စကားတော်ကိုနားထောင်၍ အမှုတော်ကိုဆောင်ရွက်လျှင်၊ စည်းစိမ်ချမ်းသာနှင့်ပျော်မွေ့လျက်၊ နှစ်လနေ့ရက်ကာလကို လွန်စေတတ်ကြ၏။
ဆာလံ 119:3 - Common Language Bible ထိုသူတို့သည်ဒုစရိုက်ကိုမပြုမကင့်ဘဲ ထာဝရဘုရား၏တရားလမ်းအတိုင်း လိုက်လှောက်တတ်ကြ၏။ Garrad Bible ထို သူ တို့ သည် မ တ ရား မှု ကို မ ပြု ဘဲ၊ နည်း လမ်း တော် များ အ တိုင်း၊ မု ချ လျှောက် လိုက် ကြ ၏။ Judson Bible ထိုသူတို့သည် ဒုစရိုက်ကိုမပြု၊ လမ်းခရီးတော်၌ လိုက်သွားတတ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့သည် မတရားမှုကိုမပြု၊ ကိုယ်တော်၏လမ်းတော်များအတိုင်း အသက်ရှင်လျှောက်လှမ်းကြ၏။ |
စကားတော်ကိုနားထောင်၍ အမှုတော်ကိုဆောင်ရွက်လျှင်၊ စည်းစိမ်ချမ်းသာနှင့်ပျော်မွေ့လျက်၊ နှစ်လနေ့ရက်ကာလကို လွန်စေတတ်ကြ၏။
သို့ရာတွင်ငါသည်သူတို့၏ဘုရားသခင် ဖြစ်၍သူတို့သည်လည်း ငါ၏လူမျိုးတော် ဖြစ်စိမ့်သောငှာငါ့စကားကိုနားထောင်ကြ ရန်ကိုမူငါပညတ်ခဲ့၏။ အစစအရာရာ အဆင်ပြေရေးအတွက် ငါချပေးသည့် လမ်းစဉ်အတိုင်းလိုက်လျှောက်ပြုကျင့် ကြရန်ငါမှာကြားခဲ့၏။-
သူသည်ဆိုးညစ်မှုကိုရှောင်ရှား၍အတိုး အမြတ်ရရန်ငွေကိုမချေး။ ငါ၏ပညတ် တော်များကိုစောင့်ထိန်း၍ငါ၏အမိန့်တော် တို့ကိုလိုက်နာ၏။ ထိုသူသည်ဖခင်၏အပြစ် ကြောင့်သေရမည်မဟုတ်။ သူသည်မုချ အသက်ရှင်လိမ့်မည်။-
ဘုရားသခင်၏သားသမီးဖြစ်လာသူသည် အပြစ်မကူးတတ်။ အဘယ်ကြောင့်ဆိုသော်ထို သူ၌ဘုရားသခင်၏ဇာတိသဘောပါရှိ သောကြောင့်ဖြစ်၏။ သူသည်ဘုရားသခင်၏ သားသမီးဖြစ်သဖြင့်အပြစ်ဒုစရိုက် မပြုနိုင်။-
ဘုရားသခင်၏သားသမီးဖြစ်သူသည် ဆက်လက်၍ အပြစ်မကူးတတ်ကြောင်းကိုငါ တို့သိကြ၏။ သူ့အားဘုရားသခင်၏သား တော်စောင့်ထိန်းတော်မူသည်ဖြစ်၍ မာရ်နတ် သည်ထိုသူကိုမထိမခိုက်နိုင်။