အနန္တတန်ခိုးရှင်သည် အဘယ်သို့သောသူဖြစ်၍ ငါတို့သည် ဝတ်ပြုရမည်နည်း။သူ့ကိုဆုတောင်းလျှင် အဘယ်ကျေးဇူးရှိလိမ့်မည်နည်းဟူ၍၎င်း ဆိုတတ်ကြ၏။
ဆာလံ 14:4 - Common Language Bible ထာဝရဘုရားက ``ထိုသူတို့သည်မသိနားမလည်သူများပေလော။ ဤသူယုတ်မာများသည်အသိပညာကင်းမဲ့ သူများပေလော။ သူတို့သည်ငါ၏လူစုတော်ထံမှလုယူ တိုက်ခိုက်၍ အသက်မွေးကြကုန်သည်။ ငါ၏ထံသို့လည်းဆုတောင်းပတ္ထနာမပြု ကြ'' ဟုမိန့်တော်မူ၏။ Garrad Bible ငါ့ လူ မျိုး ကို ထ မင်း အ ဖြစ် စား လျက်၊ ထာ ဝ ရ ဘု ရား ကို ပ ဌ နာ မ ပြု ဘဲ၊ ဒု စ ရိုက် ပြု ကျင့် သော သူ ခပ် သိမ်း တို့ သည်၊ အ သိ ပညာ မဲ့ ကြ သ လော။ Judson Bible မုန့်ကိုစားသကဲ့သို့ ငါ၏လူတို့ကိုကိုက်စား၍၊ ထာဝရဘုရားကိုပတ္ထနာမပြုသော အဓမ္မလူအပေါင်းတို့သည် မသိဘဲ နေရကြသလော။ မြန်မာ့စံမီသမ္မာကျမ်း အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့သည် ဘာမျှမသိကြသလော။ သူတို့သည် မုန့်စားသကဲ့သို့ ငါ၏လူမျိုးကိုဝါးမျိုကြ၏။ ထာဝရဘုရားကိုလည်း ခေါ်ဆိုပတ္ထနာပြုခြင်းမရှိ။ |
အနန္တတန်ခိုးရှင်သည် အဘယ်သို့သောသူဖြစ်၍ ငါတို့သည် ဝတ်ပြုရမည်နည်း။သူ့ကိုဆုတောင်းလျှင် အဘယ်ကျေးဇူးရှိလိမ့်မည်နည်းဟူ၍၎င်း ဆိုတတ်ကြ၏။
ထိုသူသည် အနန္တတန်ခိုးရှင်၌ မွေ့လျော်လိမ့်မည်လော။ ဘုရားသခင်ကို အစဉ်ပဌာနပြုလိမ့်မည် လော။
ဆိုးညစ်သူတို့ငါ့ကိုသတ်ရန်တိုက်ခိုက်ကြသော အခါ သူတို့သည်ခြေချော်၍လဲကြ၏။
ကိုယ်တော်ရှင်အားရှိမခိုး၊ဝတ်မပြုသည့် လူမျိုးတို့အားလည်းကောင်း၊ကိုယ်တော်ရှင်ထံ ဆုတောင်းပတ္ထနာမတောင်းမလျှောက် သူတို့အားလည်းကောင်းအမျက်ထွက်တော်မူပါ။
``သင်တို့သည်အသိဉာဏ်ကင်းမဲ့လျက်လွန်စွာပင် မိုက်မဲကြပါသည်တကား။ သင်တို့သည်လုံးဝအကျင့်ပျက်ကြပြီ။ တရားမျှတမှုသည်ကမ္ဘာလောကမှ ကွယ်ပျောက်သွားလေပြီ။
ဆင်းရဲသောသူတို့ကို မြေကြီးပေါ်က၎င်း၊ ငတ်မွတ်သောသူတို့ကို လူစုထဲက၎င်း၊ ကိုက်စားပယ်ရှင်း စရာဘို့ သန်လျက်နှင့်တူသောသွား၊ ထားနှင့်တူသော အံနှင့် ပြည့်စုံသော လူတမျိုးရှိ၏။
သစ်ပင်များမှအကိုင်းအခက်တို့သည်ကျိုး ကျခြောက်သွေ့လျက်ရှိသဖြင့် အမျိုးသမီး များသည်လာ၍ထင်းခွေကြလေသည်။ လူတို့ သည်အသိတရားမရှိကြသဖြင့် သူတို့၏ ဖန်ဆင်းတော်မူရှင်ဘုရားသခင်သည်သူတို့ အားသနားကြင်နာကရုဏာထားတော်မူ လိမ့်မည်မဟုတ်။
သို့ဖြစ်၍ငါသည်သူတို့မမျှော်လင့်သည့်ဘေး ဒုက္ခတစ်ခုပြီးတစ်ခုသက်ရောက်စေ၍ သူတို့ အားတုန်လှုပ်ချောက်ချားစေမည်။ ပညာရှိတို့ သည်လူမိုက်များဖြစ်ကုန်ကြလျက်၊ သူတို့ ၏အသိအလိမ္မာမှန်သမျှသည်လည်း သူတို့ အားအဘယ်သို့မျှအကျိုးပြုလိမ့်မည် မဟုတ်'' ဟုယခုမိန့်တော်မူပါ၏။
