ထာဝရဘုရားကအာဗြံအား``သင်၏တိုင်း ပြည်၊ သင်၏ဆွေမျိုးသားချင်းနှင့်သင်၏ဖခင် အိမ်ကိုစွန့်ခွာ၍ ငါညွှန်ပြမည့်ပြည်သို့သွား လော့။-
ကမ္ဘာဦး 26:2 - Common Language Bible ထာဝရဘုရားသည်သူ့အားကိုယ်ထင်ပြ ၍``သင်သည်အီဂျစ်ပြည်သို့မသွားနှင့်။ ငါ ပြလတ္တံ့သောပြည်၌နေထိုင်လော့။- Garrad Bible ထာ ဝ ရ ဘု ရား သည် သူ့ အား ထင် ရှား ၍ အိ ဂျစ် ပြည် သို့ မ သွား နှင့်။ ငါ ပြ လ တ္တံ့ သော ပြည် ၌ နေ လော့။ Judson Bible ထာဝရဘုရားသည်လည်း သူ့အားထင်ရှား၍၊ သင်သည် အဲဂုတ္တုပြည်သို့မသွားနှင့်၊ ငါပြောလတ္တံ့သောပြည်၌နေလော့။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရားသည် သူ့အားကိုယ်ထင်ရှားပြ၍ “သင်သည် အီဂျစ်ပြည်သို့မဆင်းသွားနှင့်။ သင့်အား ငါပြသည့်ပြည်၌ နေထိုင်လော့။ |
ထာဝရဘုရားကအာဗြံအား``သင်၏တိုင်း ပြည်၊ သင်၏ဆွေမျိုးသားချင်းနှင့်သင်၏ဖခင် အိမ်ကိုစွန့်ခွာ၍ ငါညွှန်ပြမည့်ပြည်သို့သွား လော့။-
ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
အာဗြံအသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ် ၏။ ငါ့စကားကိုနားထောင်၍မှန်ရာကိုအစဉ် ပြုလုပ်လော့။-
သို့ရာတွင်ဘုရားသခင်က``ထိုသို့မဖြစ်စေရ။ သင်၏မယားစာရာသည်သားကိုဖွားလိမ့်မည်။ ထိုသားကိုဣဇာက်ဟုမှည့်ခေါ်ရမည်။ ငါသည် သူနှင့်လည်းကောင်း၊ သူ၏အဆက်အနွယ်တို့နှင့် လည်းကောင်း ပြုသောပဋိညာဉ်ကိုထာဝစဉ် တည်စေမည်။ ထိုပဋိညာဉ်သည်ထာဝရပဋိ ညာဉ်ဖြစ်၏။-
ထာဝရဘုရားသည်မံရေပိုင်သောသစ်ပင်များ ရှိရာအရပ်တွင် အာဗြဟံအားကိုယ်ထင်ပြ တော်မူ၏။ နေအလွန်ပူပြင်းသောအချိန်၌ အာဗြဟံသည်မိမိ၏တဲဝမှာထိုင်နေစဉ်၊-
ထိုညမှာထာဝရဘုရားသည်သူ့အားကိုယ် ထင်ပြ၍``ငါသည်သင်၏အဖအာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ်နှင့်။ ငါသည်သင်တို့နှင့် အတူရှိ၏။ ငါ၏ကျွန်အာဗြဟံအားထား သောကတိတော်ကိုထောက်၍သင့်ကိုကောင်းချီး ပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းများ ပြားစေမည်'' ဟုမိန့်တော်မူသည်။-
ထာဝရဘုရားကိုကြောက်ရွံ့ရိုသေသောသူ တို့သည် မိမိတို့လျှောက်အပ်သည့်လမ်းစဉ်ကို ကိုယ်တော်၏ထံမှသင်ယူကြလိမ့်မည်။
ထာဝရဘုရားကိုကိုးစားလျက် အကျင့်ကောင်းကိုပြုကျင့်လော့။ ပြည်တော်တွင်လုံခြုံစွာနေလော့။
ထာဝရဘုရားသခင်သည်သူတို့၏ညည်း ညူသံကိုကြားတော်မူ၍အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်ပြုထားသောပဋိညာဉ်ကို သတိရလျက်၊-
ငါသည်ယာကုပ်၊ ဣဇက်၊ အာဗြဟံတို့နှင့်ပြု ခဲ့သောပဋိညာဉ်ကိုသတိရ၍ ထိုပဋိညာဉ် အတိုင်းငါ၏လူမျိုးတော်အားခါနာန်ပြည် ကိုပေးတော်မူ၏။-