ရှင်မာကု 12:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် သူတို့သည် ကိုယ်တော်၏ စကားတော်ထဲတွင် ဖမ်းဆီးရနိုင်သည့် အမှားမျိုးကို ရှာရန် ဖာရိရှဲတချို့နှင့် ဟေရုဒ်ဘက်တော်သားများကို ကိုယ်တော်ထံသို့ စေလွှတ်ကြ၏။ Common Language Bible ထိုနောက်သူတို့သည်ဖာရိရှဲအချို့နှင့် ဟေရုဒ် ပါတီဝင်အချို့တို့ကိုအထံတော်သို့စေလွှတ် ကြ၏။- Garrad Bible ထို သူ တို့ စေ လွှတ် သည့် အ တိုင်း ကိုယ် တော် ကို စ ကား အား ဖြင့် ကျော့ မိ ရန် ဖာ ရိ ရှဲ တို့ နှင့် ဟေ ရုဒ် မင်း ဘက် တော် သား အ ချို့ တို့ ရောက် ကြ သော်၊ Judson Bible တစ်ဖန် စကားတော်ကို ချောင်းမြောင်း၍ အပြစ်ပြုခွင့်ကိုရခြင်းငှာ ဖာရိရှဲတို့နှင့် ဟေရုဒ်တပည့်အချို့တို့ကို အထံတော်သို့ စေလွှတ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့သည် နှုတ်တော်ထွက်စကားအားဖြင့် ကိုယ်တော်ကိုအပြစ်ရှာနိုင်ရန် ဖာရိရှဲနှင့်ဟေရုဒ်၏လူအချို့တို့ကို အထံတော်သို့စေလွှတ်ကြ၏။ မြန်မာ တစ်ဖန် စကားတော်ကို ချောင်းမြောင်း၍ အပြစ်ပြုခွင့်ကိုရခြင်းငှာ ဖာရိရှဲတို့နှင့် ဟေရုဒ်တပည့်အချို့တို့ကို အထံတော်သို့ စေလွှတ်ကြ၏။- |
ထိုသူတို့သည် ကိုယ်တော်ထံသို့ လာ၍ “ဆရာတော်… ဆရာတော်သည် ဖြောင့်မှန်သောသူဖြစ်ပြီး မျက်နှာမလိုက်တတ်ကြောင်း ကျွန်ုပ်တို့သိကြပါ၏။ ဆရာတော်သည် လူ့မျက်နှာကို မထောက်ဘဲ ဘုရားသခင်၏တရားလမ်းအား မှန်ကန်စွာ သွန်သင်တတ်ပါ၏။ ဆီဇာဘုရင်ကို အခွန်ပေးဆောင်ခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော။
ဖာရိရှဲတို့သည် ထွက်သွား၍ ကိုယ်တော်ကို သတ်ရန် မည်သို့လုပ်ကြံရမည်ကို ဟေရုဒ်ဘက်တော်သားများနှင့် ချက်ချင်းတိုင်ပင်ကြ၏။
ကိုယ်တော်က “ဖာရိရှဲတို့၏ တဆေးနှင့် ဟေရုဒ်မင်း၏ တဆေးကိုသတိထားကြလော့” ဟု သတိပေးတော်မူ၏။