သင်သည်သင်၏ဘိုးဘေးတို့ထံငြိမ်ဝပ်စွာသွား ရမည်ဖြစ်၍၊ အသက်အရွယ်ကြီးရင့်သောအခါ သင်္ဂြိုဟ်ခြင်းကိုခံရမည်။-
ကမ္ဘာဦး 49:29 - Common Language Bible ထိုနောက်ယာကုပ်ကသူ၏သားတို့အား``ငါ ၏လူမျိုးစည်းဝေးရာသို့ ငါသွားရမည်။ ခါ နာန်ပြည်မံရေမြို့အရှေ့ဘက်ရှိ ဟိတ္တိအမျိုး သားဧဖရုန်၏မြေ၌ငါ့ဘိုးဘေးတို့၏သင်္ချိုင်း တွင်သင်္ဂြိုဟ်ကြလော့။ အာဗြဟံသည်ခါနာန် ပြည်မံရေမြို့ရှိမပ္ပေလလယ် လယ်ပြင်၌ထိုမြေ နှင့်သင်္ချိုင်းကိုဟိတ္တိအမျိုးသားဧဖရုန်ထံမှ သင်္ချိုင်းမြေအဖြစ်ဝယ်ယူခဲ့၏။- Garrad Bible တစ် ဖန် တုံ ယာ ကုပ် က၊ ဘိုး ဘေး တို့ ထံ ငါ သွား ရ တော့ မည်။ ခါ နာန် ပြည် မံ ရေ မြို့ ရှေ့၊ ဟိ တ္တိ လူ ဧ ဖ ရုန် ပိုင် သော မ ပ္ပေ လ ခေါ် မြေ ကွက် နှင့် တ ကွ ဂူ ကို သင်္ချိုင်း ပိုင် ဖြစ် စေ ရန် ထို သူ့ ထံ အာ ဗြ ဟံ ဝယ် ခဲ့ သည့် ဂူ တွင် ဘိုး ဘ တို့ နှင့် အ တူ ငါ့ ကို သင်္ဂြိုဟ် ကြ လော့။ Judson Bible တစ်ဖန်တုံ၊ ငါ့လူမျိုးစည်းဝေးရာသို့ငါသွားရမည်။ ဟိတ္တိအမျိုးသား၊ ဧဖရုန်၏လယ်ပြင်တွင်ရှိသောမြေတွင်း၌၊ ငါ့အဘတို့နှင့်အတူ ငါ့ကိုသင်္ဂြိုဟ်ကြပါ။ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ယာကုပ်က သူတို့အား “ငါသည် ငါ့လူမျိုးတို့စုစည်းရာသို့ သွားရတော့မည်။ ဟိတ္တိလူမျိုး၊ ဧဖရုန်၏လယ်၌ရှိသောလိုဏ်ဂူထဲ၌ ငါ့ကို ဘိုးဘေးတို့နှင့်အတူသင်္ဂြိုဟ်ကြလော့။ |
သင်သည်သင်၏ဘိုးဘေးတို့ထံငြိမ်ဝပ်စွာသွား ရမည်ဖြစ်၍၊ အသက်အရွယ်ကြီးရင့်သောအခါ သင်္ဂြိုဟ်ခြင်းကိုခံရမည်။-
အာဗြဟံသည်သဘောတူ၍လူတို့ရှေ့တွင်ဧဖရုန်တန်ဖိုးဖြတ်သောငွေသားလေးရာကိုကုန်သည်သုံးစံချိန်အရချိန်တွယ်၍ဧဖရုန်အားပေးလေ၏။
ထိုသို့အားဖြင့်မံရေမြို့အရှေ့၊ မပ္ပေလအရပ်တွင်ရှိသောဧဖရုန်ပိုင်မြေကွက်သည်အာဗြဟံပိုင်မြေဖြစ်လာသည်။ သူပိုင်သောမြေကွက်တွင်ဂူနှင့် မြေကွက်ပေါ်တွင်ပေါက်သမျှသောသစ်ပင်များ၊ မြေကွက်အစွန်းတိုင်အောင်ပေါက်သမျှသောသစ်ပင်များပါဝင်လေသည်။-
