သူသည်ထာဝရဘုရားမစတော်မူခြင်းအား ဖြင့် အစွမ်းသတ္တိနှင့်ပြည့်စုံသောမုဆိုးဖြစ်ရ ကားလူတို့က``ထာဝရဘုရားသည်သင့်အား နိမ်ရောဒကဲ့သို့ အစွမ်းသတ္တိနှင့်ပြည့်စုံသော မုဆိုးကြီးဖြစ်ပါစေသော'' ဟုဆိုလေ့ရှိ ကြသည်။-
ကမ္ဘာဦး 25:27 - Common Language Bible သူငယ်တို့သည်လည်းကြီးပြင်းလာကြ၏။ ဧသောသည်တော၌ကျက်စားသောမုဆိုး ကောင်းဖြစ်လာ၏။ ယာကုပ်မူကားအိမ်တွင် အေးချမ်းစွာနေသောသူဖြစ်၏။- Garrad Bible သူ ငယ် တို့ ကြီး ပွား၍ ဧ သော ကား တော ပျော် မု ဆိုး ကောင်း ဖြစ်၏။ ယာ ကုပ် ကား တဲ နေ လူ ရိုး ဖြစ် လေ ၏။ Judson Bible သူငယ်တို့သည်ကြီးပွား၍၊ ဧသောကား လိမ္မာသောတောသားမုဆိုးဖြစ်လေ၏။ ယာကုပ်ကား တဲ၌နေတတ်၍ စိတ်ကောင်းသောသူဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း သူငယ်တို့သည် ကြီးပြင်းလာသောအခါ ဧသောသည် တော၌ကျင်လည်သောမုဆိုးကောင်းဖြစ်၏။ ယာကုပ်မူကား လူရိုးလူအေးတစ်ယောက်ဖြစ်၍ တဲ၌နေလေ့ရှိ၏။ |
သူသည်ထာဝရဘုရားမစတော်မူခြင်းအား ဖြင့် အစွမ်းသတ္တိနှင့်ပြည့်စုံသောမုဆိုးဖြစ်ရ ကားလူတို့က``ထာဝရဘုရားသည်သင့်အား နိမ်ရောဒကဲ့သို့ အစွမ်းသတ္တိနှင့်ပြည့်စုံသော မုဆိုးကြီးဖြစ်ပါစေသော'' ဟုဆိုလေ့ရှိ ကြသည်။-
ဘုရားသခင်သည်သူငယ်နှင့်အတူရှိတော် မူ၏။ သူငယ်သည်လည်းကြီးထွား၍ပါရန်ဟု ခေါ်သောတောကန္တာရ၌နေထိုင်သဖြင့်ကျင် လည်သောမုဆိုးဖြစ်လာသည်။-
သင်သည်ကိုယ့်ဋ္ဌားဖြင့်အသက်မွေးရမည်။ သင်၏ညီအစေကိုခံရမည်။ သို့ရာတွင်သင်သည်ကြိုးပမ်းအားထုတ်လျှင်၊ သူ၏အချုပ်အနှောင်မှလွတ်မြောက်လိမ့်မည်'' ဟုဆိုလေ၏။
ကျွန်တော်မျိုးတို့သည်ဘိုးဘေးများလက်ထက် မှစ၍ ယနေ့အထိသိုးနွားများကိုမွေးမြူသူ များဖြစ်ကြပါသည်ဟုလျှောက်ရမည်။ သို့မှ သာလျှင်သင်တို့အားဂေါရှင်အရပ်၌နေထိုင် ခွင့်ပေးလိမ့်မည်'' ဟူ၍မှာကြားလေ၏။ အီဂျစ် အမျိုးသားတို့သည် သိုးထိန်းများကိုစက်ဆုတ် ရွံရှာကြသောကြောင့်ယောသပ်ကထိုသို့ပြော ခိုင်းခြင်းဖြစ်သည်။
နောဧအကြောင်းအရာကိုဖော်ပြပေအံ့။ နောဧတွင်ရှေမ၊ ဟာမနှင့်ယာဖက်ဟူ၍သား သုံးယောက်ရှိ၏။ သူသည်အပြစ်ကင်း၍ထိုခေတ် လူအပေါင်းတို့တွင် သူတစ်ယောက်တည်းသာ လျှင်သူတော်ကောင်းဖြစ်၏။ သူသည်ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့၍သက်ရှင်နေ ထိုင်၏။-
ယောဘအမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံသောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။
ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကိုဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာသူနှင့် တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။
ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်မိပြီလော။ မြေကြီးပေါ်မှာသူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူကိုပျက်စီးစေခြင်းငှါ သင်သည် ငါ့ကို တိုက်တွန်းသော်လည်း၊ သူသည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန်အား မိန့်တော်မူ၏။
သူတော်ကောင်းကိုကြည့်ရှုလော့။ ဖြောင့်မတ်သောသူကိုကြည့်ရှုဆင်ခြင်လော့။ ငြိမ်းချမ်းမှုကိုလိုလားသူတွင်သားမြေး အဆက်အနွယ်ထွန်းကား၏။
သူသည်အကျွန်ုပ်တို့အားအိမ်များကိုမ ဆောက်ကြရန်နှင့် လယ်များကိုမလုပ်ကြ ရန်သော်လည်းကောင်း၊ စပျစ်ဥယျာဉ်များ ကိုမစိုက်မပျိုး၊ မဝယ်မယူကြရန်သော် လည်းကောင်းမှာကြားထားပါသေး၏။ အ ကျွန်ုပ်တို့သည်သူစိမ်းတစ်ရံဆံအဖြစ်နှင့် နေထိုင်ရာပြည်တွင် ဆက်လက်နေထိုင်နိုင် ကြမည့်အကြောင်းတဲရှင်များတွင်သာ နေကြရန်ကိုလည်းမိန့်မှာခဲ့ပါ၏။-
ဘုရားသခင်ကတိထားတော်မူသောပြည် ၌ သူသည်တစ်ကျွန်းတစ်နိုင်ငံသားအဖြစ် ယုံကြည်ခြင်းအားဖြင့်နေထိုင်ခဲ့၏။ သူသည် မိမိနည်းတူကတိတော်ကိုခံစားရသူ ဣဇာက်၊ ယာကုပ်တို့ကဲ့သို့တဲရှင်ထိုး၍ နေလေသည်။-