ဆာလံ 137:6 - Common Language Bible ငါသည်သင့်ကိုသတိမရလျှင်သော်လည်းကောင်း၊ သင့်ကိုငါ့အားဝမ်းမြောက်ရွှင်လန်းဆုံးဖြစ်စေသည့် မြို့အဖြစ်ဖြင့် အမြတ်တနိုးမထားလျှင်သော်လည်းကောင်း ငါသည်နောက်တစ်ဖန်အဘယ်အခါ၌မျှ သီချင်းမဆိုနိုင်ဘဲနေပါစေသော။ Garrad Bible သ တိ မ ရ ဘဲ၊ သု ခ အ ထူး ထက်၊ ယေ ရု ရှ လင် မြို့ ကို ငါ မ မြတ် နိုး လျှင်၊ လျှာ သည် အာ ခေါင် ၌ ကပ် ပါ စေ။ Judson Bible သင့်ကို ငါမအောက်မေ့၊ အမြတ်ဆုံးသော ဝမ်းမြောက်ခြင်းအကြောင်းထက်၊ ယေရုရှလင်မြို့ကို အမြတ်မထားလျှင်၊ ငါ့လျှာသည် အာခေါင်၌ကပ်ပါစေ။ မြန်မာ့စံမီသမ္မာကျမ်း သင့်ကို ငါသတိမရခဲ့လျှင်လည်းကောင်း၊ ဂျေရုဆလင်မြို့ကို ငါ့ဝမ်းမြောက်ခြင်း၏ထိပ်ဆုံး၌ မထားခဲ့လျှင်လည်းကောင်း ငါ၏လျှာသည် အာခေါင်၌ကပ်နေပါစေ။ |
ကျွန်တော်မျိုး၏လည်ချောင်းသည်မြေမှုန့် ကဲ့သို့ ခြောက်လျက်ကျွန်တော်မျိုး၏လျှာသည်လည်း အာခေါင်တွင်ကပ်၍နေပါ၏။ ကိုယ်တော်သည်ကျွန်တော်မျိုးအားသေစေရန် မြေမှုန့်တွင်စွန့်ပစ်ထားတော်မူပါပြီ။
ကိုယ်တော်ရှင်၏ဗိမာန်တော်တွင်တစ်ရက်မျှ နေရခြင်းသည် အခြားသောအရပ်တွင်ရက်ပေါင်းတစ်ထောင် နေရခြင်းထက်သာ၍မြတ်ပါ၏။ ဘုရားသခင်၏အိမ်တော်တံခါးစောင့်ဖြစ်ရ ခြင်းသည် သူယုတ်မာတို့၏အိမ်တွင်နေရခြင်းထက် သာ၍မြတ်ပါ၏။
ငါ၏လူမျိုးတော်သည်ရေကိုလို၍ ရှာသောအခါ၌လည်းကောင်း၊ သူတို့သည်ရေငတ်သဖြင့်လည်ချောင်း ခြောက်သည့်အခါ၌လည်းကောင်း ငါထာဝရဘုရားသည်သူတို့၏ဆုတောင်း ပတ္ထနာကို နားညောင်းတော်မူမည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင် တည်းဟူသောငါသည်သူတို့အားအဘယ် အခါ၌မျှ စွန့်ပစ်လိမ့်မည်မဟုတ်။
သူတို့သည်မိမိတို့၏နို့စို့ကလေးများအား အစာငတ်ရေငတ်ထား၍သေစေကြ၏။ ကလေးသူငယ်တို့သည်အစားအစာ တောင်းခံလျက်နေသော်လည်း သူတို့အားအဘယ်သူမျှမပေးကြ။
ဤပုန်ကန်တတ်သူတို့အားသတိမပေး နိုင်စေရန် ငါသည်သင်၏လျှာကိုအာခေါင် တွင်ကပ်၍နေစေမည်။-
ဘုရားသခင်၏နိုင်ငံတော်နှင့်အလိုတော်ကို ပထမဦးစွာရှာကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအခြားလိုအပ်သောအရာများ ကိုပေးသနားတော်မူလိမ့်မည်။-
သို့သော်ငါ့အတွက်သတ်မှတ်ထားသည့်အလုပ် တာဝန်ကိုလည်းကောင်း၊ သခင်ယေရှုပေးအပ် တော်မူသည့်အမှုတော်ကိုလည်းကောင်း၊ ပြီးဆုံး အောင်ဆောင်ရွက်နိုင်မှုသာလျှင်ပဋ္ဌာနဖြစ် သဖြင့် ငါသည်မိမိ၏အသက်ကိုနှမြော ခြင်းမရှိ။ ကိုယ်တော်ပေးအပ်တော်မူသည့် အမှုတော်ကား ဘုရားသခင်၏ကျေးဇူး တော်အကြောင်းသတင်းကောင်းကိုကြေညာ ရန်ပင်ဖြစ်သတည်း။''
ငါသည်အဘယ်အခါ၌မျှမိမိ၏တာဝန် မပျက်မကွက်ဘဲအခါခပ်သိမ်း၌လည်း ကောင်း၊ အထူးသဖြင့်ယခုအခါ၌လည်းကောင်း ရဲစွမ်းသတ္တိနှင့်ပြည့်စုံလျက်ငါသည်အသက်ရှင် သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့အစွမ်းရှိသမျှ နှင့်ခရစ်တော်၏ဘုန်းအသရေတော်ထင်ရှား လာနိုင်စေရန်မျှော်လင့်တောင့်တ၏။-