ပရောဖက်ဟေရှာယက “တောကန္တာရ၌ လူတစ်ဦး ကြွေးကြော်လျက်နေသည်မှာ ‘ထာဝရဘုရားကြွလာမည့်လမ်းတော်ကို အသင့်ပြင်ဆင်ကြလော့။ ထိုအရှင်၏လမ်းတော်ကို ဖြောင့်ဖြူးစေကြလော့’ ဟူ၍ ဖြစ်၏” ဟု ဟောပြောရာတွင် ဤယောဟန်ကို ဆိုလို၏။
ရှင်ယောဟန် 3:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘ငါသည် ခရစ်တော်မဟုတ်။ ခရစ်တော်၏ ရှေ့တော်ပြေးသာ ဖြစ်သည်’ ဟု ရှင်းလင်းစွာ ငါပြောသည်ကို သင်တို့သိကြ၏။ Common Language Bible ငါသည်မေရှိယမဟုတ်။ ထိုအရှင်၏ရှေ့တော် ပြေးမျှသာဖြစ်၏။ ယင်းသို့ဖြစ်ကြောင်းသင် တို့အား ငါပြောကြားခဲ့သည်ကိုသင်တို့ ကိုယ်တိုင်ပင်သက်သေဖြစ်ကြ၏။- Garrad Bible ငါသည် ခရစ်တော်မဟုတ်။ ရှေ့တော်ကစေလွှတ်လိုက်သောသူဖြစ်သည်ဟု ငါပြောခဲ့ကြောင်း သင်တို့ကိုယ်တိုင်သက်သေခံဖြစ်ကြ၏။ Judson Bible ခရစ်တော်ရှေ့၌ စေလွှတ်သောသူဖြစ်သည်ဟု ငါဆိုသည်ကို သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ‘ငါသည် ခရစ်တော်မဟုတ်။ သူ့ရှေ့၌စေလွှတ်ခြင်းခံရသူသာဖြစ်သည်’ဟု ငါပြောခဲ့ကြောင်း သင်တို့ကိုယ်တိုင် ငါ၏သက်သေများဖြစ်ကြ၏။ မြန်မာ ခရစ်တော်ရှေ့၌ စေလွှတ်သောသူဖြစ်သည်ဟု ငါဆိုသည်ကို သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏။- |
ပရောဖက်ဟေရှာယက “တောကန္တာရ၌ လူတစ်ဦး ကြွေးကြော်လျက်နေသည်မှာ ‘ထာဝရဘုရားကြွလာမည့်လမ်းတော်ကို အသင့်ပြင်ဆင်ကြလော့။ ထိုအရှင်၏လမ်းတော်ကို ဖြောင့်ဖြူးစေကြလော့’ ဟူ၍ ဖြစ်၏” ဟု ဟောပြောရာတွင် ဤယောဟန်ကို ဆိုလို၏။
အို သူငယ်… သင်သည် အမြင့်မြတ်ဆုံးသောဘုရားသခင်၏ပရောဖက်ဟု အခေါ်ခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်သည် ခရစ်တော်ကြွလာရာလမ်းကို ပြင်ဆင်ပေးရမည့်သူဖြစ်၏။
ယောဟန်က “ငါသည် ပရောဖက်ဟေရှာယ ဟောသည့်အတိုင်း ‘ထာဝရဘုရား၏ လမ်းခရီးတော်ကို ဖြောင့်ဖြူးအောင် ပြုပြင်ကြလော့’ ဟူ၍ တောကန္တာရတွင် ကြွေးကြော်သောသူ၏အသံ ဖြစ်၏” ဟု ဆိုလေ၏။
“သင်သည် ခရစ်တော်လည်းမဟုတ်၊ ဧလိယလည်းမဟုတ်၊ ထိုပရောဖက်လည်းမဟုတ်လျှင် အဘယ်ကြောင့် နှစ်ခြင်းမင်္ဂလာပေးသနည်း” ဟု မေးကြပြန်၏။
ထိုအရှင်သည် ငါ့နောက်တွင် ကြွလာမည့်အရှင်ဖြစ်သော်လည်း ထိုအရှင်၏ ဖိနပ်ကြိုးကို ဖြေရန်ပင် ငါသည် မထိုက်တန်ပါ” ဟု ဆို၏။