ထာဝရဘုရားက၊ ``လူမျိုးတကာတို့လာရောက်စုဝေးကြလော့။ ဧကရာဇ်နိုင်ငံကျဆုံးပြီးနောက်အသက် မသေဘဲ ကျန်ရှိနေသူအပေါင်းတို့၊ အချင်းအသိပညာကင်းမဲ့သူတို့၊ မိမိတို့၏သစ်သားရုပ်တုများကို ခင်းကျင်းပြသကာ၊ ကယ်တင်နိုင်စွမ်းမရှိသည့်ဘုရားများထံတွင် ဆုတောင်းပတ္ထနာပြုသူတို့၊ တရားဆိုင်ရန်လာရောက်ကြလော့။
ထို့ကြောင့်သင်တို့သည်သုံ့ပန်းများအဖြစ် ဖြင့်ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံရ ကြလိမ့်မည်။ သင်တို့၏ခေါင်းဆောင်များသည် အစာငတ်၍သေဆုံးကြလိမ့်မည်။ လူအပေါင်း တို့သည်ရေငတ်ကြလိမ့်မည်။-
ကျွန်တော်မျိုးတို့အားလုံးအပြစ်သားများ ဖြစ်ကြပါ၏။ ကျွန်ုပ်တို့၏အကောင်းဆုံး အကျင့်ပင်လျှင်လုံးဝဥဿုံရွံရှာဖွယ်သာ ဖြစ်ပါ၏။ ကျွန်တော်မျိုးတို့သည်မိမိတို့၏ အပြစ်များကြောင့်လေလွင့်ရွက်ခြောက်များ နှင့်တူကြပါ၏။-
ကိုယ်တော်ရှင်၏နာမတော်နှင့်ထံတော်သို့ တစ်ဦးတစ်ယောက်မျှဆုတောင်းပတ္ထနာမ ပြုပါ။ ``ကူမတော်မူပါ'' ဟုလည်းတစ်ဦး တစ်ယောက်မျှလာရောက်ပန်ကြားမှုမပြု ပါ။ ကျွန်တော်မျိုးတို့အပြစ်များကြောင့် ကိုယ်တော်ရှင်သည်မျက်နှာတော်ကိုလွှဲ တော်မူ၍ကျွန်တော်မျိုးတို့အားစွန့်ပစ် တော်မူပါပြီ။
ကိုယ်တော်ရှင်၏နာမတော်ကိုအသိအမှတ် မပြုသူ၊ ကိုယ်တော်ရှင်အားပစ်ပယ်သူတို့အပေါ် အမျက်တော်ကိုသွန်းလောင်းတော်မူပါ။ သူတို့သည်ယာကုပ်အမျိုးအားသတ်ဖြတ်ကြ ပါပြီ။ ကျွန်တော်မျိုးတို့အားအကုန်အစင်သုတ်သင် ပယ်ရှင်း၍ ကျွန်တော်မျိုးတို့ပြည်ကိုလည်းယိုယွင်းပျက်စီး စေကြပါပြီ။
``သူတို့သည်ပူပြင်းသောဒေါသစိတ်မွှန်၍ အုပ်ချုပ်သူများကိုသတ်ကြ၏။ သူတို့သည် ဘုရင်များကိုတစ်ပါးပြီးတစ်ပါးလုပ်ကြံ သတ်ဖြတ်ကြ၏။ သို့ရာတွင်မည်သူကမျှ ငါ့ထံသို့ကူမရန်ဆုတောင်းပတ္ထနာမ ပြုကြ'' ဟုမိန့်တော်မူ၏။
ငတ်မွတ်သူများကိုနင်းချေ၍ဆင်းရဲသော ပြည်သူတို့အား ဖိနှိပ်ချုပ်ချယ်နေကြသူ တို့၊ ဤစကားကိုနားထောင်ကြလော့။-
ထိုသူတို့သည်ဘုရားကိုဘုရားဟူ၍ မအောက်မေ့ကြသဖြင့် ဘုရားသခင်သည် သူတို့အားစွန့်ပစ်တော်မူသောကြောင့် သူတို့ သည်မှန်ကန်စွာစဉ်းစားဆင်ခြင်နိုင်စွမ်းမရှိ တော့ဘဲမပြုကျင့်သင့်သောအရာများကို ပြုကျင့်ကြကုန်၏။-
သို့သော်သားရဲတိရစ္ဆာန်အချင်းချင်းကိုက်သတ် ကြသကဲ့သို့ သင်တို့ပြုကြပါလျှင် အချင်း ချင်းဖျက်ဆီးရာရောက်မည်ဖြစ်ကြောင်းသတိ ပြုကြလော့။