ငါသည်ဒုက္ခရောက်စဉ်အခါထာဝရဘုရား ကို ဟစ်ခေါ်ပါ၏။ ကိုယ်တော်သည်လည်းထူးတော်မူပါ၏။
ဆာလံ 121:1 - Common Language Bible ငါသည်တောင်ရိုးများသို့မျှော်ကြည့်၏။ အဘယ်မှကူညီမစမှုကိုငါရပါမည်နည်း။ Garrad Bible ငါ သည် တောင် တန်း သို့ မျှော် ကြည့် လျက် နေ၏။ မ စ ခြင်း ကို မည် သည့် အ ရပ် မှ ရ ပါ အံ့ နည်း။ Judson Bible ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရသောတောင်ရိုးသို့ ငါမျှော်ကြည့်၏။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် တောင်များဆီသို့ မျှော်ကြည့်၏။ ငါ့ကိုကူညီမစခြင်းအကြောင်းသည် မည်သည့်အရပ်မှလာသနည်း။ |
ငါသည်ဒုက္ခရောက်စဉ်အခါထာဝရဘုရား ကို ဟစ်ခေါ်ပါ၏။ ကိုယ်တော်သည်လည်းထူးတော်မူပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်စိုးစံတော်မူရာကောင်းကင်ဘုံသို့ ကျွန်တော်မျိုးမျှော်ကြည့်ပါ၏။
ကိုယ်တော်က``သန့်ရှင်းမြင့်မြတ်သော ဇိအုန်တောင် ပေါ်တွင် ငါရွေးချယ်ထားသောရှင်ဘုရင်ကိုငါကိုယ်တိုင် တင်မြှောက်ပြီ'' ဟုမိန့်တော်မူ၏။
သူတို့ကိုရွေးချယ်မည့်အစား၊ယုဒ အမျိုးအနွယ်ကိုလည်းကောင်း၊ ကိုယ်တော်လွန်စွာချစ်မြတ်နိုးသည့် ဇိအုန်တောင်တော်ကိုလည်းကောင်း ရွေးချယ်တော်မူ၏။
ထာဝရဘုရားသည်မိမိ၏မြို့တော်ကို သန့်ရှင်းမြင့်မြတ်သည့်တောင် ပေါ်တွင် တည်ဆောက်တော်မူ၏။
သူတို့က ``ထာဝရဘုရား၏တောင်တော်ပေါ်သို့ ဣသရေလအမျိုးသားတို့ဘုရားသခင်၏ ဗိမာန်တော်သို့ငါတို့တက်ကြကုန်အံ့။ ကိုယ်တော်၏အလိုတော်ကိုသင်ယူကြကုန်အံ့။ ကိုယ်တော်ရွေးချယ်ပေးတော်မူသောလမ်းကို ငါတို့လိုက်လျှောက်ကြကုန်အံ့'' ဟုဆိုကြ လိမ့်မည်။ ``ထာဝရဘုရား၏တရားတော်သည် ယေရုရှလင်မြို့မှလည်းကောင်း ကိုယ်တော်၏နှုတ်ကပတ်တော်သည် ဇိအုန်တောင်ပေါ်မှလည်းကောင်း ပေါ်ထွက်လာလိမ့်မည်။''
တောင်ထိပ်များအပေါ်၌ဝတ်ပြုကိုးကွယ် ခြင်းအားဖြင့် အကျွန်ုပ်တို့အကူအညီမရ ပါ။ ဣသရေလအတွက်အကူအညီကို အကျွန်ုပ်ဘုရားသခင်ထာဝရဘုရား ထံတော်၌သာလျှင်ရရှိနိုင်ပါ၏။-