ထာဝရဘုရားက ``ငါသည်သင်၏ရန်သူများကိုသင်၏ ခြေတင်ခုံဖြစ်စေမည်။ ယင်းသို့မဖြစ်မီကာလငါ၏လက်ယာဘက် တွင် ထိုင်နေလော့'' ဟု ငါ၏အရှင်မင်းမြတ်အားမိန့်တော်မူ၏။
ကောလောသဲ 3:1 - Common Language Bible သင်တို့သည်ခရစ်တော်နှင့်အတူသေခြင်းမှ ရှင်ပြန်ထမြောက်ကြပြီဖြစ်၍ ဘုရားသခင် ၏လက်ယာတော်ဘက်တွင်ခရစ်တော်ထိုင် လျက်နေတော်မူရာ ကောင်းကင်ဘုံ၌ရှိသော အရာတို့ကိုလိုချင်တောင့်တကြလော့။- Garrad Bible သို့ ဖြစ်၍ သင် တို့ သည် ခ ရစ် တော် နှင့် အ တူ ရှင် ပြန် ထ မြောက် ကြ သည် မှန် လျှင် ဘု ရား သ ခင့် ယာ ဘက် တော်၌ ခ ရစ် တော် စံ နေ တော် မူ သော အ ထက် ဘုံ ရှိ အ ရာ များ ကို ရှာ ကြံ ကြ လော့။ Judson Bible အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည်မှန်လျှင်၊ ဘုရားသခင်၏ လက်ယာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေတော်မူရာအရပ်၌ရှိသော အထက်အရာတို့ကို ရှာကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သင်တို့သည် ခရစ်တော်နှင့်အတူထမြောက်ကြသည်ဆိုလျှင် ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်တော်မူသောခရစ်တော်ရှိရာ အထက်အရပ်၌ရှိသည့်အရာများကို ရှာဖွေကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ပြီဖြစ်၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူသည့် ခရစ်တော်တည်ရှိရာ အထက်အရပ်၌ ရှိသော အရာများကို တောင့်တကြလော့။ |
ထာဝရဘုရားက ``ငါသည်သင်၏ရန်သူများကိုသင်၏ ခြေတင်ခုံဖြစ်စေမည်။ ယင်းသို့မဖြစ်မီကာလငါ၏လက်ယာဘက် တွင် ထိုင်နေလော့'' ဟု ငါ၏အရှင်မင်းမြတ်အားမိန့်တော်မူ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအသက်ရှင်ရာ လမ်းကိုပြညွှန်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အနီးတွင် ရှိတော်မူသည်ဖြစ်၍ ကျွန်တော်မျိုးသည်ရွှင်လန်းဝမ်းမြောက်၍ ထာဝစဉ်ပျော်မွေ့လျက်ရှိပါ၏။
ပညာရှိသော သူလိုက်ရာ အသက်လမ်းသည် အောက်အရပ်၊ မရဏာနိုင်ငံမှ လွှဲရှောင်၍၊ အထက်သို့ ပို့ဆောင်တတ်၏။
ပညာရှိသောသူ၏ နှလုံးသည် မိမိလက်ျာလက် ၌ ရှိ၏။ မိုက်သောသူ၏နှလုံးမူကား၊ မိမိလက်ဝဲလက်၌ ရှိ၏။
`သင့်ရန်သူများကိုသင်၏ခြေဖဝါးအောက်သို့ ရောက်စေရမည်။ ယင်းသို့မရောက်စေသေးမီကာလအတွင်း ငါ၏လက်ယာဘက်တွင်ထိုင်နေလော့ဟု ဘုရားသခင်ကငါ၏အရှင်အားမိန့်တော်မူသည်' ဟုမြွက်ဆိုခဲ့၏။
သခင်ယေရှုက ``သင်ဆိုသည်အတိုင်းမှန်၏။ သို့ ရာတွင်သင်တို့အားငါဆိုသည်ကားနောင်အခါ တွင်လူသားသည်အနန္တတန်ခိုးရှင်၏လက်ယာ ဘက်တွင်ထိုင်လျက်နေသည်ကိုလည်းကောင်း၊ မိုး တိမ်ကိုစီး၍ကြွလာတော်မူသည်ကိုလည်းကောင်း သင်တို့မြင်ရကြလတ္တံ့'' ဟုမိန့်တော်မူ၏။
