ငါ့သားယောသပ်အသက်ရှင်သေးသဖြင့် ငါတောင်းသောဆုပြည့်လေပြီ။ ငါမသေ မီသူ့ကိုတွေ့ရန်သူ့ထံသို့သွားရမည်'' ဟုဆိုလေ၏။
ကမ္ဘာဦး 46:30 - Common Language Bible ယာကုပ်ကယောသပ်အား``ငါသည်သင့်မျက်နှာ ကိုမြင်ရ၍သင်အသက်ရှင်လျက်ရှိသေးသည် ကိုသိရသဖြင့်သေပျော်ပါပြီ'' ဟုဆိုလေ၏။ Garrad Bible ဣ သ ရေ လ က လည်း သင် သည် အ သက် ရှင်၍ မျက် နှာ ကို မြင် ရ သော ကြောင့် ယ ခု ငါ သေ ပျော် ပြီ ဟု ယော သပ် အား ဆို လေ ၏။ Judson Bible ဣသရေလကလည်း၊ ယခုငါသေပါစေသော။ သင်၏မျက်နှာကိုငါမြင်ရပြီ။ သင်သည် အသက်ရှင်သေး၏ဟု ယောသပ်အားဆိုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အစ္စရေးက ယောသပ်အား “သင်အသက်ရှင်နေသေးသည်ကို ငါတွေ့မြင်ရပြီဖြစ်၍ ယခု ငါသေပျော်ပြီ”ဟု ဆိုလေ၏။ |
ငါ့သားယောသပ်အသက်ရှင်သေးသဖြင့် ငါတောင်းသောဆုပြည့်လေပြီ။ ငါမသေ မီသူ့ကိုတွေ့ရန်သူ့ထံသို့သွားရမည်'' ဟုဆိုလေ၏။
ယောသပ်သည်အဖဣသရေလအားကြိုဆို ရန်ဂေါရှင်အရပ်သို့ရထားဖြင့်သွားလေ၏။ ဖခင်ရှေ့သို့ရောက်သောအခါဖခင်ကိုဖက် ၍ကြာရှည်စွာငိုကြွေးလေ၏။-
ထိုနောက်ယောသပ်ကသူ၏အစ်ကိုတို့နှင့် အခြားသားချင်းတို့အား``ကျွန်ုပ်သည်ဖာရော ဘုရင်ထံသို့သွား၍ခါနာန်ပြည်မှကျွန်တော် မျိုး၏အဖနှင့်ညီအစ်ကိုတို့သည်ကျွန်တော် မျိုးထံသို့ရောက်ရှိလာကြပါပြီ။-