ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍ ငါတို့သည်ကိုယ်တော်ကိုထောမနာပြုရကြ ပေမည်။ ငါတို့သည်ကိုယ်တော်အားအခြားဘုရားများ ထက် ပို၍ကြောက်ရွံ့ရိုသေရကြပေမည်။
ဆာလံ 115:3 - Common Language Bible ငါတို့ဘုရားသည်ကောင်းကင်ဘုံတွင်ရှိတော်မူ၍ အလိုတော်အရခပ်သိမ်းသောအမှုတို့ကို ပြုတော်မူ၏။ Garrad Bible ငါ တို့ ဘု ရား သ ခင် သည် ကောင်း ကင် ဘုံ၌ စံ ၍၊ သ ဘော တော် မြတ် ရာ ပြု တော် မူ ခဲ့ ပြီ။ Judson Bible ငါတို့၏ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါတို့၏ဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူ၏။ ကိုယ်တော်သည် အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ၏။ |
ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍ ငါတို့သည်ကိုယ်တော်ကိုထောမနာပြုရကြ ပေမည်။ ငါတို့သည်ကိုယ်တော်အားအခြားဘုရားများ ထက် ပို၍ကြောက်ရွံ့ရိုသေရကြပေမည်။
သို့ရာတွင် သဘောတညီတည်းရှိတော်မူသော ဘုရားသခင်ကို အဘယ်သူသည် ပြောင်းလဲစေနိုင်မည် နည်း။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူလိမ့်မည်။
ထာဝရဘုရားသည်မိမိ၏ရာဇပလ္လင်တော်ကို ကောင်းကင်ဘုံတွင်ထားရှိတော်မူ၏။ ကိုယ်တော်သည်စကြဝဠာကိုအစိုးရတော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်စိုးစံတော်မူရာကောင်းကင်ဘုံသို့ ကျွန်တော်မျိုးမျှော်ကြည့်ပါ၏။
ကိုယ်တော်သည်ကောင်းကင်နှင့်ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်း၊ ပင်လယ်နှင့်ပင်လယ်အောက်နက်ရှိုင်းရာ အရပ်တို့၌လည်းကောင်း အလိုတော်အရခပ်သိမ်းသောအမှုတို့ကို ပြုတော်မူ၏။
ကောင်းကင်ဘုံရှိပလ္လင်တော်ပေါ်မှာထာဝရ ဘုရားသည် ပြုံးရယ်တော်မူလျက် ထိုသူတို့၏အကြံအစည်ကိုပြက်ရယ်ပြု တော်မူ၏။
ဘုရားသခင်အားသီချင်းဆိုကြလော့။ ကိုယ်တော်၏နာမတော်အားထောမနာ သီချင်းဆိုကြလော့။ မိုးတိမ်ကိုစီးတော်မူသောအရှင်၏အတွက် လမ်းခရီးကိုပြင်ဆင်ကြလော့။ ထိုအရှင်၏နာမတော်ကားထာဝရဘုရား ဖြစ်သတည်း။ ကိုယ်တော်၏ရှေ့တော်တွင်ဝမ်းမြောက်ကြလော့။
ငါသည်အစအဦးမှတင်ကူး၍နိဂုံးကို ဖော်ပြခဲ့၏။ ဖြစ်ပျက်မည့်အမှုအရာကိုရှေးကာလမှပင်လျှင် ကြိုတင်ဟောကြားခဲ့၏။ ငါ၏အကြံအစည်များသည်အဘယ်အခါ ၌မျှ ပျက်ပြားရလိမ့်မည်မဟုတ်ဟု ငါဆိုခဲ့သည့်အတိုင်း၊ငါရည်ရွယ်ထားသည့် အမှုအရာမှန်သမျှကိုငါပြုမည်။
သင်သည်လူအသိုင်းအဝိုင်းမှအနှင်ခံရ ၍တောတိရစ္ဆာန်များနှင့်အတူနေရလတ္တံ့။ ခုနစ်နှစ်တိုင်တိုင်နွားကဲ့သို့မြက်ကိုစား ရလတ္တံ့။ ထိုအခါဘုရားသခင်သည်လော ကီနိုင်ငံများကိုအစိုးရတော်မူ၍ ယင်း တို့ကိုမိမိအလိုရှိသူအားပေးပိုင် ကြောင်းကိုသင်ဝန်ခံလိမ့်မည်'' ဟုကောင်း ကင်မှအသံထွက်ပေါ်လာလေသည်။
ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည်ရှေ့ တော်၌ အမှုမထားလောက်သကဲ့သို့ဖြစ်ပါ၏။ ကိုယ်တော်သည်ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကိုလည်းကောင်း၊ ကမ္ဘာမြေပေါ်ရှိလူတို့ကိုလည်းကောင်း စိုးမိုးအုပ်ချုပ်တော်မူပါ၏။ အဘယ်သူမျှကိုယ်တော်၏အလိုတော်ကို မဆန့်ကျင်နိုင်ပါ။ ကိုယ်တော်အဘယ်သို့ပြုတော်မူသည်ကို လည်း မစစ်ဆေးမမေးမြန်းနိုင်ပါ။
သို့ဖြစ်၍သင်တို့ဆုတောင်းပတ္ထနာပြုသောအခါ `ကောင်းကင်ဘုံရှင်၊ အကျွန်ုပ်တို့၏အဖ၊ကိုယ်တော်၏ နာမတော်အားရိုသေလေးမြတ်ကြပါစေသော။
``ထိုသို့ဖြစ်ပါမူဘုရားသခင်သည်လူတို့ ကိုအဘယ်သို့လျှင်အပြစ်တင်နိုင်ပါမည်နည်း။ အဘယ်သူသည်ကိုယ်တော်၏အလိုတော်ကို ဆန့်ကျင်ဘက်ပြုနိုင်ပါမည်နည်း'' ဟူ၍မေး မြန်းလိုသူရှိလိမ့်မည်။-
ခပ်သိမ်းသောအရာတို့သည်ဘုရားသခင်၏ အကြံအစည်တော်နှင့်အညီကိုယ်တော်စီရင် ဆုံးဖြတ်တော်မူသည်အတိုင်းဖြစ်ပျက်ကြ ရ၏။ ဘုရားသခင်သည်မိမိအလိုတော် အရရှေးမဆွက ပြုတော်မူသည့်စီရင် ဆုံးဖြတ်ချက်ကိုအခြေခံ၍ ငါတို့အား ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေ လျက် မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေး ချယ်တော်မူပေသည်။-