သို့ဖြစ်၍ဟိတ္တိအမျိုးသားတို့ပိုင်သောမြေကွက်နှင့်ဂူသည်အာဗြဟံပိုင်သင်္ချိုင်းမြေဖြစ်လာလေသည်။
မပ္ပေလဂူကိုငါ့အားရောင်းချရန်ကျေးဇူးပြု၍သူ့ကိုတိုက်တွန်းပေးကြပါ။ သင်္ချိုင်းမြေတစ်ကွက်ငါအပိုင်ရရန်ထိုမြေကိုတန်ရာတန်ဖိုးဖြင့်ငါ့အားသင်တို့ရှေ့မှောက်တွင်ရောင်းချစေပါ'' ဟုဆိုလေ၏။
ယာကုပ်သည်အာဗြဟံနှင့်ဣဇာက်တို့နေထိုင် ခဲ့သောဟေဗြုန်မြို့အနီးမံရေအရပ်ရှိသူ ၏ဖခင်ဣဇာက်ထံသို့ရောက်ရှိလာလေ၏။-
အဖကိုအီဂျစ်ပြည်မှထုတ်ဆောင်၍အဖ၏ ဘိုးဘေးတို့သင်္ဂြိုဟ်ရာသင်္ချိုင်း၌သင်္ဂြိုဟ်ပါ လော့'' ဟုဆို၏။ ယောသပ်က``အဖဆန္ဒအတိုင်းကျွန်တော်ဆောင် ရွက်ပေးပါမည်'' ဟုဝန်ခံလေ၏။
ဤသူတို့သည် ဣသရေလအနွယ်တစ်ဆယ့် နှစ်နွယ်ဖြစ်၏။ သူတို့၏အဖကသူတို့တစ် ဦးစီနှင့်သက်ဆိုင်သော မင်္ဂလာစကားများ ကိုအထက်ဖော်ပြပါအတိုင်းမြွက်ဆိုခဲ့ လေသည်။
ယာကုပ်သည်သားတို့အားယင်းသို့မှာကြား ပြီးနောက်အိပ်ရာပေါ်တွင်လဲလျောင်း၍ကွယ် လွန်လေ၏။
ဖခင်၏အလောင်းကိုခါနာန်ပြည်သို့ယူ ဆောင်ခဲ့ပြီးလျှင် ဟိတ္တိအမျိုးသားဧဖရုန် ထံမှသင်္ချိုင်းမြေအဖြစ်အာဗြဟံဝယ်ယူ ထားသော မံရေမြို့အရှေ့မပ္ပေလမြေကွက်၌ ရှိသည့်သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြလေသည်။-
မိဘတို့၏သင်္ချိုင်းအနီးတွင်သေနိုင်ရန် အကျွန်ုပ်အားအိမ်သို့ပြန်ခွင့်ပြုတော်မူပါ။ ဤသူသည်အကျွန်ုပ်၏သားခိမဟံဖြစ် ပါ၏။ အရှင်မင်းကြီး၊ သူ့အားခေါ်ဆောင် သွားပြီးနောက်သူ့အတွက်အရှင်အလိုတော် ရှိသည့်အတိုင်းပြုတော်မူပါ'' ဟုလျှောက်၏။
သင်တို့သည်ကောင်းကင်ဘုံစာရင်းဝင်သား ဦးများပျော်ရွှင်စွာစုဝေးရာသို့ရောက်ရှိ နေကြ၏။ သင်တို့သည်လူအပေါင်းတို့ကို တရားစီရင်တော်မူသောအရှင်ဘုရား သခင်၏ထံတော်သို့လည်းကောင်း၊ အြုပစ် ဆိုဖွယ်မရှိသောသူတော်ကောင်းတို့၏ ဝိညာဉ်များထံသို့လည်းကောင်းရောက်ရှိ နေကြ၏။-