ထိုမိန်းကလေးသည်လည်း မိခင်၏တိုက်တွန်းချက်ဖြင့် “နှစ်ခြင်းဆရာယောဟန်၏ ဦးခေါင်းကို လင်ပန်းတွင်တင်၍ ပေးတော်မူပါ” ဟု တောင်းဆိုလေ၏။
ရှင်မာကု 6:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုမိန်းကလေးသည် သွား၍ “မည်သည့်အရာကို တောင်းရမည်နည်း” ဟု မိခင်အား မေးရာ မိခင်က “နှစ်ခြင်းဆရာယောဟန်၏ ဦးခေါင်းကို တောင်းလော့” ဟု ဆို၏။ Common Language Bible သူငယ်မသည်မင်းကြီး၏ထံမှထွက်သွားကာ မိခင်အား ``ကျွန်မသည်အဘယ်အရာကို တောင်းခံရပါမည်နည်း'' ဟုမေး၏။ မိခင်က ``ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကိုတောင်း လော့'' ဟုဆို၏။ Garrad Bible ထို အ ခါ သူ ငယ် မ ထွက် သွား၍ မည် သည့် အ ရာ တောင်း ရ မည် ကို မယ် တော့် ထံ မေး ရာ ဗ တ္တိ ဇံ ဆ ရာ ယော ဟန် ၏ ဦး ခေါင်း ဟု ပြန် ဆို လျှင် ဆို ချင်း၊ Judson Bible ထိုမိန်းမငယ်သည် ထွက်၍ အဘယ်အရာကို တောင်းရမည်နည်းဟု သူ၏အမိကိုမေးလျှင် အမိက၊ ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကို တောင်းလော့ဟု ပြန်ဆိုသော်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မိန်းကလေးသည်ထွက်သွား၍ “မည်သည့်အရာကို တောင်းရပါမည်နည်း”ဟု မိမိ၏မိခင်အားမေးလေရာ မိခင်က “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်း”ဟု ဆို၏။ မြန်မာ ထိုမိန်းမငယ်သည် ထွက်၍ အဘယ်အရာကို တောင်းရမည်နည်းဟု သူ၏အမိကိုမေးလျှင် အမိက၊ ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကို တောင်းလော့ဟု ပြန်ဆိုသော်၊- |
ထိုမိန်းကလေးသည်လည်း မိခင်၏တိုက်တွန်းချက်ဖြင့် “နှစ်ခြင်းဆရာယောဟန်၏ ဦးခေါင်းကို လင်ပန်းတွင်တင်၍ ပေးတော်မူပါ” ဟု တောင်းဆိုလေ၏။
ဟေရုဒ်မင်းက “နိုင်ငံတစ်ဝက်တိုင်အောင် သင်တောင်းသမျှကို ငါပေးမည်” ဟု ကျိန်ဆိုလေ၏။
မိန်းကလေးသည်လည်း ဟေရုဒ်မင်းထံ အလျင်အမြန်ပြန်လာ၍ “နှစ်ခြင်းဆရာယောဟန်၏ ဦးခေါင်းကို လင်ပန်းတွင်တင်၍ ယခုပင် ပေးစေလိုပါသည်” ဟု တောင်းဆိုလေ၏။