အကျွန်ုပ်ပြစ်မှားခြင်းကို အဘယ်ကြောင့် သည်းခံတော်မမူသနည်း။ အကျွန်ုပ်အပြစ်ကို အဘယ် ကြောင့် ဖြေရှင်းတော်မမူသနည်း။ ယခုမှာအကျွန်ုပ်သည် မြေမှုန့်၌အိပ်ရပါမည်။ ကိုယ်တော်သည် နံနက်အချိန်၌ ရှာတော်မူသောအခါ၊ အကျွန်ုပ်မရှိပါဟု မြွက်ဆို၏။
ဆာလံ 141:1 - Common Language Bible အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားကျွန်တော်မျိုးဟစ်ခေါ်ပါ၏။ ယခုပင်ကျွန်တော်မျိုးအားကူမတော်မူပါ။ ကိုယ်တော်ရှင်အားကျွန်တော်မျိုးဟစ်ခေါ်သော အခါ နားထောင်တော်မူပါ။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော့် ထံ အ ကျွန်ုပ် ဟစ် ခေါ် လျက်၊ အ လျင် အ မြန် ကြွ တော် မူ ပါ။ ဟစ် ခေါ် သော အ ခါ၊ နား ညောင်း တော် မူ ပါ။ Judson Bible အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ အလျင်အမြန် ကြွလာတော်မူပါ။ ကိုယ်တော်ကို အော်ဟစ်သောအခါ၊ အကျွန်ုပ်၏စကားသံကို နားထောင်တော်မူပါ။ မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါ၏။ အကျွန်ုပ်ထံသို့ အလျင်အမြန်ကြွလာတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကိုခေါ်သောအခါ အကျွန်ုပ်၏အသံကိုစူးစိုက်နားထောင်တော်မူပါ။ |
အကျွန်ုပ်ပြစ်မှားခြင်းကို အဘယ်ကြောင့် သည်းခံတော်မမူသနည်း။ အကျွန်ုပ်အပြစ်ကို အဘယ် ကြောင့် ဖြေရှင်းတော်မမူသနည်း။ ယခုမှာအကျွန်ုပ်သည် မြေမှုန့်၌အိပ်ရပါမည်။ ကိုယ်တော်သည် နံနက်အချိန်၌ ရှာတော်မူသောအခါ၊ အကျွန်ုပ်မရှိပါဟု မြွက်ဆို၏။
အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို ကြားတော်မူပါ။ ဖြောင့်မတ်တော်မူသည်ဖြစ်၍ကျွန်တော်မျိုး အသနားခံသည်ကိုနားထောင်တော်မူပါ။ သစ္စာစောင့်တော်မူသည်ဖြစ်၍ ကျွန်တော်မျိုး၏ပန်ကြားလျှောက်ထားသည်ကို နားညောင်းတော်မူပါ။
အို ထာဝရဘုရား၊ ယခုပင်လျှင်ကျွန်တော်မျိုးပန်ကြား လျှောက်ထားချက်ကိုနားညောင်းတော်မူပါ။ ကျွန်တော်မျိုးသည်လုံးဝမျှော်လင့်ရာမဲ့လျက် နေပါပြီ။ ကျွန်တော်မျိုးအားမျက်နှာလွှဲတော်မမူပါနှင့်။ ယင်းသို့ပြုတော်မူပါလျှင်ကျွန်တော်မျိုးသည် မရဏာနိုင်ငံသို့သွားရသူကဲ့သို့ဖြစ်ပါလိမ့်မည်။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးနှင့်ဝေးဝေးနေတော်မမူပါနှင့်။ လျင်မြန်စွာကြွလာ၍ကယ်တော်မူပါ။
ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သောဗိမာန် တော်သို့ လက်အုပ်ချီလျက်``ကူမတော်မူပါ'' ဟု ကျွန်တော်မျိုးဟစ်အော်သောအခါ နားထောင်တော်မူပါ။
ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားသူတို့သည် အရေးရှုံးနိမ့်၍ကစဥ့်ကရဲဖြစ်ကြပါစေ သော။ ကျွန်တော်မျိုး၏ဆင်းရဲဒုက္ခများကိုအကြောင်းပြု၍ ဝမ်းမြောက်ကြသူတို့သည်တပ်လန်၍ကွဲကြ ပါစေသော။
ကျွန်တော်မျိုးသည်အားအင်ချိနဲ့လျက် ဆင်းရဲ၍နေပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုးထံသို့လျင်မြန်စွာကြွလာ တော်မူပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တင်တော်မူသောအရှင်၊ကျွန်တော်မျိုး၏ ထာဝရဘုရားဖြစ်တော်မူ၏။ ကျွန်တော်မျိုးအားကူမရန်အလျင်အမြန် ကြွတော်မူပါ။
အို ဘုရားသခင်၊ ဝေးဝေးနေတော်မမူပါနှင့်။ ကျွန်တော်မျိုး၏ဘုရားသခင်၊ကျွန်တော်မျိုး အား ကူမရန်အလျင်အမြန်ကြွတော်မူပါ။