သံချေးပိုးရွမဖျက်မဆီး၊ သူခိုးဋ္ဌားပြမထွင်း မဖောက်မခိုးမယူနိုင်သောဘဏ္ဍာကိုကောင်းကင်ဘုံ ၌စုဆောင်းကြလော့။-
ဘုရားသခင်၏နိုင်ငံတော်နှင့်အလိုတော်ကို ပထမဦးစွာရှာကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအခြားလိုအပ်သောအရာများ ကိုပေးသနားတော်မူလိမ့်မည်။-
`သင့်ရန်သူများကိုသင်၏ခြေဖဝါးအောက်သို့ ငါရောက်စေမည်။ သို့မရောက်စေသေးမီကာလအတွင်း ငါ၏လက်ယာဘက်တွင်ထိုင်နေလော့ဟု ထာဝရဘုရားကငါ့အရှင်အားမိန့်တော်မူ၏' ဟုသန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ချက် ဖြင့်ဒါဝိဒ်မင်းမြွက်ဆိုခဲ့၏။
သခင်ယေရှုက ``မှန်၏။ လူသားသည်အနန္တ တန်ခိုးရှင်၏လက်ယာဘက်၌ထိုင်လျက်နေသည် ကိုလည်းကောင်း၊ မိုးတိမ်စီး၍ကြွလာသည်ကို လည်းကောင်းသင်တို့မြင်ရကြလတ္တံ့'' ဟုမိန့် တော်မူ၏။-
ဤသို့တပည့်တော်တို့အားမိန့်တော်မူပြီးသော အခါ သခင်ယေရှုသည်ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကိုခံတော်မူပြီးလျှင် ဘုရား သခင်၏လက်ယာတော်ဘက်တွင်ထိုင်နေတော်မူ၏။-
သင်တို့သည်မိမိတို့၏ဥစ္စာပစ္စည်းများကိုရောင်း ၍ ဆင်းရဲသူတို့အားပေးကမ်းစွန့်ကြဲကြလော့။ မဆွေးမမြေ့နိုင်သည့်ပိုက်ဆံအိတ်များကို ဆောင်ကြလော့။ သူခိုးမကပ်၊ ပိုးမဖျက်ဆီး ရာကောင်းကင်ဘုံ၌ ကုန်ခန်းခြင်းမရှိနိုင် သည့်ဘဏ္ဍာကိုဆည်းပူးကြလော့။-
ဒါဝိဒ်မင်းကိုယ်တိုင်ပင်လျှင်ဆာလံကျမ်း၌ `ထာဝရဘုရားကငါသည်သင်၏ရန်သူများ ကို သင့်ခြေတင်ခုံဖြစ်စေမည်။ သို့မဖြစ်စေသေးမီကာလငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟုငါ၏အရှင်အားမိန့်တော်မူ၏' ဟုဆိုချေသည်။-
ယခုမှစ၍လူသားသည်အနန္တတန်ခိုးတော် ရှင်ဘုရားသခင်၏လက်ယာတော်ဘက်တွင် ထိုင်တော်မူလတ္တံ့'' ဟုမိန့်တော်မူ၏။
ဒါဝိဒ်မင်းသည်ကောင်းကင်ဘုံသို့တက်ကြွ သည်မဟုတ်။ သို့ရာတွင်ဒါဝိဒ်မင်းက၊ `ငါ၏လက်ယာဘက်၌ထိုင်နေလော့။ သင်၏ရန်သူများကိုသင်၏ခြေတင်ခုံဖြစ် စေမည်ဟု ထာဝရဘုရားကငါ၏အရှင်အားမိန့်တော် မူ၏' ဟူ၍ဖော်ပြခဲ့၏။-
သို့သော်သတေဖန်သည်သန့်ရှင်းသောဝိညာဉ် တော်နှင့်ပြည့်ဝလျက် ကောင်းကင်သို့ကြည့်လိုက် သောအခါ ဘုရားသခင်၏ဘုန်းအသရေတော် ကိုလည်းကောင်း၊ ဘုရားသခင်၏လက်ယာတော် ဘက်တွင်လူသားရပ်လျက်နေတော်မူသည် ကိုလည်းကောင်းမြင်လေ၏။-
သို့ဖြစ်၍သူတို့အားအဘယ်သူပြစ်ဒဏ် စီရင်မည်နည်း။ ခရစ်တော်စီရင်မည်မဟုတ်။ အသေခံတော်မူသည်သာမက သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသောခရစ်တော် ယေရှုသည် ဘုရားသခင်၏လက်ယာတော် ဘက်တွင်ထိုင်တော်မူကာ ငါတို့အတွက် ဘုရားသခင်အားအသနားခံလျက်နေ တော်မူ၏။-
