက်ပါပြီ။
ထိုနောက်သခင်ယေရှုသည်ထိုသူ့ကိုဗိမာန် တော်ထဲတွင်တွေ့တော်မူသဖြင့် ``သင်သည်ယခု ကျန်းမာလာလေပြီ။ နောက်ထပ်အပြစ်မကူး နှင့်။ သို့မဟုတ်ပါမူ သင်သည်ဤမျှထက်ဆိုး ရွားသောအဖြစ်မျိုးနှင့်ကြုံရလိမ့်မည်'' ဟု မိန့်တော်မူ၏။
`အကျွန်ုပ်သည်ပေးကမ်းရန်သီးသန့်ထား သောဆယ်ဖို့တစ်ဖို့ကို အိမ်တွင်ခြွင်းချန်မ ထားပါ။ ကိုယ်တော်မိန့်မှာတော်မူသည့်အတိုင်း လေဝိအမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ကလေးများနှင့်မုဆိုးမများအား ပေးကမ်းပါပြီ။ ဆယ်ဖို့တစ်ဖို့နှင့်ဆိုင်၍ ကိုယ်တော်ပညတ်သမျှတို့ကိုမချိုးဖောက်၊ မမေ့လျော့ပါ။-
အကျွန်ုပ်သည်သေသူအတွက်ဝမ်းနည်းကြေ ကွဲနေစဉ် ထိုဆယ်ဖို့တစ်ဖို့ထဲမှယူ၍မစား ခဲ့ပါ။ ဘာသာရေးထုံးနည်းအရအကျွန်ုပ် မသန့်ရှင်းစဉ် ထိုဆယ်ဖို့တစ်ဖို့ကိုအိမ်အပြင် သို့မထုတ်ပါ။ ထိုဆယ်ဖို့တစ်ဖို့မှယူ၍သေ သူအားမပူဇော်ပါ။ အို ထာဝရဘုရား၊ ကိုယ်တော်၏အမိန့်တော်ကိုအကျွန်ုပ်နာခံ ပါ၏။ ဆယ်ဖို့တစ်ဖို့နှင့်ဆိုင်၍ကိုယ်တော် ပညတ်သမျှအတိုင်းဆောင်ရွက်ပြီးပါပြီ။-