ဖြောင့်မတ်ခြင်းကို ငတ်မွတ်တောင့်တသောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် အလိုဆန္ဒပြည့်စုံကြရမည်ဖြစ်သောကြောင့်ပင်။
၁ ကော 12:31 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ သင်တို့သည် ပို၍ မြတ်သော ဆုကျေးဇူးများကို အလွန်လိုချင်သောစိတ် ရှိကြလော့။ ယခုတွင်မူ ကျွန်ုပ်သည် သင်တို့အား အမြတ်ဆုံးသောလမ်းကို ပြဦးမည်။ Common Language Bible သို့ဖြစ်၍သင်တို့သည်ပို၍မြတ်သည့်ဆု ကျေးဇူးများကိုစွဲလမ်းကြလော့။ သို့ရာတွင်အမြတ်ဆုံးသောဆုကျေးဇူး ကိုငါဖော်ပြမည်။ Garrad Bible သို့ ရာ တွင် ထူး မြတ် သော ဆု ကျေး ဇူး တော် များ ကို စွဲ လမ်း ကြ လော့။ Judson Bible သင်တို့သည် အမြတ်ဆုံးသော ဆုကျေးဇူးတော်တို့ကို အလွန်အလိုရှိကြသည်တွင်၊ သာ၍မြတ်သော လမ်းကို ငါပြဦးမည်။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့မူကား ပို၍မြတ်သောဆုကျေးဇူးတို့ကို အလွန်လိုချင်သောစိတ်ရှိကြလော့။ ငါသည် သင်တို့အား သာ၍ထူးမြတ်သောလမ်းကို ပြဦးမည်။ |
ဖြောင့်မတ်ခြင်းကို ငတ်မွတ်တောင့်တသောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် အလိုဆန္ဒပြည့်စုံကြရမည်ဖြစ်သောကြောင့်ပင်။
လိုအပ်သောအရာ တစ်ခုတည်းရှိ၏။ မာရိသည် ထိုကောင်းမြတ်သောအရာကို ရွေးချယ်ပြီ။ ထိုအရာကို သူ့ထံမှ မည်သူမျှ မယူဆောင်နိုင်ပါ” ဟု ပြန်၍ မိန့်တော်မူ၏။
ကျွန်ုပ်သည် လူဘာသာစကားများနှင့် ကောင်းကင်တမန်ဘာသာစကားများကို ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် ဆူညံသောမောင်း သို့မဟုတ် မြည်ဟည်းနေသောလင်းကွင်းကဲ့သို့သာ ဖြစ်၏။
ချစ်ခြင်းမေတ္တာတရားကို ကြိုးစား၍ ကျင့်သုံးကြလော့။ ဝိညာဉ်ဆုကျေးဇူးများကိုလည်း အလွန်လိုချင်သောစိတ် ရှိကြလော့။ အထူးသဖြင့် ပရောဖက်ပြုဟောပြောနိုင်သောဆုကျေးဇူးကို လိုချင်သောစိတ် ရှိကြလော့။
ထို့ကြောင့် ချစ်သော ညီအစ်ကိုမောင်နှမတို့… ပရောဖက်ပြုဟောပြောနိုင်စွမ်းကို အလွန်လိုချင်သောစိတ် ရှိကြလော့။ အခြားဘာသာစကားပြောခြင်းကိုလည်း မတားမြစ်ကြနှင့်။
ရုပ်တုများအား ပူဇော်သည့်အစားအစာနှင့်ပတ်သက်၍ “ကျွန်ုပ်တို့အားလုံး၌ အသိပညာရှိသည်” ဟူ၍ကျွန်ုပ်တို့သိထားကြ၏။ သို့သော် အသိပညာသည် လူကို မာနထောင်လွှားစေတတ်၏။ ချစ်ခြင်းမေတ္တာမှာမူ တည်ဆောက်ပေးတတ်၏။
ထိုမျှမက ကျွန်ုပ်၏ သခင်ယေရှုခရစ်တော်ကို ရင်းနှီးကျွမ်းဝင်ရခြင်း၏ ကြီးမားသည့်တန်ဖိုးနှင့်ယှဉ်လျှင် အရာအားလုံးကို အရှုံးဟူ၍ မှတ်ယူ၏။ ခရစ်တော်အတွက်ကြောင့် အရာအားလုံးကို အရှုံးခံ၍ ၎င်းတို့ကို မစင်ကဲ့သို့ မှတ်ယူ၏။ ဤအရာမှာ ခရစ်တော်ကို ရရှိရန်နှင့်
အာဗေလသည် ကာဣနထက် ပို၍ မြတ်သောယဇ်ကို ဘုရားသခင်အား ယုံကြည်ခြင်းဖြင့် ပူဇော်၏။ ဘုရားသခင်သည် အာဗေလ၏ အလှူကို နှစ်သက်လက်ခံတော်မူပြီး အာဗေလသည် ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူခြင်းခံရ၏။ အာဗေလသည် ကွယ်လွန်သော်လည်း ထိုယုံကြည်ခြင်းစံနမူနာဖြင့် ကျွန်ုပ်တို့အား ဟောပြောနေဆဲဖြစ်၏။