ဇာတိသဘောနှင့်ဆိုင်သောအရာများကိုစိတ် စွဲလမ်းသူသည်အသက်သေလိမ့်မည်။ ဝိညာဉ် တော်နှင့်ဆိုင်သောအရာများကိုစိတ်စွဲလမ်း သူကား အသက်ရှင်သန်၍ငြိမ်သက်ခြင်းကို ရရှိလိမ့်မည်။-
ငါတို့သည်မျက်စိဖြင့်မြင်နိုင်သောအရာ များကိုအာရုံမစိုက်ဘဲမျက်စိဖြင့်မမြင် နိုင်သောအရာများကိုသာအာရုံစိုက်ကြ၏။ မျက်စိဖြင့်မြင်နိုင်သောအရာများသည် ခေတ္တခဏမျှသာတည်၍မျက်စိဖြင့်မမြင် နိုင်သောအရာများမူကားထာဝရစဉ် တည်သတည်း။
သို့ဖြစ်၍ဆင်းသက်တော်မူသောအရှင်ကား စကြဝဠာတစ်ခုလုံးတွင်ရှိတော်မူရန် မိုး ကောင်းကင်ဘဝဂ်သို့တက်ကြွတော်မူသော အရှင်ပေတည်း။-
မယားဖြစ်သူတို့၊ သင်တို့သည်သခင်ဘုရား၏ အုပ်စိုးခြင်းကိုခံယူသကဲ့သို့ခင်ပွန်းတို့၏အုပ် စိုးခြင်းကိုခံယူကြလော့။-
သင်တို့သည်ခရစ်တော်နှင့်အတူ သေပြီဖြစ် သဖြင့်ဤလောကဋ္ဌာတ်ကို အစိုးရသော တန်ခိုးရှင်များ၏လက်အောက်တွင်မရှိတော့ ပေ။-
လောကတွင်ရှိသောအရာတို့ကိုစိတ်မစွဲ လမ်းဘဲ အထက်ဘုံ၌ရှိသောအရာတို့ကို စိတ်စွဲလမ်းကြလော့။-
ဘုရားသခင်က၊ ``သင့်ရန်သူများကိုသင်၏ခြေဖဝါးအောက်သို့ ငါမရောက်စေမီကာလအတွင်း၊ ငါ၏လက်ယာဘက်တွင်ထိုင်နေလော့'' ဟုအဘယ်ကောင်းကင်တမန်ကိုမျှမိန့်တော် မမူခဲ့ဘူးပါ။
သားတော်သည် ဘုရားသခင်၏ ဘုန်းအသရေ နှင့်ထွန်းလင်းတောက်ပလျက်ရှိ၏။ ကိုယ်တော် သည်ဘုရားသခင်၏ဇာတိအဖြစ်တော်တိကျ မှန်ကန်သောပုံသဏ္ဌာန်ဖြစ်လျက် မိမိ၏တန်ခိုး နှင့်ပြည့်စုံသောအမိန့်တော်အားဖြင့် စကြဝဠာ ကိုတည်နေစေတော်မူ၏။ ကိုယ်တော်သည်လူသား တို့အားအပြစ်များမှပြေလွတ်စေရန်ဆောင် ရွက်တော်မူပြီးနောက် ကောင်းကင်ဘုံတွင်အနန္တ တန်ခိုးရှင်ဘုရားသခင်၏လက်ယာတော် ဘက်၌ထိုင်တော်မူ၏။
သို့သော်ခရစ်တော်မူကားအပြစ်များကို ဖြေရန် အခါခပ်သိမ်းအတွက်ယဇ်တစ်ခု တည်းကိုပူဇော်တော်မူ၏။ ထို့နောက်ဘုရား သခင်၏လက်ယာတော်ဘက်တွင်ထိုင်တော် မူပြီးလျှင်၊-
ငါတို့၏ယုံကြည်ခြင်းတရားကိုအစမှ အဆုံးစီရင်တော်မူသောသခင်ယေရှုကို မျက်မှောက်ပြုကြကုန်အံ့။ ကိုယ်တော်သည် မိမိခံစားရမည့်ဝမ်းမြောက်ခြင်းအတွက် ကြောင့် လက်ဝါးကပ်တိုင်တော်ကိုရှက်ကြောက် ဖွယ်အရာဟူ၍မှတ်တော်မမူဘဲအသေ ခံတော်မူပြီးလျှင် ဘုရားသခင်၏ပလ္လင် တော်လက်ယာဘက်တွင်ထိုင်နေတော်မူ၏။
ယခုဆိုခဲ့ပြီးသောအကြောင်းအရာများ တွင် အရေးကြီးသည့်အချက်မှာ ငါတို့တွင်ထိုသို့ သောယဇ်ပုရောဟိတ်မင်းရှိခြင်းပင်ဖြစ်ပေသည်။ ကိုယ်တော်သည်ကောင်းကင်ဘုံရှိဘုန်းတန်ခိုးရှင် ၏ပလ္လင်တော်လက်ယာဘက်၌ထိုင်နေတော်မူ၏။-
ထိုသခင်သည်ကောင်းကင်ဘုံသို့ဝင်တော်မူ ၍ ယခုအခါဘုရားသခင်လက်ယာတော် ဘက်တွင်ရှိတော်မူပြီးလျှင်ကောင်းကင်တမန် များ၊ ကောင်းကင်အာဏာပိုင်များနှင့်တန်ခိုး ရှင်များကိုအုပ်စိုး၍နေတော်မူ၏။