လုကာ 6:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုက “လူသားသည် ဥပုသ်နေ့၏အရှင်သခင်ဖြစ်သည်” ဟု မိန့်တော်မူ၏။ Common Language Bible လူသားသည်ဥပုသ်နေ့၏အရှင်ဖြစ်သည်'' ဟုမိန့်တော်မူ၏။ Garrad Bible လူ့ သား သည် ဥ ပုသ် နေ့၏ အ ရှင် ဖြစ် သည် ဟူ၍ လည်း ကောင်း မိန့် တော် မူ၏။ Judson Bible ထိုမှတစ်ပါး၊ လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း “လူ့သားသည် ဥပုသ်နေ့၏အရှင်သခင်ဖြစ်၏”ဟု မိန့်တော်မူ၏။ မြန်မာ ထိုမှတစ်ပါး၊ လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ၏။ |
ထိုစဉ် မိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
သူသည် ဘုရားသခင်၏အိမ်တော်အတွင်းသို့ ဝင်လျက် ယဇ်ပုရောဟိတ်များမှအပ အခြားမည်သူမျှ စားခွင့်မရှိသည့် သန့်ရှင်းသောမုန့်ကို ယူ၍ စား၏။ ထို့ပြင် သူ၏အပေါင်းအဖော်များကိုလည်း ပေး၏” ဟု မိန့်တော်မူ၏။
အခြားသောဥပုသ်နေ့တစ်နေ့တွင် ယေရှုသည် ဂျူးဝတ်ပြုဆောင်သို့ဝင်၍ သွန်သင်တော်မူ၏။ ထိုနေရာ၌ လက်ယာလက်သေသောသူတစ်ဦး ရှိ၏။
ကျွန်ုပ်သည် သခင်ဘုရားနေ့တွင် ကျွန်ုပ်အပေါ် ဝိညာဉ်တော်သက်ရောက်လာသဖြင့် ကျွန်ုပ်သည် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ကျွန်ုပ်နောက်၌ ကြားရ၏။