နန်းတွင်းအရာရှိများသည်လာ၍သူ့အား ကြိုးစားပြီးအထခိုင်းကြသော်လည်း မင်း ကြီးသည်ငြင်းဆန်လျက်သူတို့နှင့်အတူ အစားအစာသုံးဆောင်တော်မမူ။-
ဆာလံ 102:4 - Common Language Bible ကျွန်တော်မျိုးသည်မြက်ပင်ကဲ့သို့အထိအခိုက် ခံရ၍ညှိုးနွမ်းလျက်ရှိပါ၏။ ကျွန်တော်မျိုးမှာအစားစားချင်စိတ်မရှိ တော့ပါ။ Garrad Bible နှ လုံး သည် မြက် ပင် ကဲ့ သို့ ထိ ခိုက် ညှိုး နွမ်း လျက်၊ အ စား အ သောက် ကို ပင် မေ့ လျော့ ပါ ၏။ Judson Bible အကျွန်ုပ်၏နှလုံးသည် မြက်ပင်ကဲ့သို့အထိအခိုက်ခံရ၍၊ ညှိုးနွမ်းလျက် ရှိပါ၏။ အစာစားခြင်းကိစ္စကိုပင် မေ့လျော့တတ်ပါ၏။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏စိတ်နှလုံးသည် မြက်ပင်ကဲ့သို့ အထိအခိုက်ခံရ၍ ခြောက်သွေ့လျက်ရှိသဖြင့် အကျွန်ုပ်သည် အစာစားရန်ပင် မေ့လျော့ပါ၏။ |
နန်းတွင်းအရာရှိများသည်လာ၍သူ့အား ကြိုးစားပြီးအထခိုင်းကြသော်လည်း မင်း ကြီးသည်ငြင်းဆန်လျက်သူတို့နှင့်အတူ အစားအစာသုံးဆောင်တော်မမူ။-
ထိုနောက်သူသည်ဗိမာန်တော်ရှေ့မှထသွား၍ ဧလျာရှိပ်၏သားယောဟနန်၏အခန်းသို့ သွားပြီးလျှင် ပြည်နှင်ဒဏ်သင့်ရာမှပြန်လာ သူတို့သစ္စာမဲ့မှုကြောင့်တစ်ညဥ့်လုံးမစား မသောက်ဘဲညဉ်းတွားမြည်တမ်းလျက်နေ၏။
ငါ့ဝိညာဉ်သည် အသက်ကိုငြီးငွေ့၏။ မြည်တမ်း သောအပြစ်ကို ခံရမည်။ စိတ်အလွန်ညှိုးငယ်၍ ပြောရ မည်။
အဆင်းမည်းလျက် အရိုးပူလောင်လျက်ရှိ၏။ ငါ့စောင်းသည် ညည်းတွားသောအသံ၊ ငါ့ပုလွေသည် ငိုကြွေးသောအသံကိုသာပေးတတ်၏။
အနန္တတန်ခိုးရှင်ပစ်တော်မူသော မြှားတို့သည် ငါ၌စွဲ၍၊ အဆိပ်အတောက်ဖြင့် ငါ့ဝိညာဉ်ကိုမွန်းစေ၏။ ဘုရားသခင်ပြတော်မူသော ကြောက်မက်ဘွယ်အရာတို့သည် ငါ့ရှေ့မှာ စီလျက်ရှိကြ၏။
ကျွန်တော်မျိုး၏ဘဝအသက်တာသည်ည နေချိန်၌ ကျရောက်သည့်အရိပ်ကဲ့သို့ဖြစ်ပါ၏။ ကျွန်တော်မျိုးသည်မြက်ကဲ့သို့ခြောက်သွေ့ သွားပါ၏။
ကိုယ်တော်ရှင်၏ပြင်းထန်သောအမျက်တော် ကြောင့် ကျွန်တော်မျိုးသည်ပြာကိုအစားအစာ အဖြစ်ဖြင့် စားရပါ၏။ စပျစ်ရည်ကိုလည်းမျက်ရည်နှင့်ရော၍သောက် ရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ချီးမြှောက်တော်မူပြီးမှပစ်ချတော်မူပါ၏။
သူတို့သည်ခြောက်သွေ့သွားသောမြက်ပင်ကဲ့သို့ ပျောက်ပျက်ကြကုန်လိမ့်မည်။ ညှိုးနွမ်းသောအပင်ငယ်များကဲ့သို့ သေကြေပျက်စီးကြလိမ့်မည်။
ယခုပြည်နှင်ဒဏ်ငါခံနေရချိန်၌ငါ၏ စိတ်နှလုံးသည်ကြေကွဲလျက်ရှိ၏။ သို့ဖြစ်၍ငါသည်ကိုယ်တော်ကို အောက်မေ့သတိရပါ၏။ ကိုယ်တော်သည်ဟေရမုန်တောင်နှင့် မိဇရတောင်မှဝမ်းနည်းခြင်းလှိုင်းလုံးများကို စေလွှတ်တော်မူပြီးလျှင် ယော်ဒန်မြစ်မှရေတံခွန်စီးဆင်းလာသကဲ့သို့ အသံဗလံနှင့်ငါ့ကိုလွှမ်းမိုးစေတော်မူပါ၏။
အစော်ကားခံရသဖြင့်ကျွန်တော်မျိုးသည် စိတ်နှလုံး ကြေကွဲ၍စိတ်ပျက်အားလျော့လျက်နေပါ၏။ ကျွန်တော်မျိုးသည်ကြင်နာမှုကိုတောင့်တသော အခါ သနားမည့်သူကိုမတွေ့ရပါ။ စိတ်သက်သာမှုကိုတောင့်တသောအခါ စိတ်သက်သာစေမည့်သူမရှိပါ။
ငါသည်ဘုရားသခင်အကြောင်းကိုအောက်မေ့ ဆင်ခြင်သောအခါသက်ပြင်းချရ၏။ လေးနက်စွာတွေးတောသောအခါငါသည် စိတ်ပျက်အားငယ်ရ၏။
ထာဝရဘုရားစေလွှတ်တော်မူသည့်လေနှင့် ထိသောအခါ၊ မြက်ပင်သည်သွေ့ခြောက်လျက်ပန်းများသည်လည်း ညှိုးနွမ်း၍သွားတတ်၏။ လူတို့သည်မြက်ပင်တမျှသာလျှင် သန်မာကြပါသည်တကား။
ကိုယ်တော်သည်မြားတော်တို့ကိုငါ၏ ကိုယ်ခန္ဓာအတွင်းသို့ပစ်လွှတ်တော်မူပါ၏။
သူသည်သုံးရက်တိုင်တိုင်မျက်စိအလင်း ကွယ်လျက်နေ၏။ ထိုသုံးရက်အတွင်းမစား မသောက်ဘဲနေ၏။