ငါသည်အပြစ်မဲ့သူဖြစ်ကြောင်းကိုလည်း ကောင်း၊ ဒုစရိုက်ကိုရှောင်ကြဉ်ကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူပါ၏။
ကောလောသဲ 1:21 - Common Language Bible အခါတစ်ပါးကသင်တို့သည်ဘုရားသခင် နှင့်ဝေးကွာလျက်နေခဲ့ကြ၏။ သင်တို့သည် မိမိတို့၏ဆိုးညစ်သည့်အကျင့်အကြံများ ကြောင့်ကိုယ်တော်နှင့်ရန်ဘက်ဖြစ်ခဲ့ကြပေသည်။- Garrad Bible အ ထက် က အ ဆိုး အ သွမ်း ပြု ခြင်း ဖြင့် စိတ် သ ဘော စိမ်း ကား လျက် ရန် သူ ဖြစ် သော သင် တို့ ကို လည်း၊ Judson Bible အထက်က ဘုရားသခင်နှင့်ကွာရှင်း၍၊ ဆိုးညစ်သောအကျင့်ကို ကျင့်သဖြင့် စိတ်နှလုံး၌ ရန်သူဖြစ်သော သင်တို့ကို၊ ကိုယ်ခန္ဓာတော်၌ အသေခံတော်မူသော အားဖြင့်၊ ယခု မိတ်သဟာယဖွဲ့စေတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယခင်က သင်တို့သည် ဆိုးညစ်သောအမှုများကိုပြုခြင်းအားဖြင့် ဘုရားသခင်နှင့်ကင်းကွာလျက် စိတ်နှလုံး၌ရန်သူဖြစ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်ချိန်က သင်တို့သည် ဘုရားသခင်နှင့် ကင်းကွာပြီး စိတ်နှလုံးသားထဲ၌ ကိုယ်တော်ကို ရန်ဘက်ပြု၍ ဆိုးရွားစွာ ပြုမူနေထိုင်ခဲ့ကြ၏။ |
ငါသည်အပြစ်မဲ့သူဖြစ်ကြောင်းကိုလည်း ကောင်း၊ ဒုစရိုက်ကိုရှောင်ကြဉ်ကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူပါ၏။
ထိုရုပ်တုများသည်ဣသရေလအမျိုး သားတို့အား ငါနှင့်ဝေးကွာစေပြီ။ သို့ရာ တွင်သူတို့သည်ငါပေးသည့်အဖြေကြောင့် ငါ့အားတစ်ဖန်ပြန်၍သစ္စာစောင့်ကြလိမ့် မည်။''
သူတစ်ပါး၏အသရေကိုဖျက်ကြ၏။ ဘုရား သခင်ကိုမုန်းသူ၊ စော်ကားသူ၊ မာန်မာနထောင် လွှားလျက်ကြွားဝါသူများဖြစ်ကြ၏။ မကောင်း မှုအမျိုးမျိုးကိုတီထွင်ကြံစည်တတ်ကြ၏။ မိမိတို့မိဘများ၏စကားကိုနားမထောင် ကြ။-
ထိုစဉ်အခါကသင်တို့သည်ခရစ်တော်နှင့် ကင်းကွာလျက်နေခဲ့ကြ၏။ သင်တို့သည်လူမျိုး ခြားများဖြစ်၍ ဘုရားသခင်ရွေးချယ်တော်မူ သောလူစုတော်တွင်ပါဝင်ခွင့်မရကြ။ မိမိ၏ လူစုတော်အား ဘုရားသခင်ထားတော်မူသော ကတိတော်များပေါ်တွင်အခြေပြုသည့်ပဋိ ညာဉ်တရားနှင့်မသက်ဆိုင်ကြ။ ဤလောက တွင်မျှော်လင့်ရာမဲ့ဘုရားမဲ့ခဲ့ရ၏။-
ကိုယ်တော်သည်ဥပဒေစည်းမျဉ်းများနှင့်တကွ ယုဒပညတ်တရားကိုပယ်ဖျက်တော်မူသဖြင့် ယုဒအမျိုးသားများနှင့်လူမျိုးခြားတို့အား မိမိနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေလျက်လူ မျိုးအသစ်ကိုဖြစ်ပေါ်စေတော်မူသည်။ ဤနည်း အားဖြင့်ရန်ငြိမ်းမှုကိုပေးတော်မူ၏။-
သို့ဖြစ်၍သင်တို့သည်လူမျိုးခြားမဟုတ်၊ သူ စိမ်းတစ်ရံဆံလည်းမဟုတ်ကြတော့ပေ။ သင်တို့ သည်ဘုရားသခင်၏လူစုတော်နှင့်အတူပြည် တော်သားများ၊ ကိုယ်တော်၏အိမ်ထောင်စုသား များဖြစ်ကြလေပြီ။-
သူတို့သည်ဉာဏ်အလင်းကွယ်၍အသိတရား လုံးဝကင်းမဲ့လျက်ခေါင်းမာကြသဖြင့် ဘုရား သခင်ချမှတ်ပေးတော်မူသောအသက်နှင့် ကင်းကွာလျက်ရှိကြ၏။-
သင်တို့သည်သစ္စာမဲ့သူများပါတကား။ လောက နှင့်မိတ်ဖွဲ့သောသူတို့သည်ဘုရားသခင်အား ရန်ဘက်ပြုသူများဖြစ်သည်ကို သင်တို့မသိ နားမလည်ကြသလော။ လောက၏မိတ်ဆွေ ဖြစ်လိုသူသည်ဘုရားသခင်၏ရန်သူဖြစ်၏။-