ကမ္ဘာဦး 29:11 - Common Language Bible ထိုနောက်သူသည်ရာခေလကိုနမ်း၍ ဝမ်း သာသောကြောင့်ငိုကြွေးလေ၏။- Garrad Bible ရာ ခေ လ ကို နမ်း ၍ အော် ဟစ် ငို ကြွေး လျက်၊ Judson Bible ထိုနောက်၊ ယာကုပ်သည် ရာခေလကိုနမ်း၍၊ ကျယ်သောအသံနှင့်ငိုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယာကုပ်သည် ရာခေလကိုနမ်း၍ အော်ဟစ်ငိုကြွေးလေ၏။ |
ယာကုပ်သည်သူ၏ဦးရီးလာဗန်သိုးအုပ် နှင့်အတူရာခေလရောက်ရှိလာသောအခါ ရေတွင်းသို့သွား၍ကျောက်တုံးကိုရွှေ့ဖယ်ပြီး လျှင်လာဗန်၏သိုးတို့ကိုရေတိုက်လေ၏။-
လာဗန်သည်သူ၏တူယာကုပ်၏သတင်းကို ကြားရလျှင်ပြေး၍ သူ့အားဆီးကြိုဖက်ယမ်း နမ်းရှုပ်ပြီးလျှင်နေအိမ်သို့ခေါ်ဆောင်ခဲ့လေ သည်။ ယာကုပ်ကဖြစ်ခဲ့သမျှအကြောင်းကို အကုန်အစင်ပြောပြသောအခါ၊-
ထိုအခါဧသောသည်ပြေး၍ယာကုပ်ကိုဖက် ယမ်းနမ်းရှုပ်လေသည်။ သူတို့နှစ်ဦးငိုကြွေးကြ ၏။-
ယောသပ်သည်ညီကိုမြင်ရသဖြင့်ကြင်နာ သောစိတ်ရှိ၍ မျက်ရည်မဆည်နိုင်သောကြောင့် မိမိ၏အခန်းတွင်းသို့ဝင်၍ငိုကြွေးလေ၏။-
သို့ရာတွင်သူ၏ကျယ်လောင်စွာငိုကြွေးသံကို အီဂျစ်အမျိုးသားတို့ကြားရ၏။ ထိုသို့ငို ကြွေးသည့်သတင်းသည်ဖာရောဘုရင်နန်း တော်သို့တိုင်အောင်ပေါက်ကြားလေ၏။-
သို့ဖြစ်၍မောရှေသည်ထွက်လာ၍ယောက္ခမ ကိုဦးညွှတ်လျက်နမ်းရှုပ်ကြိုဆိုလေ၏။ သူ တို့အချင်းချင်းနှုတ်ခွန်းဆက်ကြပြီး နောက်မောရှေ၏တဲထဲသို့ဝင်ကြ၏။-
ထာဝရဘုရားကအာရုန်အား``မောရှေနှင့် တွေ့ဆုံရန်တောကန္တာရသို့သွားလော့'' ဟု အမိန့်ရှိတော်မူသည်အတိုင်းသူသွားလေ၏။ သူသည်မောရှေကို ထာဝရဘုရား၏တောင် ပေါ်၌တွေ့ဆုံလျှင်သူ့ကိုနမ်း၍နှုတ်ဆက်၏။-
သင်တို့အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သန့်ရှင်းသောနမ်းခြင်းဖြင့်နှုတ်ဆက်ကြလော့။ ခရစ်တော်အသင်းတော်အပေါင်းကသင်တို့ အားနှုတ်ဆက်လိုက်၏။