“ယခု မွေးဖွားလာသော ဂျူးရှင်ဘုရင်သည် အဘယ်မှာရှိသနည်း။ ထိုအရှင်၏ကြယ် ထွက်ပေါ်လာသည်ကို ကျွန်ုပ်တို့တွေ့မြင်ရသောကြောင့် ထိုအရှင်ကို ဖူးမြော်ရန် ရောက်လာကြပါသည်” ဟု မေးမြန်းပြောဆိုကြ၏။
လုကာ 19:38 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “ထာဝရဘုရား၏အမည်နာမနှင့် ကြွလာသောရှင်ဘုရင်သည် မင်္ဂလာရှိပါစေသော။” “ကောင်းကင်ဘုံတွင် ငြိမ်းချမ်းခြင်းရှိ၍ အမြင့်ဆုံးသောအရပ်တွင် ဘုန်းကြီးတော်မူပါစေသော” ဟု ကြွေးကြော်ကြ၏။ Common Language Bible ထိုသူတို့က ``ထာဝရဘုရား၏နာမတော်နှင့် ကြွလာသောဘုရင်သည်မင်္ဂလာရှိတော်မူစေ သတည်း။ ကောင်းကင်ဘုံတွင်ငြိမ်သက်ခြင်းရှိ စေသတည်း။ ဘုရားသခင်သည်ဘုန်းကြီးတော်မူ စေသတည်း'' ဟုကြွေးကြော်ကြ၏။ Garrad Bible ထာ ဝ ရ ဘု ရား နာ မ တော် နှင့် ကြွ လာ တော် မူ သော အ ရှင်၌ မင်္ဂ လာ ရှိ ပါ စေ သော။ ကောင်း ကင် ဘုံ တွင် ငြိမ် သက် ခြင်း၊ ဘ ဝဂ် ပေါ် တွင် ဘုန်း ကြီး ခြင်း တည် စေ သ တည်း ဟု ကြွေး ကြော် ကြ ကုန် ၏။ Judson Bible ထာဝရဘုရား၏ အခွင့်နှင့်ကြွလာတော်မူသောရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေ သတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်းဟု ကြွေးကြော်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း “ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသောရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်၌ ငြိမ်သက်ခြင်းရှိ၍ အမြင့်ဆုံးသောအရပ်၌ ဘုန်းကြီးတော်မူစေသတည်း”ဟု ကြွေးကြော်ကြ၏။ မြန်မာ ထာဝရဘုရား၏ အခွင့်နှင့်ကြွလာတော်မူသောရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေ သတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်းဟု ကြွေးကြော်ကြ၏။- |
“ယခု မွေးဖွားလာသော ဂျူးရှင်ဘုရင်သည် အဘယ်မှာရှိသနည်း။ ထိုအရှင်၏ကြယ် ထွက်ပေါ်လာသည်ကို ကျွန်ုပ်တို့တွေ့မြင်ရသောကြောင့် ထိုအရှင်ကို ဖူးမြော်ရန် ရောက်လာကြပါသည်” ဟု မေးမြန်းပြောဆိုကြ၏။
ယေရှုရှေ့တော်နှင့် နောက်တော်တွင် လိုက်ပါသောလူထုတို့က “ဒါဝိဒ်မင်း၏ သားတော်ကို ချီးမွမ်းကြပါစေသော။ ထာဝရဘုရား၏ အမည်နာမနှင့် ကြွလာသောအရှင်သည် မင်္ဂလာရှိပါစေသော။ အမြင့်ဆုံးသော ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြပါစေသော” ဟု ကြွေးကြော်ကြ၏။
ထို့နောက် ရှင်ဘုရင်က သူ၏ လက်ယာတော်ဘက်၌ ရှိသောသူတို့အား ‘ငါ့ခမည်းတော်၏ ကောင်းချီးမင်္ဂလာကို ခံစားရသူတို့… လာကြလော့။ ကမ္ဘာတည်ကတည်းကပင် သင်တို့အဖို့ ပြင်ဆင်ထားသော နိုင်ငံတော်ကို အမွေဆက်ခံကြလော့။
