ကမ္ဘာဦး 46:18 - Common Language Bible ဤသူတစ်ဆယ့်ခြောက်ယောက်တို့သည်လာဗန်က သူ၏သမီးလေအာအားပေးအပ်သောအထိန်း ဇိလပနှင့် ယာကုပ်တို့မှပေါက်ဖွားသောသား သမီးနှင့်မြေးများဖြစ်ကြသတည်း။ Garrad Bible ထို သူ တို့ သည် သ မီး လေ အာ အား လာ ဗန် လက် ဖွဲ့ သော ဇိ လ ပ ဖြင့် ယာ ကုပ် ရ သော သား များ ဖြစ်၏။ လူ ပေါင်း တစ် ဆယ့် ခြောက် ယောက် တည်း။ Judson Bible ဤသူတို့ကား၊ လာဗန်သည် သမီးလေအာအား၊ လက်ဖွဲ့သော ယာကုပ်မယား ဇိလပဖွားသောသားတည်း။ ပေါင်းတစ်ဆယ်ခြောက်။ မြန်မာ့စံမီသမ္မာကျမ်း ဤသူတို့ကား လာဗန်က မိမိသမီးလေအာအားလက်ဖွဲ့အဖြစ်ပေးသော ဇိလပ၏သားများဖြစ်ကြ၏။ ဇိလပသည် ယာကုပ်အတွက် ဤသားတစ်ဆယ့်ခြောက်ယောက်ကို မွေးဖွားပေး၏။ |
လေအာ၏ကျွန်မဇိလပ၏သားများမှာ ဂဒ်နှင့်အာရှာတို့ဖြစ်သည်။ ဤသားတို့သည် မက်ဆိုပိုတေးမီးယားပြည်မြောက်ပိုင်း၌ ဖွားမြင်ခဲ့ကြသည်။
အာရှာနှင့်သူ၏သားသမီးများဖြစ်ကြသော ယိမန၊ ဣရွှာ၊ ဣရွှိ၊ ဗေရိယနှင့်သူတို့၏နှမ စေရ။ ဗေရိယ၏သားများဖြစ်ကြသောဟေဗာ နှင့်မာလချေလ။-
ယာကုပ်၏မယားရာခေလသည် သားများ ဖြစ်ကြသောယောသပ်နှင့်ဗင်္ယာမိန်တို့ကို ဖွားမြင်၏။-