ထိုတိရစ္ဆာန်များကိုအုပ်လိုက်ခွဲပြီးလျှင် တစ် အုပ်စီကိုအစေခံတစ်ယောက်ကျအုပ်ထိန်း စေ၏။ ထိုနောက်အစေခံတို့အား``သင်တို့သည် တစ်အုပ်နှင့်တစ်အုပ်ရှေ့နောက်ခြား၍ငါ့ရှေ့ မှသွားကြလော့'' ဟုမှာကြားလေသည်။-
ကမ္ဘာဦး 32:17 - Common Language Bible ရှေ့ဆုံးမှသွားရသောအစေခံအား``ငါ၏ အစ်ကိုဧသောကသင့်ကိုတွေ့၍`သင်၏သခင် ကားမည်သူနည်း၊ မည်သည့်အရပ်သို့သွား မည်နည်း။ သင့်ရှေ့၌ရှိသောတိရစ္ဆာန်တို့ကို မည်သူပိုင်သနည်း' ဟုမေးလျှင်၊- Garrad Bible ရှေ့ ဦး သူ့ ကို လည်း ငါ့ အစ် ကို ဧ သော တွေ့ ၍ သင် ကား၊ မည် သူ့ ကျွန် နည်း။ မည် သည့် အ ရပ် သို့ သွား အံ့ နည်း။ သင့် ရှေ့ ရှိ တိ ရ စ္ဆာန် များ ကား မည် သူ ပိုင် နည်း ဟု မေး လျှင်၊ Judson Bible ရှေ့ဦးစွာသွားသောသူကိုလည်း၊ ငါ့အစ်ကိုဧသောသည် သင့်ကိုတွေ့၍၊ သင်ကား၊ အဘယ်သူ၏လူဖြစ်သနည်း၊ အဘယ်အရပ်သို့သွားသနည်း။ သင့်ရှေ့မှာရှိသောတိရစ္ဆာန်များကား အဘယ်သူ၏ဥစ္စာဖြစ်သနည်းဟုမေးလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ရှေ့ဆုံးမှသွားသောသူအား “ငါ့အစ်ကိုဧသောသည် သင့်ကိုတွေ့၍ ‘သင်သည် မည်သူ၏လူဖြစ်သနည်း။ မည်သည့်အရပ်သို့သွားမည်နည်း။ သင့်ရှေ့၌ရှိသောဤအရာတို့ကား မည်သူ၏ဥစ္စာဖြစ်သနည်း’ဟု သင့်ကိုမေးလျှင် |
ထိုတိရစ္ဆာန်များကိုအုပ်လိုက်ခွဲပြီးလျှင် တစ် အုပ်စီကိုအစေခံတစ်ယောက်ကျအုပ်ထိန်း စေ၏။ ထိုနောက်အစေခံတို့အား``သင်တို့သည် တစ်အုပ်နှင့်တစ်အုပ်ရှေ့နောက်ခြား၍ငါ့ရှေ့ မှသွားကြလော့'' ဟုမှာကြားလေသည်။-
`ကိုယ်တော်၏အစေခံယာကုပ်ပိုင်ပါသည်။ သခင်ဧသောအားဆက်သလိုက်သောလက် ဆောင်များဖြစ်ပါသည်။ ယာကုပ်ကိုယ်တိုင် အကျွန်ုပ်တို့နောက်မှလိုက်ပါလာပါသည်' ဟူ၍ညွှန်ကြားလေသည်။-
ယာကုပ်သည်ထိုသူတို့ရှေ့ကသွား၍အစ်ကို ၏အနီးသို့ချဉ်းကပ်မိလျှင် ခုနစ်ကြိမ်ဦးညွှတ် ၍အရိုအသေပြုလေသည်။-