ရှင်ဘုရင်ကလည်း ‘သင်တို့အား ငါအမှန်ဆို၏။ ငါ၏ ညီအစ်ကိုမောင်နှမများထဲမှ အသေးနုပ်ဆုံးသောသူအား သင်တို့ပြုစုကြသမျှသည် ငါ့အား ပြုစုခြင်းပင်ဖြစ်သည်’ ဟု ပြန်၍ မိန့်တော်မူလိမ့်မည်။
ကြည့်လော့။ သင်တို့အိမ်သည် စွန့်ပစ်ထားခြင်းခံရလိမ့်မည်။ သင်တို့အား ငါပြောဆိုသည်မှာ ‘ထာဝရဘုရား၏အမည်နာမနှင့် ကြွလာသောအရှင်သည် မင်္ဂလာရှိပါစေသော’ ဟူ၍ သင်တို့မကြွေးကြော်မီအထိ သင်တို့သည် ငါ့ကို မည်သည့်အခါမျှ မြင်ရလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ ကျွန်ုပ်တို့သည် ယုံကြည်၍ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောကြောင့် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်လုပ်ဆောင်ပေးခဲ့သောအမှုအားဖြင့် ဘုရားသခင်နှင့် ငြိမ်းချမ်းမှုကို ရရှိကြပြီ။
ဤသည်မှာ ခရစ်တော်ကို ဦးစွာ မျှော်လင့်ထားခဲ့သော ဂျူးလူမျိုး ဖြစ်သည့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းကြရန် ဖြစ်၏။
ထို့ကြောင့် ချစ်တော်မူသော သားတော်အားဖြင့် ကျွန်ုပ်တို့ကို ရက်ရောစွာ ပေးသနားတော်မူသည့် ဘုန်းကြီးသောကျေးဇူးတော်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချီးမွမ်းကြရမည်ဖြစ်၏။
ဤသို့ပြုခြင်းသည် ကောင်းကင်အရပ်ရှိ အုပ်ချုပ်သူများနှင့် အာဏာရှိသူများက အဘက်ဘက်၌ ပြည့်စုံသော ဘုရားသခင်၏ ပညာတော်ကို အသင်းတော်မှတစ်ဆင့် သိမြင်လာကြစေရန် ဖြစ်၏။
အသင်းတော်၌ မြင်တွေ့ရသော သူ၏ ကြီးမြတ်မှုကြောင့်လည်းကောင်း၊ ယေရှုခရစ်တော်လုပ်ဆောင်သောအမှုကြောင့်လည်းကောင်း ကမ္ဘာအဆက်ဆက် ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။
လက်ဝါးကပ်တိုင်၌ သွန်းသော သားတော်၏သွေးတော်ဖြင့် ရန်ကို ငြိမ်းစေ၍ ကောင်းကင်ဘုံ၌ရှိသော အရာဖြစ်စေ၊ မြေကြီးပေါ်၌ရှိသော အရာဖြစ်စေ အရာအားလုံးကို မိမိနှင့် ပြန်လည်သင့်မြတ်စေရန် အလိုရှိတော်မူ၏။
ထာဝရဘုရင်ဖြစ်တော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ လူ့မျက်စိဖြင့် မမြင်နိုင်သော၊ တစ်ဆူတည်းသော ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဂုဏ်သရေ၊ ဘုန်းသရေ ရှိတော်မူပါစေသော။ အာမင်။
သူတို့စူးစမ်းသောအရာများသည် သူတို့ကိုယ်တိုင်အတွက်မဟုတ်ဘဲ သင်တို့အတွက်ဖြစ်ကြောင်း သူတို့အား ဘုရားသခင်ဖော်ပြတော်မူ၏။ သင်တို့အား သတင်းကောင်းကို ဟောပြောသောသူတို့သည် ကောင်းကင်ဘုံမှ စေလွှတ်တော်မူခြင်းခံရသည့် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးဖြင့် ဤအရာများကို ပြောကြ၏။ ကောင်းကင်တမန်များပင်လျှင် ဤအရာများကို သိရှိနားလည်လိုကြ၏။