ငါသည်ဤသို့ပေးလှူခဲ့သည့်ပစ္စည်းအလုံးစုံ တို့အပြင် မိမိကိုယ်ပိုင်ရွှေနှင့်ငွေတို့ကိုလည်း ပေးလှူခဲ့၏။ အဘယ်ကြောင့်ဆိုသော်ငါသည် ဘုရားသခင်၏ဗိမာန်တော်ကိုလွန်စွာမြတ် နိုးသောကြောင့်ဖြစ်ပေသည်။-
ဆာလံ 122:9 - Common Language Bible ငါတို့ဘုရားသခင်ထာဝရဘုရား၏ အိမ်တော်ကိုထောက်ထား၍ သင်၏စည်ပင်သာယာမှုအတွက် ဆုတောင်းပတ္ထနာပြုပါ၏။ Garrad Bible ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ၏ ဗိ မာန် တော် အ တွက်၊ သင့် ကောင်း ကျိုး ကို ရှာ ကြံ ပါ မည်။ Judson Bible ငါတို့ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ကို ထောက်၍၊ သင်၏အကျိုးကို ရှာပါမည်။ မြန်မာ့စံမီသမ္မာကျမ်း ငါတို့၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ကိုထောက်ထား၍ သင်၏ကောင်းကျိုးချမ်းသာကို ငါရှာမည်။ |
ငါသည်ဤသို့ပေးလှူခဲ့သည့်ပစ္စည်းအလုံးစုံ တို့အပြင် မိမိကိုယ်ပိုင်ရွှေနှင့်ငွေတို့ကိုလည်း ပေးလှူခဲ့၏။ အဘယ်ကြောင့်ဆိုသော်ငါသည် ဘုရားသခင်၏ဗိမာန်တော်ကိုလွန်စွာမြတ် နိုးသောကြောင့်ဖြစ်ပေသည်။-
အို အကျွန်ုပ်၏ဘုရားသခင်၊ကိုယ်တော်၏ဗိမာန် တော်အတွက်နှင့်ဗိမာန်တော်တွင်ဝတ်ပြုကိုး ကွယ်မှုအတွက်အကျွန်ုပ်ပြုခဲ့သမျှသော အမှုတို့ကိုသတိရတော်မူပါ။
သို့ရာတွင်ဗေသဟောရနိမြို့သားသမ္ဘာ လတ်နှင့်အမ္မုန်ပြည်နယ်မှအရာရှိတောဘိ တို့သည် ဣသရေလအမျိုးသားတို့အား အကျိုးပြုစုရန်လူတစ်ယောက်ရောက်ရှိ လာကြောင်းကြားသိကြသောအခါလွန် စွာအမျက်ထွက်ကြ၏။
ယုဒအမျိုးသားမော်ဒကဲသည်ဇေရဇ်ဘုရင် ပြီးလျှင် နိုင်ငံတော်တွင်တန်ခိုးအကြီးဆုံး သောသူဖြစ်၏။ သူသည်ယုဒအမျိုးသား တို့၏ချစ်ခင်ကြည်ညိုရိုသေလေးစားမှုကို ခံရလေသည်။ သူသည်မိမိလူမျိုး၏အ ကျိုးနှင့် သူတို့၏သားမြေးများ၏လုံခြုံမှု အတွက်ဆောင်ရွက်ခဲ့သောသူဖြစ်ပေသည်။ ဧသတာဝတ္ထုပြီး၏။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ဘုန်းအသရေတော်တည်ရာ တည်းဟူသောကိုယ်တော်ရှင်ကိန်းဝပ်တော်မူရာ အိမ်တော်ကိုနှစ်သက်မြတ်နိုးပါ၏။
ကိုယ်တော်ရှင်၏ဗိမာန်တော်ကိုစွဲလမ်းမှုသည် ကျွန်တော်မျိုး၏စိတ်အတွင်း၌မီးကဲ့သို့ ဟုန်းဟုန်းတောက်လောင်လျက်ရှိပါ၏။ ကိုယ်တော်ရှင်အားစော်ကားပြောဆိုသော စကားများသည်ကျွန်တော်မျိုးအားစော်ကား ပြောဆိုသောစကားများဖြစ်ပါ၏။
ကိုယ်တော်ရှင်၏ဗိမာန်တော်တွင်တစ်ရက်မျှ နေရခြင်းသည် အခြားသောအရပ်တွင်ရက်ပေါင်းတစ်ထောင် နေရခြင်းထက်သာ၍မြတ်ပါ၏။ ဘုရားသခင်၏အိမ်တော်တံခါးစောင့်ဖြစ်ရ ခြင်းသည် သူယုတ်မာတို့၏အိမ်တွင်နေရခြင်းထက် သာ၍မြတ်ပါ၏။
ထိုအခါတပည့်တော်တို့သည် ``ကိုယ်တော် ၏အိမ်တော်အပေါ်ချစ်ခင်တွယ်တာမှုသည် အကျွန်ုပ်၏ရင်အတွင်း၌မီးသဖွယ်ကျွမ်း လောင်လျက်ရှိပါ၏'' ဟူသောကျမ်းစကား ကိုသတိရကြ၏။