ရှင်မာကု 12:39 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂျူးဝတ်ပြုဆောင်တွင် အထူးနေရာများ၌လည်းကောင်း၊ ဧည့်ခံပွဲများတွင်လည်း အထူးခုံများ၌လည်းကောင်း ထိုင်လိုကြ၏။ Common Language Bible တရားဇရပ်များတွင်သီးသန့်ထားသောနေရာ များကိုလည်းကောင်း၊ ပွဲသဘင်များတွင်အကောင်း ဆုံးသောနေရာထိုင်ခင်းများကိုလည်းကောင်းနှစ် သက်ကြ၏။- Garrad Bible ထို သူ တို့ သည် ဝတ် လုံ ဆင် လျက် သွား လာ ခြင်း၊ စျေး များ တွင် နှုတ် ဆက် ခံ ခြင်း ဓ မ္မာ ရုံ များ ပွဲ လမ်း သ ဘင် များ တွင် မြင့် မြတ် သော နေ ရာ၌ ထိုင် ခြင်း ကို အ လို ရှိ သည့် ပြင်၊ Judson Bible ပွဲသဘင်၊ တရားဇရပ်တို့၌ မြင့်မြတ်သော နေရာထိုင်ရာကိုလည်းကောင်း နှစ်သက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဝတ်ပြုစည်းဝေးကျောင်းများ၌ အထူးထိုင်ခုံများကိုလည်းကောင်း၊ စားသောက်ပွဲများ၌ အထူးနေရာများကိုလည်းကောင်း နှစ်သက်ကြ၏။ မြန်မာ ပွဲသဘင်၊ တရားဇရပ်တို့၌ မြင့်မြတ်သော နေရာထိုင်ရာကိုလည်းကောင်း နှစ်သက်ကြ၏။- |
ဧည့်ခံပွဲများတွင်လည်း အထူးခုံ၌လည်းကောင်း၊ ဂျူးဝတ်ပြုဆောင်တွင် အထူးနေရာများ၌လည်းကောင်း ထိုင်လိုကြ၏။
ထိုသို့ သွန်သင်တော်မူပြီးနောက် အခြားအကြောင်းအရာများကိုလည်း ထပ်၍ မိန့်တော်မူသည်မှာ “ကျမ်းတတ်ဆရာများကို သတိပြုကြလော့။ သူတို့သည် ဝတ်ရုံရှည်များကို ဝတ်ဆင်၍ လည်ပတ်သွားလာလိုကြ၏။ ဈေးအရပ်တို့တွင် လူတို့၏ ရိုသေစွာ နှုတ်ဆက်ခြင်းကို ခံလိုကြ၏။
မုဆိုးမတို့၏ အိမ်များကို မတရားသိမ်းယူတတ်ပြီး ရှည်လျားစွာဆုတောင်းခြင်းဖြင့် ဘာသာရေးကိုင်းရှိုင်းသကဲ့သို့ ဟန်ဆောင်တတ်ကြ၏။ သူတို့သည် ပို၍ ကြီးလေးသောပြစ်ဒဏ်ကို ခံရကြလိမ့်မည်” ဟု မိန့်တော်မူ၏။