သူသည် မျိုးစေ့ကြဲပြီးနောက် နေ့နှင့်ညအလျောက် အိပ်လျက်၊ ထလျက်နေစဉ် မျိုးစေ့သည် အပင်ပေါက်၍ ကြီးထွားလေ၏။ သို့သော် မည်သို့ပေါက်၍ ကြီးထွားသည်ကို သူမသိ။
၁ ကော 15:37 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မျိုးစေ့ကို မြေ၌ သင်စိုက်ပျိုးသောအခါ နောင်ဖြစ်လာမည့် အပင်ကိုယ်ထည်တစ်ခုလုံးကို စိုက်ပျိုးသည်မဟုတ်ပါ။ ဂျုံ၊ သို့မဟုတ် အစေ့သက်သက်ကိုသာ စိုက်ပျိုး၏။ Common Language Bible မြေတွင်သင်စိုက်သောအရာသည်ဂျုံစေ့ သို့မဟုတ်အခြားမျိုးစေ့တစ်မျိုးမျိုးဖြစ် မည်။ နောင်အခါပေါက်လာသည့်အပင်မဟုတ်။- Garrad Bible သင် စိုက် သည် မှာ လည်း ဂျုံ မျိုး ဖြစ် စေ၊ အ ခြား မျိုး ဖြစ် စေ၊ ဖြစ် လ တ္တံ သော ခ န္ဓာ ကို မ ဟုတ်၊ အ စေ့ မျှ ကို စိုက် ရာ။ Judson Bible ထိုမှတစ်ပါး မျိုးစေ့ကို စိုက်သောအခါ၊ နောက်ဖြစ်လတ္တံ့သော ကိုယ်ကို မစိုက်၊ ဂျုံစပါးဖြစ်စေ၊ အခြားသောစပါးဖြစ်စေ၊ အစေ့သက်သက်ကို စိုက်တတ်၏။- မြန်မာ့စံမီသမ္မာကျမ်း သင်စိုက်ပျိုးသောအရာသည်လည်း နောက်ဖြစ်လာမည့်ကိုယ်ထည်ကို စိုက်ပျိုးသည်မဟုတ်ဘဲ ဂျုံ၊ သို့မဟုတ် အခြားသီးနှံ၏အစေ့သက်သက်ကိုသာ စိုက်ပျိုး၏။ |
သူသည် မျိုးစေ့ကြဲပြီးနောက် နေ့နှင့်ညအလျောက် အိပ်လျက်၊ ထလျက်နေစဉ် မျိုးစေ့သည် အပင်ပေါက်၍ ကြီးထွားလေ၏။ သို့သော် မည်သို့ပေါက်၍ ကြီးထွားသည်ကို သူမသိ။
အို လူမိုက်… သင်စိုက်ပျိုးသော မျိုးစေ့သည် မပျက်လျှင် အပင်အဖြစ် ပေါက်လာမည်မဟုတ်။
ဘုရားသခင်သည် အလိုတော်ရှိသည့်အတိုင်း ထိုအစေ့အား ကိုယ်ထည်ကို ပေးတော်မူ၏။ မျိုးစေ့တစ်စေ့စီအား အမျိုးအစားအလိုက် ကိုယ်ထည်ကို ပေးတော်မူ၏။
သို့သော် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သုံ့ပန်းများအဖြစ် သတ်မှတ်ပြီး ခရစ်တော်၏အောင်ပွဲခံအခမ်းအနား လှည့်လည်ရာတွင် လိုက်ပါစေတော်မူ၏။ ခရစ်တော်ကို သိကျွမ်းခြင်း၏ မွှေးရနံ့ကိုလည်း ကျွန်ုပ်တို့အားဖြင့် အရပ်ရပ်တို့၌ ပျံ့နှံ့စေတော်မူ၏။