သူတို့၏ဘုရားများကိုလည်းမီးရှို့ပစ် ကြသည်ကို ကျွန်တော်မျိုးတို့သိကြပါ၏။ ထိုဘုရားတို့သည်ဘုရားအစစ်မဟုတ်။ လူ့လက်ဖြင့်လုပ်သည့်သစ်သားရုပ်၊ ကျောက် ရုပ်များသာဖြစ်ပါ၏။-
ဆာလံ 135:15 - Common Language Bible လူမျိုးတကာတို့ကိုးကွယ်ကြသည့်ရုပ်တု များသည် ရွှေငွေဖြင့်ပြီးကြ၏။ ယင်းတို့သည်လူတို့လက်ဖြင့်ပြုလုပ်သော အရာများဖြစ်ပေသည်။ Garrad Bible လူ မျိုး ခြား တို့ ရုပ် ပွား များ သည်၊ လူ့ လက် ဖြင့် လုပ် သော ရွှေ ငွေ ဆင်း တု ဖြစ် သ ဖြင့်၊ Judson Bible သာသနာပလူတို့ကိုးကွယ်သော ရုပ်တုတို့ကား ငွေလည်းဖြစ်၏။ ရွှေလည်းဖြစ်၏။ လူလက်ဖြင့် လုပ်သောအရာပေတည်း။ မြန်မာ့စံမီသမ္မာကျမ်း လူမျိုးခြားတို့၏ရုပ်တုများသည် ရွှေငွေများဖြစ်ကြ၏။ လူ့လက်ဖြင့်ပြုလုပ်သောအရာများဖြစ်ကြ၏။ |
သူတို့၏ဘုရားများကိုလည်းမီးရှို့ပစ် ကြသည်ကို ကျွန်တော်မျိုးတို့သိကြပါ၏။ ထိုဘုရားတို့သည်ဘုရားအစစ်မဟုတ်။ လူ့လက်ဖြင့်လုပ်သည့်သစ်သားရုပ်၊ ကျောက် ရုပ်များသာဖြစ်ပါ၏။-
ငါတို့သည်ဘုရားသခင်၏သားသမီးများ ဖြစ်ကြသည့်အားလျော်စွာ ဘုရားသခင်သည် လူတို့၏စိတ်ကူးနှင့်အနုပညာစွမ်းရည်ဖြင့် ထုလုပ်ထားသောရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက် ရုပ်တုတို့နှင့်တူတော်မူသည်ဟုမထင်မမှတ် အပ်။-
ထိုအခါသင်တို့သည်လူ့လက်ဖြင့်လုပ်၍ မမြင် နိုင်၊ မကြားနိုင်၊ မစားနိုင်၊ အနံ့မခံနိုင်သော သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ် ပြုကိုးကွယ်ကြလိမ့်မည်။-