အခြားယုံကြည်သောသူတစ်ယောက်သည် သင်စားသောအစာကြောင့် စိတ်အနှောင့်အယှက်ဖြစ်လျှင် သင်သည် မေတ္တာတရားဖြင့် အသက်ရှင်နေထိုင်ရာ မကျတော့ပေ။ ထိုသူအတွက် ခရစ်တော်အသေခံပေးတော်မူခဲ့သည်ဖြစ်ရာ သင်စားသောအစားအစာကြောင့် သူ့ကို မပျက်စီးစေနှင့်။
၁ ကော 10:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အကယ်၍ တစ်စုံတစ်ယောက်က ဤအစားအစာသည် ရုပ်တုကို ပူဇော်ထားသောအရာဖြစ်၏ဟု ပြောလျှင် ထိုသို့ပြောသောသူအတွက်လည်းကောင်း၊ အသိစိတ်ကိုလည်းကောင်း ငဲ့ရမည်ဖြစ်သောကြောင့် မစားကြနှင့်။ Common Language Bible သို့ရာတွင်လူတစ်စုံတစ်ယောက်က``ဤအရာ သည်ယဇ်ပူဇော်သောအသားဖြစ်သည်'' ဟု ဆိုပါမူယင်းသို့ပြောဆိုသူကိုလည်းကောင်း၊ သြတ္တပ္ပစိတ်ကိုလည်းကောင်းထောက်၍ထို အသားကိုမစားကြနှင့်။- Garrad Bible သို့ ရာ တွင် တစ် ဦး တစ် ယောက် က ဤ ကား ပူ ဇော် ပြီး အ သား ဟု ဆို လျှင် ကိုယ် သြ တ္တ ပ္ပ စိတ် အ တွက် မ ဟုတ်၊ ထို သို့ ဖော် ပြ သူ နှင့် ၎င်း သြ တ္တ ပ္ပ စိတ် အ တွက် မ စား ဘဲ နေ ကြ လော့။ အ ဘယ့် ကြောင့် ငါ့ လွတ် ခြင်း အ ခွင့် သည် သူ တစ် ထူး ၏ သြ တ္တ ပ္ပ စိတ် စီ ရင် ခြင်း ခံ ထိုက် မည် နည်း။ Judson Bible သို့သော်လည်း ဤမည်သောအရာသည် ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ဖြစ်၏ဟု တစ်စုံတစ်ယောက် သောသူဆိုလျှင်၊ ထိုသို့ဆိုသောသူ၏ မျက်နှာကိုလည်းကောင်း၊ ဩတ္တပ္ပစိတ်ကိုလည်းကောင်း၊ ထောက်၍ မစားကြနှင့်။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် တစ်စုံတစ်ယောက်က “ဤအရာသည် ရုပ်တုအားပူဇော်ထားသောအရာဖြစ်သည်”ဟု သင်တို့ကိုဆိုခဲ့လျှင် ထိုသို့ဆိုသောသူအတွက်လည်းကောင်း၊ အသိစိတ်အတွက်လည်းကောင်း ထိုအရာကိုမစားကြနှင့်။ |
အခြားယုံကြည်သောသူတစ်ယောက်သည် သင်စားသောအစာကြောင့် စိတ်အနှောင့်အယှက်ဖြစ်လျှင် သင်သည် မေတ္တာတရားဖြင့် အသက်ရှင်နေထိုင်ရာ မကျတော့ပေ။ ထိုသူအတွက် ခရစ်တော်အသေခံပေးတော်မူခဲ့သည်ဖြစ်ရာ သင်စားသောအစားအစာကြောင့် သူ့ကို မပျက်စီးစေနှင့်။
အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “ဤကမ္ဘာလောကနှင့် ကမ္ဘာပေါ်၌ ရှိသမျှသောအရာတို့ကို ထာဝရဘုရား ပိုင်တော်မူ၏” ဟု ဖော်ပြထားသောကြောင့် ဖြစ်၏။
သို့သော် ယုံကြည်သူတိုင်း၌ ထိုအသိပညာရှိသည်မဟုတ်ချေ။ အချို့သောသူတို့သည် ရုပ်တုကိုးကွယ်သည့် အလေ့အထရှိခဲ့သောကြောင့် ရုပ်တုအား ပူဇော်ထားသောအစားအစာကို စားသောအခါ စစ်မှန်သောနတ်ဘုရားများ၏အစားအစာကို စားသည်ဟု ထင်မှတ်ဆဲဖြစ်ကြ၏။ သို့ဖြစ်၍ စားသောအခါ သူတို့၏ အသိစိတ်သည် အားနည်းသောကြောင့် ထိုအစာက သူတို့အား ညစ်ညူးစေသည်ဟု ထင်မှတ်ကြ၏။
သို့သော်လည်း သင်တို့၏ လွတ်လပ်မှုသည် အသိစိတ်အားနည်းသူတို့အတွက် ထိမိ၍ လဲစရာ မဖြစ်စေရန် သတိပြုကြလော့။