ကိုယ်တော်သည် စင်ကြယ်စေခြင်းခံရသောသူတို့အား တစ်ခုတည်းသော ပူဇော်စရာဖြင့် ထာဝရပြီးပြည့်စုံစေတော်မူ၏။
ဟေဗြဲ 10:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအပြစ်တို့ကို ခွင့်လွှတ်တော်မူပြီးသောအခါ အပြစ်ဖြေခြင်းအတွက် ပူဇော်စရာမလိုအပ်တော့ပေ။ Common Language Bible ဤသို့အပြစ်များဖြေလွှတ်ခွင့်ရရှိကြသော အခါ အပြစ်ဖြေရာပူဇော်သကာများကိုဆက် သရန်လိုတော့မည်မဟုတ်ပေ။ Garrad Bible ဖြေ လွှတ် ခွင့် ရှိ ရာ၌ အ ပြစ် အ တွက် ဆက် ကပ် မှု ပြု ရ တော့ သည် မ ဟုတ်။ Judson Bible ထိုအပြစ်တို့ကို လွှတ်ပြီးလျှင် နောက်တစ်ဖန် အပြစ်ဖြေသော ပူဇော်သကာကို ပြုစေရာအကြောင်းမရှိ။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးရှိသည့်နေရာတွင် အပြစ်အတွက်ပူဇော်သက္ကာမလိုအပ်တော့ပေ။ |
ကိုယ်တော်သည် စင်ကြယ်စေခြင်းခံရသောသူတို့အား တစ်ခုတည်းသော ပူဇော်စရာဖြင့် ထာဝရပြီးပြည့်စုံစေတော်မူ၏။
ထို့ပြင် ဘုရားသခင်က “ငါသည် သူတို့၏ ဒုစရိုက်များနှင့် အပြစ်များကို မေ့ပစ်မည်” ဟူ၍ မိန့်တော်မူ၏။
ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့သည် ယေရှု၏ အသွေးတော်အားဖြင့် သန့်ရှင်းရာဌာနတော်သို့ ယုံကြည်စိတ်ချစွာ ဝင်နိုင်၏။
အကယ်၍သာ ထိုသို့တတ်နိုင်လျှင် ဝတ်ပြုသူတို့ကို တစ်ကြိမ်တည်းနှင့်အပြီး စင်ကြယ်စေနိုင်ပြီး အပြစ်ရှိနေသေးသည်ဟု မခံစားရတော့သဖြင့် သူတို့သည် ထပ်မံ၍ ယဇ်မပူဇော်ဘဲ နေကြတော့မည်မဟုတ်လော။