ထိုနှုတ်ကပတ်တော်သည် ရှိသမျှသောဖန်ဆင်းခံတို့အား အသက်ကို ပေးတော်မူ၏။ ထိုအသက်သည် လူအပေါင်းတို့အတွက် အလင်းဖြစ်၏။
၁ ကော 15:45 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျမ်းစာ၌ “ပထမဆုံးလူအာဒံသည် အသက်ရှင်သောသူဖြစ်လာ၏” ဟု ရေးသားထား၏။ နောက်ဆုံးအာဒံသည် အသက်ရှင်စေသော ဝိညာဉ်ဖြစ်၏။ Common Language Bible ကျမ်းစာတော်တွင် ``ပထမလူအာဒံသည် အသက်ရှင်သောသတ္တဝါဖြစ်လာ၏'' ဟုဖော် ပြ၏။ နောက်ဆုံးဖြစ်သောအာဒံသည်ကား အသက်ရှင်စေတတ်သောဝိညာဉ်ဖြစ်၏။- Garrad Bible သို့ နှင့် အ ညီ ပ ထ မ လူ အာ ဒံ သည် အ သက် ရှင် သော ရူ ပ ဖြစ် သည် ဟု ကျမ်း ချက် ရှိ ရာ နောက် အာ ဒံ မူ ကား အ သက် ရှင် စေ သော နာမ်၀ိ ညာဉ် ဖြစ် ၏။ Judson Bible ကျမ်းစာလာသည်ကား၊ ရှေ့ဦးစွာသော လူအာဒံသည် အသက်ရှင်သော သတ္တဝါဖြစ်၏ဟု လာသတည်း။ ယခုတွင် နောက်ဆုံးဖြစ်သော အာဒံမူကား၊ အသက်ရှင်စေတတ်သော ဝိညာဉ်ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ကျမ်းစာ၌ “ပထမလူအာဒံသည် အသက်ရှင်သောသူဖြစ်လာ၏”ဟု ရေးထား၏။ နောက်ဆုံးအာဒံသည် အသက်ကိုရရှိစေသောဝိညာဉ်ဖြစ်၏။ |
ထိုနှုတ်ကပတ်တော်သည် ရှိသမျှသောဖန်ဆင်းခံတို့အား အသက်ကို ပေးတော်မူ၏။ ထိုအသက်သည် လူအပေါင်းတို့အတွက် အလင်းဖြစ်၏။
သူခိုးသည် ခိုးဝှက်ရန်၊ သတ်ဖြတ်ရန်နှင့် ဖျက်ဆီးရန်အတွက်သာ လာ၏။ ငါသည် သိုးတို့ကို အသက်ကို ရရှိစေရန်သာမက ထိုအသက်ကို ကြွယ်ဝပြည့်စုံစွာ ရရှိစေရန်လည်း လာ၏။
သူတို့အား ထာဝရအသက်ကို ငါပေးသဖြင့် သူတို့သည် သေခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်။ မည်သူမျှ သူတို့ကို ငါ့လက်မှ လုယူသွားနိုင်မည်မဟုတ်။
မကြာမီအချိန်တွင် လောကီသားတို့သည် ငါ့ကို မြင်ကြရတော့မည်မဟုတ်။ သို့သော် သင်တို့သည် ငါ့ကို မြင်ကြရလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။
ယေရှုက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။
ယေရှုက “သင့်အတွက် ဘုရားသခင်ပေးတော်မူမည့် လက်ဆောင်ကိုလည်းကောင်း၊ သင့်ထံမှ သောက်ရေကို တောင်းသောသူသည် မည်သူဖြစ်ကြောင်းကိုလည်းကောင်း သင်သိပါက သင်သည် ငါ့ထံမှ ရေကို တောင်းလိမ့်မည်။ ငါသည်လည်း အသက်ရေကို သင့်အား ပေးလိမ့်မည်” ဟု ဖြေတော်မူ၏။
ငါပေးသောရေကို သောက်သောသူမှာ မည်သည့်အခါမျှ ရေငတ်တော့မည်မဟုတ်။ ထိုရေသည် သူ့အတွင်း၌ အစဉ်စီးထွက်သော စမ်းရေဖြစ်၍ သူ့ကို ထာဝရအသက်ရှင်စေလိမ့်မည်” ဟု မိန့်တော်မူ၏။
ခမည်းတော်သည် သေလွန်သောသူတို့ကို ပြန်ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသောသူတို့ကို ရှင်စေ၏။
ဘုရားသခင်၏ စစ်မှန်သောမုန့်မှာ ကောင်းကင်မှ ဆင်းသက်လာ၍ လောကီသားတို့အား အသက်ကို ပေးသောမုန့်ဖြစ်၏” ဟု မိန့်တော်မူ၏။
ငါ့အသားကို စား၍ ငါ့အသွေးကို သောက်သောသူသည် ထာဝရအသက်ကို ရ၏။ နောက်ဆုံးသောနေ့၌ ထိုသူကို သေရာမှထမြောက်စေမည်။
အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူ၍ ငါသည် ခမည်းတော်ကြောင့် အသက်ရှင်၏။ ထိုကဲ့သို့ပင် ငါ့အသားကို စားသောသူသည် ငါ့ကြောင့် အသက်ရှင်လိမ့်မည်။
ဝိညာဉ်တော်ကသာ အသက်ရှင်စေ၏။ လူ့အားထုတ်မှုမှာမူ မည်သည့်အရာကိုမျှ မဖြစ်မြောက်စေနိုင်ပါ။ သင်တို့ကို ငါပြောသော စကားတို့သည် ဝိညာဉ်နှင့် အသက်ဖြစ်၏။
ရှိမုန်ပေတရုက “သခင်… အကျွန်ုပ်တို့သည် မည်သူ့ထံသို့ သွားရပါမည်နည်း။ ထာဝရအသက်ကို ပေးသောစကားသည် သခင့်ထံ၌သာရှိ၏။
သင်တို့သည် အသက်၏အရှင်သခင်ကို သတ်၍ ဘုရားသခင်သည် ထိုသခင်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူ၏။ ထိုသို့ ထမြောက်စေတော်မူသည်ကို ငါတို့သည် ကိုယ်တိုင်မြင်တွေ့ကြ၏။
လူတစ်ဦးဖြစ်သော အာဒံ၏အပြစ်ကြောင့် လူများစွာကို သေခြင်းတရားက အုပ်စိုးလျှင် လူတစ်ဦးဖြစ်သော ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ ကြွယ်ဝသောဆုကျေးဇူးတော်နှင့် ဖြောင့်မတ်ခြင်းဟူသော လက်ဆောင်ကို လက်ခံရရှိသူအပေါင်းတို့က အသက်ရှင်လျက် ပို၍ပင် အုပ်စိုးကြလိမ့်မည်။
ဤသို့ဖြင့် အပြစ်တရားသည် သေခြင်းတရားအားဖြင့် အုပ်စိုးခဲ့သကဲ့သို့ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ထာဝရအသက်ကို ရရှိစေရန် ဘုရားသခင်၏ ကျေးဇူးတော်သည်လည်း ဖြောင့်မတ်ခြင်းတရားအားဖြင့် အုပ်စိုးတော်မူ၏။
အဘယ်ကြောင့်ဆိုသော် အသက်ပေးပိုင်တော်မူသော ဝိညာဉ်တော်၏ တရားသည် ယေရှုခရစ်တော်အားဖြင့် သင့်ကို အပြစ်တရားနှင့် သေခြင်းတရား၏ လက်မှ လွတ်မြောက်စေသောကြောင့် ဖြစ်၏။
ကိုယ်တော်သည် အရာအားလုံးကို မိမိအာဏာစက်အောက်၌ ထားနိုင်စွမ်းရှိသောတန်ခိုးအားဖြင့် ကျွန်ုပ်တို့၏ လူ့ကိုယ်ခန္ဓာကို မိမိ၏ ဘုန်းအသရေနှင့် ပြည့်ဝသော ကိုယ်ခန္ဓာနှင့် တူစေရန် ပြောင်းလဲတော်မူလိမ့်မည်။
သင်တို့၏ အသက်ဖြစ်သော ခရစ်တော် ပြန်ကြွလာ၍ ထင်ရှားသောအခါ သင်တို့သည်လည်း ကိုယ်တော်နှင့်အတူ ဘုန်းကြီး၍ ထင်ရှားကြလိမ့်မည်။
ထိုသို့ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုနိုင်စေရန် ကျွန်ုပ်တို့၏အသိစိတ်ကို သေခြင်းသို့ ပို့ဆောင်ပေးသောအပြစ်မှ စင်ကြယ်စေရန်အတွက် ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ပူဇော်သည့် ခရစ်တော်၏အသွေးတော်သည် ပို၍သာလွန်သည် မဟုတ်ပါလော။
ဒုတိယကောင်းကင်တမန်သည် သူ၏ ဖလားကို ပင်လယ်ပေါ်သို့ သွန်းလောင်းလိုက်သောအခါ ရေသည် လူသေ၏ သွေးကဲ့သို့ ဖြစ်သွားပြီး ပင်လယ်၌ရှိသော သတ္တဝါအားလုံး သေကုန်လေ၏။
ကိုယ်တော်က “အမှုပြီးပြီ။ ငါသည် အာလဖာနှင့် အိုမီဂါ၊ အစဦးဆုံးသောသူနှင့် နောက်ဆုံးသောသူဖြစ်၏။ ရေငတ်သောသူအား အသက်စမ်းရေကို အခမဲ့ ငါပေးမည်။
ထိုအခါ ကောင်းကင်တမန်သည် ကျောက်သလင်းကဲ့သို့ ကြည်လင်သည့် အသက်ရေစီးသောမြစ်ကို ကျွန်ုပ်အား ပြ၏။ ထိုမြစ်သည် ဘုရားသခင်နှင့် သိုးသငယ်တော်၏ ရာဇပလ္လင်မှ စီးထွက်၍
ဝိညာဉ်တော်နှင့် သတို့သမီးတို့က “ကြွပါ” ဟု ဖိတ်ခေါ်ကြ၏။ ကြားသောသူတိုင်းကလည်း “ကြွပါ” ဟု ဖိတ်ခေါ်ပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ ယူပါစေ။