ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
ကမ္ဘာဦး 35:7 - Common Language Bible ထိုအရပ်တွင်ယဇ်ပလ္လင်ကိုတည်၍သူ၏အစ်ကို ထံမှထွက်ပြေးနေရစဉ်က ဘုရားသခင်ကို ထိုအရပ်၌ဖူးတွေ့ခဲ့ရသောကြောင့်ဗေသလ ဟုခေါ်တွင်စေ၏။- Garrad Bible အစ် ကို့ ထံ မှ ထွက် ပြေး ခဲ့ ရ သော အ ခါ ထို အ ရပ် ၌ ဘု ရား သ ခင် ထင် ရှား တော် မူ သော ကြောင့် ပ လ္လင် တော် ကို တည် ၍ ထို အ ရပ် ကို ဧ လ ဗေ သ လ ဟု သ မုတ် လေ ၏။ Judson Bible ယဇ်ပလ္လင်ကိုတည်၍၊ ထိုအရပ်ကို ဗေသလအမည်ဖြင့် တစ်ဖန်သမုတ်ပြန်လေ၏။ အကြောင်းမူကား၊ အစ်ကိုထံမှပြေးသောအခါ၊ ထိုအရပ်၌ ဘုရားသခင်ထင်ရှားတော်မူသတည်း။ မြန်မာ့စံမီသမ္မာကျမ်း သူသည် ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်၍ ထိုအရပ်ကို ဧလဗေသလ ဟုခေါ်၏။ အကြောင်းမူကား သူသည် မိမိအစ်ကိုထံမှထွက်ပြေးစဉ်က ထိုအရပ်၌ ဘုရားသခင်ထင်ရှားတော်မူ၏။ |
ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
ထိုအရပ်မှသူသည်ဗေသလမြို့အရှေ့ဘက် တောင်ထူထပ်သောအရပ်သို့ပြောင်းရွှေ့၍ စခန်း ချလေသည်။ ထိုစခန်း၏အနောက်ဘက်တွင် ဗေသလမြို့၊ အရှေ့ဘက်တွင်အာဣမြို့တည်ရှိ လေသည်။ ထိုအရပ်၌လည်းသူသည်ယဇ်ပလ္လင် ကိုတည်၍ထာဝရဘုရားကိုကိုးကွယ်လေ သည်။-
ထိုနောက်ထာဝရဘုရားသည်သူ့အနီးတွင် ရပ်နေသည်ကိုမြင်ရ၏။ ထာဝရဘုရားက``ငါ သည်အာဗြဟံ၊ ဣဇာက်တို့၏ဘုရားတည်းဟူ သောထာဝရဘုရားဖြစ်၏။ သင်ယခုနားနေ ရာပြည်ကိုသင်နှင့်သင်၏အဆက်အနွယ်တို့ အားငါပေးမည်။-
သူသည်ကြောက်ရွံ့လျက်``ဤအရပ်သည်ကြောက်မက် ဖွယ်ကောင်းသောအရပ်ဖြစ်ပါသည်တကား။ ဘုရားသခင်ကျိန်းဝပ်တော်မူရာဗိမာန်ကောင်းကင်ဘုံ တံခါးဝပင်ဖြစ်ပါသည်တကား'' ဟုဆိုလေ၏။
ထိုအရပ်ကိုဗေသလဟုနာမည်မှည့်ခေါ်လေ သည်။ (ယခင်ကထိုမြို့ကိုလုဇဟုခေါ်တွင်၏။)-
အကျွန်ုပ်စိုက်ထူသောဤမှတ်တိုင်သည်ထာဝရ ဘုရားကိုကိုးကွယ်ရာဌာနဖြစ်ပါလိမ့်မည်။ အကျွန်ုပ်သည်လည်းကိုယ်တော်ရှင်ပေးတော်မူ သမျှထဲမှဆယ်ပုံတစ်ပုံကိုကိုယ်တော်ရှင် အားလှူဒါန်းပါမည်'' ဟုသစ္စာဆိုလေ၏။
ငါသည်ကားဗေသလအရပ်၌သင်ကျောက် တုံးကိုမှတ်တိုင်အဖြစ်တည်၍ သံလွင်ဆီ လောင်းလျက်ဆက်ကပ်ပြီးလျှင်ငါ့အားသစ္စာ ပြုသောအခါ သင်ရူပါရုံတွင်မြင်ရသော ဘုရားဖြစ်တော်မူ၏။ သင်သည်ဤပြည်မှ ထွက်၍သင်၏နေရင်းပြည်သို့ပြန်ရန်ယခု ပြင်ဆင်လော့' ဟုငါ့အားမိန့်တော်မူလေ သည်'' ဟုဆို၏။
ဘုရားသခင်ကယာကုပ်အား``ဗေသလအရပ် သို့ယခုသွား၍နေထိုင်လော့။ သင်၏အစ်ကို ဧသောရန်ကိုကြောက်၍ထွက်ပြေးနေရစဉ်က သင်ဖူးတွေ့ရသောငါဘုရားအတွက်ပူဇော် ရာယဇ်ပလ္လင်ကိုတည်လော့'' ဟုမိန့်တော်မူ ၏။
ငါတို့သည်ဤအရပ်မှဗေသလအရပ်သို့ သွားကြမည်။ ငါဒုက္ခရောက်စဉ်ကငါ့ကိုကယ်မ ၍ငါသွားလေရာရာခရီးလမ်းတွင် ငါနှင့် အတူရှိတော်မူသောဘုရားသခင်အားပူ ဇော်ရန်ထိုအရပ်၌ယဇ်ပလ္လင်တည်မည်'' ဟု ဆိုလေ၏။-
မောရှေသည်ယဇ်ပလ္လင်ကိုတည်၍``ထာဝရ ဘုရားသည်ငါ၏အလံဖြစ်၏'' ဟုနာမည် မှည့်လေ၏။-
မြို့ကိုကာရံထားသည့်မြို့ရိုးအလျားစုစုပေါင်းမှာကိုက်တစ်သောင်းရှစ်ဆယ်ဖြစ်၏။ ထိုမြို့ကိုယခုမှအစပြု၍``ထာဝရဘုရားဤတွင်စံတော်မူသည်'' ဟုသမုတ်လိမ့်မည်။ ပရောဖက်ယေဇကျေလစီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။
ဂိဒေါင်သည်ထိုအရပ်၌ထာဝရဘုရား အဖို့ယဇ်ပလ္လင်တစ်ခုတည်ဆောက်၍``ထာဝရ ဘုရားသည်စိတ်အေးချမ်းခြင်းဖြစ်တော်မူ၏'' ဟူသောအမည်ဖြင့်မှည့်ခေါ်လေသည်။ (ထို ယဇ်ပလ္လင်သည်အဗျေဇာသားချင်းစုပိုင် သြဖရရွာ၌ယနေ့တိုင်အောင်တည်ရှိ သတည်း။)