တစ်ဖန် ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ ခရီးထွက်မည့် လူတစ်ဦးသည် မိမိ၏ အစေခံများကို ခေါ်၍ သူ၏ ဥစ္စာပစ္စည်းများကို အပ်လေ၏။
လုကာ 20:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုက လူတို့အား ပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “လူတစ်ဦးသည် စပျစ်ခြံကို စိုက်ပျိုးကာ စပျစ်ခြံလုပ်သားတို့အား ငှားရမ်းပြီးမှ အခြားတိုင်းပြည်သို့ အချိန်ကြာမြင့်စွာ သွားရောက်နေထိုင်လေ၏။ Common Language Bible ထို့နောက်ကိုယ်တော်သည်လူတို့အားဤပုံ ဥပမာကိုမိန့်ကြားတော်မူ၏။ ကိုယ်တော် က ``လူတစ်ယောက်သည်စပျစ်ဥယျာဉ်တစ် ခုကိုစိုက်ပျိုး၍သီးစားချ၏။ ထိုနောက် နိုင်ငံရပ်ခြားသို့ကာလအတော်ကြာ သွား၍နေ၏။- Garrad Bible ထို နောက် လူ ပ ရိ သတ် အား ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ လူ တစ် ဦး သည် စ ပျစ် ဥ ယျာဉ် စိုက် ပျိုး လျက် ဥ ယျာဉ် သ မား တို့ အား အ ငှား ချ ထား ပြီး နောက် အ ခြား ပြည် သို့ ကာ လ ရှည် စွာ သွား နေ ၏။ Judson Bible ထိုအခါ ပရိသတ်တို့အား မိန့်တော်မူသော ဥပမာကား၊ လူတစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုးပြီးမှ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှား၍ အခြားသောပြည်သို့ ကြာမြင့်စွာ သွားနေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် လူတို့အား ဤပုံဥပမာကိုပေး၍မြွက်ဆိုတော်မူသည်မှာ“လူတစ်ဦးသည် စပျစ်ခြံကိုစိုက်ပျိုး၍ ခြံသမားတို့အားငှားရမ်းပြီးလျှင် ကာလအတန်ကြာခရီးထွက်လေ၏။ မြန်မာ ထိုအခါ ပရိသတ်တို့အား မိန့်တော်မူသော ဥပမာကား၊ လူတစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုးပြီးမှ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှား၍ အခြားသောပြည်သို့ ကြာမြင့်စွာ သွားနေ၏။- |
တစ်ဖန် ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ ခရီးထွက်မည့် လူတစ်ဦးသည် မိမိ၏ အစေခံများကို ခေါ်၍ သူ၏ ဥစ္စာပစ္စည်းများကို အပ်လေ၏။
ယေရှုက “မင်းသားတစ်ပါးသည် ရှင်ဘုရင်အရာကို ခံယူပြီးပြန်လာရန် ဝေးသောတိုင်းပြည်သို့ သွားလေ၏။
စပျစ်သီးဆွတ်ချိန် ရောက်သောအခါ အစေခံတစ်ဦးကို စပျစ်ခြံလုပ်သားများထံသို့ စေလွှတ်၍ စပျစ်သီးတချို့ကို တောင်းစေ၏။ သို့သော် စပျစ်ခြံလုပ်သားများက ထိုအစေခံကို ရိုက်နှက်၍ လက်ချည်းဗလာ ပြန်လွှတ်လိုက်ကြ၏။
ယေရှုက “ငါသည်လည်း မည်သည့်အခွင့်အာဏာဖြင့် ဤအခြင်းအရာများကို လုပ်ဆောင်နေကြောင်း သင်တို့အားမပြောနိုင်” ဟု မိန့်တော်မူ၏။